/
news/ကျန်းမာရေး-ဆိုင်ရာဗဟုသုတများ/စင်ကာပူနိုင်ငံရဲ့-ဒုတိယမြောက်-ကိုရိုနာဗိုင်းရပ်စ်လူနာ-ms-jiang-ရဲ့

စင်ကာပူနိုင်ငံရဲ့ ဒုတိယမြောက် ကိုရိုနာဗိုင်းရပ်စ်လူနာ Ms Jiang ရဲ့ အတွေ့အကြုံ

Category
ကျန်းမာရေး ဆိုင်ရာဗဟုသုတများ

၅၃ နှစ်အရွယ် Ms Jiang က ဇန်နဝါရီလ ၂၁ ရက်နေ့မှာ သူမရဲ့သမီးနဲ့အတူ ဝူဟန်မှ စင်ကာပူကို အလည်အပတ် ရောက်ရှိလာတာ ဖြစ်ပါတယ်။ လေယာဉ်စီးနေစဉ်မှာ ဘာလက္ခဏာမှ မပြခဲ့ပါဘူး။ စင်ကာပူကို ရောက်တဲ့ နေ့လယ်ခင်းလောက်မှာ စပြီး ဖျားတာ၊ ချောင်းဆိုးတာ၊ ချမ်းတုန်တာတွေကို စတင်ခံစားလာရပါတယ်။ နောက်ရက်မှာ ဆေးရုံကို သွားပြခဲ့ပြီး နောက်ပိုင်းမှာတော့ ကူးစက်ရောဂါဌာနမှာ သီးခြားခွဲထားခံရပါတယ်။
ဆရာဝန်က သူမကို စစ်ဆေး၊ ဓာတ်မှန်ရိုက်ပြီးတဲ့နောက်မှာ ကိုရိုနာဗိုင်းရပ်စ်ပိုး ရှိနေပြီး အဆုတ်ယောင်နေတယ်လို့ ပြောပြခဲ့တဲ့အချိန်မှာ သူမဟာ လုံးဝမယုံကြည်နိုင်ခဲ့ပါဘူး။ “ ရိုးရိုးအအေးပတ်တာပဲ ထင်နေခဲ့တာ၊ အရင်ကလည်း ဒီလို ခဏခဏ ဖြစ်နေကျပဲလေ “ လို့ ပြောပြခဲ့ပါတယ်။ သူမရဲ့သမီးကတော့ ရောဂါ ကူးစက်ခံရခြင်း မရှိပါဘူး။
ဆေးရုံမှာနေစဉ်လည်း ကျန်းမာရေးဝန်ထမ်းတွေက ဂရုစိုက်ကြသလို သူမမှာ နဂို ဆီးချိုနဲ့ သွေးတိုးရောဂါအခံ ရှိနေတာမို့ ဒီအတွက်ကိုပါ စစ်ဆေးပေးကြတယ်၊ နိုင်ငံခြားသား ဖြစ်နေပေမယ့်လည်း အစစအရာရာ အဆင်ပြေအောင် လုပ်ပေးလို့  ကျေးဇူးတင်နေပါတယ်လို့ ဆိုပါတယ်။
သူမဟာ သာမန် မိခင်တစ်ယောက်ဖြစ်ပေမယ့် ဒီရောဂါကို သတ္တိရှိရှိနဲ့ ကျော်ဖြတ်နိုင်ခဲ့ပါတယ်။ လူတိုင်းဟာလည်း ဒီကိစ္စကို သင်ခန်းစာယူကြပြီး သဘာဝတရားကြီးကို လေးစားကြပါ။ သတ္တဝါတွေကို ကြီးကြီး ငယ်ငယ် မေတ္တာထားပါ။ လူသားတွေနဲ့ သတ္တဝါတွေကြားမှာ စည်းတစ်ခုလည်း ထားကြပါလို့ သူမက တိုက်တွန်းပါတယ်။
 Ms Jiang ဟာ ရောဂါပိုးကင်းစင်သွားပြီနောက် ဖေဖော်ဝါရီ (၇) ရက်နေ့မှာပဲ ဆေးရုံက ပေးဆင်းလိုက်ပြီး အိမ်ပြန်နိုင်မယ့်ရက်ကို စောင့်နေပါတယ်။

Dr. Htar (www.drmyanmar.com)