/
news/ကျန်းမာရေး-ဆိုင်ရာဗဟုသုတများ/ခုခံအားက-သေချာပေါက်-အရေးကြီးပါတယ်

ခုခံအားက သေချာပေါက် အရေးကြီးပါတယ်

Category
ကျန်းမာရေး ဆိုင်ရာဗဟုသုတများ

ကိုယ့်ဘေးပတ်ဝန်းကျင်ကို ကြည့်လိုက်မယ်ဆိုရင် တချို့တွေက သူများထက်ကို ထူးထူးခြားခြား ပိုဖျားနာတတ်ကြတာကို တွေ့ရပါလိမ့်မယ်။ ဘာကြောင့်များလဲ တွေးမိကြပါသလား။ ခုခံအားစနစ်ကြောင့်ပေါ့။ လူတစ်ယောက်နဲ့တစ်ယောက် ခုခံအားမတူညီကြပါဘူး။ သက်ကြီးရွယ်အိုတွေနဲ့ ကလေးလေးတွေမှာဆိုရင် ခုခံအားစနစ်က ပိုအားနည်းတာမို့ မကြာမကြာ ဖျားနာတတ်ကြပါတယ်။
ခုခံအားဆိုတာ ရောဂါပိုးမွှားတွေကို တားဆီးပေးပြီး ရောဂါဘယတွေမဖြစ်အောင် ကာကွယ်ပေးထားတဲ့ ခံတပ်ကြီးပေါ့။
ရုတ်တရက် ရာသီဥတုပြောင်းလဲတာ၊ အပူလှိုင်းအအေးလှိုင်းတွေက ခုခံအားစနစ်ကို လျော့နည်းစေနိုင်ပါတယ်။ အအေးလေးဝင်လာပြီဆိုတာနဲ့ အသက်ရှူလမ်းကြောင်း ရောဂါတွေဖြစ်တဲ့ အအေးမိ၊ နှာစေး၊ ချောင်းဆိုးလေးက စလာပါပြီ။

>> ခုခံအားစနစ်က ဗိုင်းရပ်စ်ပိုးတွေကို ဘယ်လိုတိုက်ခိုက်ကြသလဲ?
အရေပြားနဲ့ တံတွေးဟာ ခန္ဓာကိုယ်က တခြားတစ်သျှူးတွေလိုပဲ  ရောဂါပိုးမွှားတွေ မဝင်ရောက်လာနိုင်အောင် အဓိကတားဆီးပေးတဲ့ ခုခံအားစနစ်တစ်ခုပါ။ ခန္ဓာကိုယ်ရဲ့ဆဲလ်တချို့ဟာ ရောဂါဝင်နိုင်တဲ့နေရာ ဥပမာ - အနာဖြစ်တဲ့နေရာတွေကိုသွားပြီး ပိုးတွေကို တိုက်ခိုက်နိုင်သလို တချို့ဆဲလ်တွေက တစ်သျှူးတစ်မျိုးမျိုးထဲမှာနေနေပြီး ခုခံအားစနစ်ကို စောင့်ကြည့်ပြုပြင်ပေး၊ အနာကျက်အောင် ကူညီပေးကြပါတယ်။
ဒီလို ခုခံအားစနစ်က ခန္ဓာကိုယ်ကို ကာကွယ်ဖို့အတွက် စွမ်းအင်တွေ အများကြီးလိုအပ်ပါတယ်။ တစ်ကိုယ်လုံး ပင်ပန်းနုံးချိနေတာ၊ ညောင်းကိုက်နေတာ၊ အပူတွေများနေတာ၊ ဂလင်းကျိတ်တွေ ရောင်နေတာတွေဟာ ခုခံအားစနစ်က တစ်ခုခုကို တိုက်ခိုက်နေတဲ့လက္ခဏာရပ်တွေပါပဲ။

>>  ခုခံအားစနစ်ကို တိုးမြှင့်ပါ။
ခုခံအားစနစ်ကောင်းလာစေဖို့ လူနေမှုပုံစံတွေ၊ စားသောက်ပုံတွေ ပြောင်းလဲပေးနိုင်ပါတယ်။

၁။  မနက်စာ စားပါ။
ကျန်းမာရေးနဲ့ညီညွတ်တဲ့ မနက်စာမစားခြင်းဟာ သွေးတွင်းအချိုဓာတ်ကိုကျစေပြီး စိတ်ဖိစီးမှုကို များစေနိုင်ပါတယ်။ ခန္ဓာကိုယ်ကို ဖိစီးမှုအနေအထားမှာ အဆင်သင့်ရှိစေတာကြောင့် ခုခံအားစနစ်ကို ကျဆင်းစေနိုင်ပါတယ်။

၂။  ဗီတာမင် C ကြွယ်ဝသော အစားအစာများကို စားပေးပါ။
ဗီတာမင် C က ကိုယ်ခံစွမ်းအားစနစ်ကို များစွာအထောက်အကူ ဖြစ်စေပါတယ်။ ဒါ့ကြောင့် ဗီတာမင် C ပါဝင်တဲ့ အစားအသောက်တွေဖြစ်တဲ့ ပန်းဂေါ်ဖီစိမ်းနှင့် အစိမ်းရောင်ရှိတဲ့ ဟင်းသီးဟင်းရွက်များ၊ ငရုပ်ပွအနီ/ အစိမ်း၊ ခရမ်းချဉ်သီး၊ နာနတ်သီး၊ ကီဝီသီး၊ လိမ္မော်သီးတို့ကို နေ့စဉ်စားသောက်တဲ့ အစားအသောက်ထဲမှာ တစ်မျိုးမဟုတ် တစ်မျိုးပါဝင်အောင် စားပေးပါ။ တကယ်လို့ ပုံမှန်မစားဖြစ်ရင်လည်း Enervon-C လိုမျိုး ဗီတာမင် C ပါဝင်တဲ့ အားဆေးတစ်မျိုးမျိုးကို သောက်သုံးပေးလို့ရပါတယ်။

၃။  ဇင့်ပါဝင်သော အစားအစာများ စားပေးပါ။
ဇင့်ကို ခန္ဓာကိုယ်ရဲ့ဆဲလ်တိုင်းမှာ တွေ့နိုင်ပြီး ဆဲလ်တွေ ကျန်းကျန်းမာမာနဲ့ ကြီးထွားအလုပ်လုပ်နိူင်ဖို့ အရေးပါပါတယ်။ ဇင့်ဟာ ခန္ဓာကိုယ်ထဲက ထောင်နဲ့ချီတဲ့ ပရိုတင်းဓာတ်တွေနဲ့ ချိတ်ဆက်ပြီး အင်ဇိုင်းအလုပ်ပေါင်း ၃ဝဝ လောက်မှာ ပါဝင်ပတ်သက်နေပါတယ်။ အနာကျက်နှုန်းကိုမြန်စေပြီး သိုင်းရွိုက်လုပ်ငန်းဆောင်တာ၊ အူလမ်းကြောင်းကျန်းမာရေး၊ သွေးခဲမှု၊ အမြင်အာရုံနဲ့ အနံ့အာရုံတွေအတွက် အရေးပါပါတယ်။

Enervon-C Adult 1

၄။  အူလမ်းကြောင်းကို ကျန်းမာအောင်ထားပါ။
လေ့လာမှုတွေအရ ကောင်းတဲ့ဘက်တီးရီးယားထက် မကောင်းတဲ့ဘက်တီးရီးယားတွေ ပိုများနေပြီဆိုရင် ခုခံအားစနစ်တွေ အားနည်းလာနိုင်ပါတယ်။ အစာချေစနစ်လက္ခဏာတွေဖြစ်တဲ့ အစာမကြေ၊ အက်ဆစ်ပြန်ဆန်တက်တဲ့ရောဂါတွေနဲ့ အူလမ်းကြောင်းနံရံတွေ မလုံတဲ့ပြဿနာတွေကလည်း ခုခံအားစနစ်ကို ထိခိုက်လာနိုင်တာပေါ့။

၅။  လက်ဖက်ရည်ကြမ်းလေး သောက်ပေးပါ။
လက်ဖက်ရည်စိမ်းတို့၊ အိုလောင်းတီးတို့မှာ ဓာတ်တိုးဆန့်ကျင်ပစ္စည်းတစ်မျိုးဖြစ်တဲ့ flavonoids တွေကို တိုးစေနိုင်ပါတယ်။ လက်ဖက်ရည်ကြမ်းထဲပါတဲ့ polyphenol ဟာ ခန္ဓာကိုယ်ကို ဓာတ်တိုးဆန့်ကျင်ပစ္စည်းတွေရန်ကနေ ကာကွယ်ပေးနိုင်လာပါတယ်။

၆။  အိပ်ရေးဝဝအိပ်ပါ။
ခန္ဓာကိုယ်ဟာ အိပ်နေစဉ်မှာ ဆဲလ်တွေကို ပြန်လည်ပြုပြင်ပါတယ်။ အိပ်ရေးကောင်းကောင်းမဝတဲ့အခါ ဒီဖြစ်စဉ်ကို ထိခိုက်လာနိုင်ပြီး ခုခံအားစနစ်ကို လျော့နည်းလာစေနိုင်ပါတယ်။

၇။  နေရောင်ခံပါ။
နေရောင်နဲ့ အရေပြားနဲ့ ထိတွေ့တဲ့အခါ အရေပြားက ဗီတာမင်ဒီကို ထုတ်လုပ်ပါတယ်။ ဗီတာမင်ဒီဟာ ကိုယ်ခံအားကောင်းစေပြီး ကင်ဆာဆဲလ်တွေဖြစ်ပေါ်မှုကို တားဆီးတဲ့အပြင် နှလုံးကျန်းမာရေးအတွက်လည်း အရေးပါပါတယ်။

၈။  လေ့ကျင့်ခန်းလုပ်ပါ။
လေ့ကျင့်ခန်းလုပ်တဲ့အခါ ဓာတ်တိုးဆန့်ကျင်ပစ္စည်းနဲ့ သွေးဖြူဥတွေမှာ ပြောင်းလဲမှုတွေ ဖြစ်ပေါ်လာတတ်ပါတယ်။ ဒီပဋိပစ္စည်းတွေနဲ့ သွေးဖြူဥတွေဟာ လေ့ကျင့်ခန်းလုပ်တဲ့အခါ ပိုပြီးလည်ပတ်မှု ကောင်းလာပါတယ်။ ဒါကြောင့် ရောဂါဘယတွေကို စောစောစီးစီးရှာတွေ့နိုင်ပါတယ်။

၉။  ဆေးလိပ်ဖြတ်ပါ။
ဆေးလိပ်ဖြတ်ခြင်းကြောင့် သွေးလည်ပတ်မှုကို ကောင်းစေနိုင်ခြင်း၊ သွေးတွင်းအောက်စီဂျင်ပမာဏကို ကောင်းစေခြင်း၊ အရောင်ကျစေခြင်း စတဲ့ ကောင်းကျိုးတွေကို ရရှိစေနိုင်ပါတယ်။

Dr. Mya Phoo Ngon (www.drmyanmar.com)

Enervon-C Adult 2

(Zawgyi)

ကိုယ့္ေဘးပတ္ဝန္းက်င္ကို ၾကည့္လိုက္မယ္ဆိုရင္ တခ်ိဳ႕ေတြက သူမ်ားထက္ကို ထူးထူးျခားျခား ပိုဖ်ားနာတတ္ၾကတာကို ေတြ႕ရပါလိမ့္မယ္။ ဘာေၾကာင့္မ်ားလဲ ေတြးမိၾကပါသလား။ ခုခံအားစနစ္ေၾကာင့္ေပါ့။ လူတစ္ေယာက္နဲ႔တစ္ေယာက္ ခုခံအားမတူညီၾကပါဘူး။ သက္ႀကီးရြယ္အိုေတြနဲ႔ ကေလးေလးေတြမွာဆိုရင္ ခုခံအားစနစ္က ပိုအားနည္းတာမို႔ မၾကာမၾကာ ဖ်ားနာတတ္ၾကပါတယ္။
ခုခံအားဆိုတာ ေရာဂါပိုးမႊားေတြကို တားဆီးေပးၿပီး ေရာဂါဘယေတြမျဖစ္ေအာင္ ကာကြယ္ေပးထားတဲ့ ခံတပ္ႀကီးေပါ့။
႐ုတ္တရက္ ရာသီဥတုေျပာင္းလဲတာ၊ အပူလႈိင္းအေအးလႈိင္းေတြက ခုခံအားစနစ္ကို ေလ်ာ့နည္းေစႏိုင္ပါတယ္။ အေအးေလးဝင္လာၿပီဆိုတာနဲ႔ အသက္ရႉလမ္းေၾကာင္း ေရာဂါေတြျဖစ္တဲ့ အေအးမိ၊ ႏွာေစး၊ ေခ်ာင္းဆိုးေလးက စလာပါၿပီ။

>> ခုခံအားစနစ္က ဗိုင္းရပ္စ္ပိုးေတြကို ဘယ္လိုတိုက္ခိုက္ၾကသလဲ?
အေရျပားနဲ႔ တံေတြးဟာ ခႏၶာကိုယ္က တျခားတစ္သွ်ဴးေတြလိုပဲ  ေရာဂါပိုးမႊားေတြ မဝင္ေရာက္လာႏိုင္ေအာင္ အဓိကတားဆီးေပးတဲ့ ခုခံအားစနစ္တစ္ခုပါ။ ခႏၶာကိုယ္ရဲ႕ဆဲလ္တခ်ိဳ႕ဟာ ေရာဂါဝင္ႏိုင္တဲ့ေနရာ ဥပမာ - အနာျဖစ္တဲ့ေနရာေတြကိုသြားၿပီး ပိုးေတြကို တိုက္ခိုက္ႏိုင္သလို တခ်ိဳ႕ဆဲလ္ေတြက တစ္သွ်ဴးတစ္မ်ိဳးမ်ိဳးထဲမွာေနေနၿပီး ခုခံအားစနစ္ကို ေစာင့္ၾကည့္ျပဳျပင္ေပး၊ အနာက်က္ေအာင္ ကူညီေပးၾကပါတယ္။
ဒီလို ခုခံအားစနစ္က ခႏၶာကိုယ္ကို ကာကြယ္ဖို႔အတြက္ စြမ္းအင္ေတြ အမ်ားႀကီးလိုအပ္ပါတယ္။ တစ္ကိုယ္လုံး ပင္ပန္းႏုံးခ်ိေနတာ၊ ေညာင္းကိုက္ေနတာ၊ အပူေတြမ်ားေနတာ၊ ဂလင္းက်ိတ္ေတြ ေရာင္ေနတာေတြဟာ ခုခံအားစနစ္က တစ္ခုခုကို တိုက္ခိုက္ေနတဲ့လကၡဏာရပ္ေတြပါပဲ။

>>  ခုခံအားစနစ္ကို တိုးျမႇင့္ပါ။
ခုခံအားစနစ္ေကာင္းလာေစဖို႔ လူေနမႈပုံစံေတြ၊ စားေသာက္ပုံေတြ ေျပာင္းလဲေပးႏိုင္ပါတယ္။

၁။  မနက္စာ စားပါ။
က်န္းမာေရးနဲ႔ညီၫြတ္တဲ့ မနက္စာမစားျခင္းဟာ ေသြးတြင္းအခ်ိဳဓာတ္ကိုက်ေစၿပီး စိတ္ဖိစီးမႈကို မ်ားေစႏိုင္ပါတယ္။ ခႏၶာကိုယ္ကို ဖိစီးမႈအေနအထားမွာ အဆင္သင့္ရွိေစတာေၾကာင့္ ခုခံအားစနစ္ကို က်ဆင္းေစႏိုင္ပါတယ္။

၂။  ဗီတာမင္ C ႂကြယ္ဝေသာ အစားအစာမ်ားကို စားေပးပါ။
ဗီတာမင္ C က ကိုယ္ခံစြမ္းအားစနစ္ကို မ်ားစြာအေထာက္အကူ ျဖစ္ေစပါတယ္။ ဒါ့ေၾကာင့္ ဗီတာမင္ C ပါဝင္တဲ့ အစားအေသာက္ေတြျဖစ္တဲ့ ပန္းေဂၚဖီစိမ္းႏွင့္ အစိမ္းေရာင္ရွိတဲ့ ဟင္းသီးဟင္းရြက္မ်ား၊ င႐ုပ္ပြအနီ/ အစိမ္း၊ ခရမ္းခ်ဥ္သီး၊ နာနတ္သီး၊ ကီဝီသီး၊ လိေမၼာ္သီးတို႔ကို ေန႔စဥ္စားေသာက္တဲ့ အစားအေသာက္ထဲမွာ တစ္မ်ိဳးမဟုတ္ တစ္မ်ိဳးပါဝင္ေအာင္ စားေပးပါ။ တကယ္လို႔ ပုံမွန္မစားျဖစ္ရင္လည္း Enervon-C လိုမ်ိဳး ဗီတာမင္ C ပါဝင္တဲ့ အားေဆးတစ္မ်ိဳးမ်ိဳးကို ေသာက္သုံးေပးလို႔ရပါတယ္။

၃။  ဇင့္ပါဝင္ေသာ အစားအစာမ်ား စားေပးပါ။
ဇင့္ကို ခႏၶာကိုယ္ရဲ႕ဆဲလ္တိုင္းမွာ ေတြ႕ႏိုင္ၿပီး ဆဲလ္ေတြ က်န္းက်န္းမာမာနဲ႔ ႀကီးထြားအလုပ္လုပ္ႏိူင္ဖို႔ အေရးပါပါတယ္။ ဇင့္ဟာ ခႏၶာကိုယ္ထဲက ေထာင္နဲ႔ခ်ီတဲ့ ပ႐ိုတင္းဓာတ္ေတြနဲ႔ ခ်ိတ္ဆက္ၿပီး အင္ဇိုင္းအလုပ္ေပါင္း ၃ဝဝ ေလာက္မွာ ပါဝင္ပတ္သက္ေနပါတယ္။ အနာက်က္ႏႈန္းကိုျမန္ေစၿပီး သိုင္း႐ိြဳက္လုပ္ငန္းေဆာင္တာ၊ အူလမ္းေၾကာင္းက်န္းမာေရး၊ ေသြးခဲမႈ၊ အျမင္အာ႐ုံနဲ႔ အနံ႔အာ႐ုံေတြအတြက္ အေရးပါပါတယ္။

၄။  အူလမ္းေၾကာင္းကို က်န္းမာေအာင္ထားပါ။
ေလ့လာမႈေတြအရ ေကာင္းတဲ့ဘက္တီးရီးယားထက္ မေကာင္းတဲ့ဘက္တီးရီးယားေတြ ပိုမ်ားေနၿပီဆိုရင္ ခုခံအားစနစ္ေတြ အားနည္းလာႏိုင္ပါတယ္။ အစာေခ်စနစ္လကၡဏာေတြျဖစ္တဲ့ အစာမေၾက၊ အက္ဆစ္ျပန္ဆန္တက္တဲ့ေရာဂါေတြနဲ႔ အူလမ္းေၾကာင္းနံရံေတြ မလုံတဲ့ျပႆနာေတြကလည္း ခုခံအားစနစ္ကို ထိခိုက္လာႏိုင္တာေပါ့။

၅။  လက္ဖက္ရည္ၾကမ္းေလး ေသာက္ေပးပါ။
လက္ဖက္ရည္စိမ္းတို႔၊ အိုေလာင္းတီးတို႔မွာ ဓာတ္တိုးဆန႔္က်င္ပစၥည္းတစ္မ်ိဳးျဖစ္တဲ့ flavonoids ေတြကို တိုးေစႏိုင္ပါတယ္။ လက္ဖက္ရည္ၾကမ္းထဲပါတဲ့ polyphenol ဟာ ခႏၶာကိုယ္ကို ဓာတ္တိုးဆန႔္က်င္ပစၥည္းေတြရန္ကေန ကာကြယ္ေပးႏိုင္လာပါတယ္။

၆။  အိပ္ေရးဝဝအိပ္ပါ။
ခႏၶာကိုယ္ဟာ အိပ္ေနစဥ္မွာ ဆဲလ္ေတြကို ျပန္လည္ျပဳျပင္ပါတယ္။ အိပ္ေရးေကာင္းေကာင္းမဝတဲ့အခါ ဒီျဖစ္စဥ္ကို ထိခိုက္လာႏိုင္ၿပီး ခုခံအားစနစ္ကို ေလ်ာ့နည္းလာေစႏိုင္ပါတယ္။

၇။  ေနေရာင္ခံပါ။
ေနေရာင္နဲ႔ အေရျပားနဲ႔ ထိေတြ႕တဲ့အခါ အေရျပားက ဗီတာမင္ဒီကို ထုတ္လုပ္ပါတယ္။ ဗီတာမင္ဒီဟာ ကိုယ္ခံအားေကာင္းေစၿပီး ကင္ဆာဆဲလ္ေတြျဖစ္ေပၚမႈကို တားဆီးတဲ့အျပင္ ႏွလုံးက်န္းမာေရးအတြက္လည္း အေရးပါပါတယ္။

၈။  ေလ့က်င့္ခန္းလုပ္ပါ။
ေလ့က်င့္ခန္းလုပ္တဲ့အခါ ဓာတ္တိုးဆန႔္က်င္ပစၥည္းနဲ႔ ေသြးျဖဴဥေတြမွာ ေျပာင္းလဲမႈေတြ ျဖစ္ေပၚလာတတ္ပါတယ္။ ဒီပဋိပစၥည္းေတြနဲ႔ ေသြးျဖဴဥေတြဟာ ေလ့က်င့္ခန္းလုပ္တဲ့အခါ ပိုၿပီးလည္ပတ္မႈ ေကာင္းလာပါတယ္။ ဒါေၾကာင့္ ေရာဂါဘယေတြကို ေစာေစာစီးစီးရွာေတြ႕ႏိုင္ပါတယ္။

၉။  ေဆးလိပ္ျဖတ္ပါ။
ေဆးလိပ္ျဖတ္ျခင္းေၾကာင့္ ေသြးလည္ပတ္မႈကို ေကာင္းေစႏိုင္ျခင္း၊ ေသြးတြင္းေအာက္စီဂ်င္ပမာဏကို ေကာင္းေစျခင္း၊ အေရာင္က်ေစျခင္း စတဲ့ ေကာင္းက်ိဳးေတြကို ရရွိေစႏိုင္ပါတယ္။

Dr. Mya Phoo Ngon (www.drmyanmar.com)