/
news/ကျန်းမာရေး-ဆိုင်ရာဗဟုသုတများ/ခန္ဓာကိုယ်ရဲ့-ဘယ်လိုနေရာတွေမှာ-ကြွက်သားဒဏ်ဖြစ်တတ်သလဲ

ခန္ဓာကိုယ်ရဲ့ ဘယ်လိုနေရာတွေမှာ ကြွက်သားဒဏ်ဖြစ်တတ်သလဲ

Category
ကျန်းမာရေး ဆိုင်ရာဗဟုသုတများ

ကြွက်သားဒဏ်ဖြစ်တာက မကြာခဏ ထိခိုက်မိတဲ့ ကြွက်သား၊ အရွတ်၊ အဆစ် စတာတွေမှာ ဖြစ်လေ့ရှိပြီး များသောအားဖြင့် ပုခုံး၊ တံတောင်၊ လက်ကောက်ဝတ် စတဲ့နေရာတွေမှာ တွေ့ရတတ်ပါတယ်။

ခန္ဓာကိုယ်ရဲ့ အခြားဖြစ်တတ်တဲ့ နေရာတွေကတော့ -

>>လက်နဲ့ လက်ကောက်ဝတ်

1.         လက်ကောက်ဝတ်မှာရှိတဲ့ carpel tunnel ခေါ် လိုဏ်ခေါင်းထဲ ဖြတ်သွားတဲ့ အာရုံကြောတစ်ကြော ထိခိုက်မိတာကြောင့် ဖြစ်တတ်ပါတယ်။ (Carpel tunnel syndrome)

2.         လက်ကောက်ဝတ် အရွတ်နာခြင်း

 

>>တံတောင်ဆစ်

1.         Golfer’s elbow လို့ခေါ်တဲ့ ဂေါက်ရိုက်သူတွေမှာ အတွေ့များတဲ့ဒဏ် (တံတောင်မှာရှိတဲ့ medial epicondyle အတက်ကလေးမှာတွယ်နေတဲ့ အရွတ်ရောင်ခြင်း)

2.         Tennis elbow လို့ခေါ်တဲ့ တင်းနစ်ရိုက်သူတွေမှာအတွေ့များတဲ့ဒဏ် (တံတောင်မှာရှိတဲ့ lateral epicondyle အတက်ကလေးမှာတွယ်နေတဲ့ အရွတ်ရောင်ခြင်း)

 

>>ပခုံး

1.         ပခုံးမှာရောင်လာပြီး ပုခုံးလှုပ်ရှားမှုထိန်းအရွတ်နဲ့ အရည်အိတ်ကို ဒဏ်ဖြစ်စေခြင်း (Impingement syndrome)

 

>>တင်ပါး

1.         အရွတ်မြက်ခြင်း (တင်ပါးပေါင်ရင်းအရိုးမှာ အရွတ်ညှပ်နေပြီး လှုပ်ရှားလိုက်တိုင်း မျက်ခနဲဖြစ်နေခြင်း) (Snapping hip syndrome)

2.         အရွတ်ကလှုပ်ရှားလိုက်တိုင်း အရည်အိတ် ရောင်ရမ်းနေခြင်း (Bursitis of the hip)

Alaxan IA (1)

>>ဒူးနဲ့ ခြေထောက်

1.         အရိုးအပေါ် အနားမလပ် အကြာကြီး ဒဏ်ပိခြင်းကြောင့် အရိုးကျိုးခြင်း (Stress fracture)

2.         ခြေထောက်အရှေ့ပိုင်းတစ်လျှောက် နာကျင်ခြင်း (Shin splits)

3.         ဒူးဆစ်အောက် အရိုးနုနာကျင်ခြင်း (Condromalacia)

 

>>ခြေချင်းဝတ်နဲ့ ခြေဖဝါး

1.         ခြေဖနောင့်ကြောရောင်ရမ်းခြင်း (Tendonitis of the achilles tendon)

2.         အပေါ်က Carpal tunnel syndrome လိုမျိုး ခြေထောက်မှာ ဖြစ်ခြင်း (Tarsal tunnel syndrome)

3.         ခြေထောက်အနောက်ဘက် အရွတ်ရောင်ခြင်းကြောင့် ခြေထောက်နဲ့ ခြေဖနောင့် အတွင်းဘက်နာကျင်ခြင်း (Posterior tibial tendonitis)

           

Dr. Mya PhooNgon (www.drmyanmar.com

Alaxan IA (2)



>>လက်နဲ့ လက်ကောက်ဝတ်


 

>>တံတောင်ဆစ်


 

>>ပခုံး


 

>>တင်ပါး


 

>>ဒူးနဲ့ ခြေထောက်


 



               
