/
news/ကျန်းမာရေး-ဆိုင်ရာဗဟုသုတများ/ကြက်ဥစားတာရဲ့-အကျိုးကျေးဇူးတွေ

ကြက်ဥစားတာရဲ့ အကျိုးကျေးဇူးတွေ

Category
ကျန်းမာရေး ဆိုင်ရာဗဟုသုတများ

ကြက်ဥကို လူတွေ စားလာကြတာ နှစ်ပေါင်းထောင်နဲ့ချီ နေပါပြီ။ ကြက်ဥမှာ ခန္ဓာကိုယ်အတွက် လိုအပ်တဲ့ အာဟာရတွေ အများကြီးပါဝင်ပြီး အစာကြေလွယ်ပါတယ်။

» တစ်နေ့ကို ဘယ်လောက်စားလို့ရလဲ ?
၅ နှစ်ကနေ ၁၈ နှစ် အတွင်းကတော့ တစ်ရက်ကို ၂ လုံးကနေ ၃ လုံး စားနိုင်ပါတယ်။ ကြက်ဥနဲ့ ဓာတ်မတည့်တဲ့ လူတွေကလွဲရင် ကျန်တဲ့လူတွေမှာ ဘာပြဿနာမှ မဖြစ်နိုင်ပါဘူး။ ကျန်တဲ့ အသီးအရွက်တွေ အသီးအနှံတွေကိုလည်း မျှမျှတတ စားပေးရပါမယ်။ ကြက်ဥကြောင့် အဆီတက်တယ်ဆိုပြီး ပြောကြပေမယ့် သုတေသနတွေအရ ပမာဏ နည်းနည်းလေးပဲတက်ပြီး ခန္ဓာကိုယ်အတွက် ကောင်းတဲ့အဆီ ဖြစ်ပါတယ်တဲ့။

» ကလေးတွေအတွက် ကြက်ဥကျွေးတာ ဘာလို့ကောင်းလဲ ?
ကလေးတွေ ပုံမှန်အတိုင်း ကြီးထွားဖွံဖြိုးဖို့အတွက် လိုအပ်တဲ့ အာဟာရတွေက ကြက်ဥမှာ ပါဝင်တာကြောင့် နေ့တိုင်း ထည့်ကျွေးသင့်ပါတယ်။
● ကြက်ဥမှာ မျက်စိကို အားကောင်းစေတဲ့ ဗီတာမင် A, lutein, zeaxanthin ဆိုတဲ့ သတ္တုဓာတ်တွေ ပါဝင်ပါတယ်
● ကြက်ဥမှာ အသားဓာတ် ၆.၅ ဂရမ် ပါဝင်ပါတယ်
● ကြက်ဥမှာ မှတ်ဉာဏ်ကောင်းစေတဲ့ အိုမီဂါသရီး omega 3 fatty acid ပါဝင်ပါတယ်
● ကြက်ဥမှာပါတဲ့ သံဓာတ်ကို ကလေးတွေအနေနဲ့ လွယ်လွယ်စုပ်ယူနိုင်တာကြောင့် သွေးအားနည်းရောဂါကို ကာကွယ်ပေးပါတယ်
● ကြက်ဥမှာ လက်သည်းတွေ၊ ဆံပင်တွေကို အားဖြည့်ပေးတဲ့ sulphur နဲ့ ဘိုင်အိုတင်ဆိုတဲ့ သတ္တုဓာတ်လည်း ပါဝင်ပါတယ်

Dr. Htar (www.drmyanmar.com)