/
news/ကျန်းမာရေး-ဆိုင်ရာဗဟုသုတများ/ကပ်ရောဂါကာလမှာ-လူကျန်းမာဖို့-လိုအပ်သလို

ကပ်ရောဂါကာလမှာ လူကျန်းမာဖို့ လိုအပ်သလို စိတ်ကျန်းမာရေးကောင်းအောင်နေဖို့လည်း သတိပြုသင့်ပါတယ်

Category
ကျန်းမာရေး ဆိုင်ရာဗဟုသုတများ

ကိုရိုနာဗိုင်းရပ်စ် COVID-19 ကပ်ရောဂါအချိန်မှာ အချင်းချင်းကူညီစောင်မကြဖို့ ...
ကပ်ရောဂါဖြစ်နေတဲ့ ဒီလိုအချိန်မျိုးမှာ မိတ်ဆွေ၊ သူငယ်ချင်း၊ အပေါင်းအသင်းတွေကို သတိတရ သတင်းမေး ကူညီပေးဖို့ အရေးကြီးပါတယ်။
လူတွေအားလုံးဟာ အခုချိန်မှာ တစ်ပြေးညီတည်း ဒီရောဂါပိုးကြီးကို ကြောက်ရွံ့နေကြပါတယ်။ အထူးသဖြင့် ကိုယ်ကျန်းမာရေးကို စိတ်ပူနေကြတာပေါ့။ ဒါပေမဲ့ စိတ်ကျန်းမာရေးကလည်း အရေးကြီးတယ်ဆိုတာ မမေ့သင့်ဘူးနော်။ မိမိကိုယ်တိုင်ရော မိမိ မိသားစုကိုပါ စိတ်ချမ်းသာစေဖို့ ကိုယ်တိုင်လုပ်ဆောင်နိုင်ပါတယ်။ တစ်စုံတစ်ယောက်ကို စိတ်ဓာတ်ခွန်အားပေးဖို့ဆိုတာ ကျွမ်းကျင်ပညာရှင်ဖြစ်စရာ မလိုပါဘူး။

၁။  သတင်းမေးပါ။
မျက်နှာချင်းဆိုင်တွေ့ဖို့ မဖြစ်နိုင်ပေမယ့် ဖုန်းကတစ်ဆင့်ပြောတာ၊ ဗီဒီယိုဖုန်းပြောတာ၊ အဖွဲ့လိုက်ဖုန်းပြောတာ၊ မတ်ဆေ့ချ်ပို့တာမျိုး လုပ်ပေးနိုင်ပါတယ်။ အဓိကကတော့ တစ်ခုခုလိုအပ်ရင်ပြောဖို့၊ လိုတိုင်းအနားမှာရှိကြောင်း သိစေဖို့ပါပဲ။ အထီးကျန်တဲ့ခံစားမှုမဖြစ်ဖို့ အရေးကြီးပါတယ်။

၂။  နားထောင်ပေးပြီး အကြံဉာဏ်ပေးပါ။
စိတ်ကျန်းမာရေးကောင်းသူဖြစ်စေ၊ မကောင်းသူဖြစ်စေ ဒီအချိန်မှာ စိတ်ဓာတ်ခွန်အားတွေ လိုပါတယ်။ တစ်ယောက်ယောက်က ရင်ဖွင့်ပြောဆိုလာတိုင်း ပြဿနာကိုဖြေရှင်းပေးရမယ်၊ အကြံဉာဏ်ပေးရမယ်လို့ မဆိုလိုပါဘူး။ နားထောင်ပေး၊ သေချာဂရုစိုက်ပေးရုံနဲ့တင် တော်တော်အဆင်ပြေနေပါပြီ။

၃။  မေးခွန်းတွေ မေးပါ။
ဘယ်လိုနေလဲ၊ အဆင်ပြေလား မေးပေးပါ။ စိတ်ဝင်တစား သေချာမေးမြန်း နားထောင်ပေးရင် လူတိုင်းက ခံစားနေရတာတွေကို ရင်ဖွင့်လာမှာပါ။

မိမိ တတ်စွမ်းနိုင်သလောက် မျှဝေပါ။
ကပ်ရောဂါကာလကြီးကို အတူရင်ဆိုင် ကျော်ဖြတ်ကြပါစို့ ...

Dr. Mya Phoo Ngon (www.drmyanmar.com)