/
news/ကိုယ်၀န်ဆောင်နှင့်ကျန်းမာရေး/အာဟာရချို့တဲ့ပါက-ကလေးမွေးပြီး-စိတ်ကျခြင်းကို-ပိုမိုဆိုးရွားစေနိုင်

အာဟာရချို့တဲ့ပါက ကလေးမွေးပြီး စိတ်ကျခြင်းကို ပိုမိုဆိုးရွားစေနိုင်

Category
ကိုယ်၀န်ဆောင်နှင့်ကျန်းမာရေး

အမျိုးသမီးများဟာ မီးဖွားပြီးစကာလတွင် ဟိုမုန်းအပြောင်းအလဲကြောင့်သော်လည်းကောင်း၊ မိခင်ဖြစ်စအချိန်မှာ တာဝန်နဲ့ စိတ်ရှုပ်ထွေးမှုတွေ ရုတ်တရက် ကြီးမားလာလို့သော်လည်းကောင်း၊ ပင်ပန်းခြင်းကြောင့်သော်လည်းကောင်း စိတ်ကျရောဂါဖြင့် ရင်ဆိုင်ရတတ်ပါတယ်။
●  မကြာသေးမီက လေ့လာချက်အရဆိုရင် အာဟာရချို့တဲ့သော အမျိုးသမီးတွေဟာ စိတ်ကျရောဂါကို ပိုမိုခံစားရဖို့ လွယ်ကူတယ်လို့ ဆိုပါတယ်။
●  ဒါဟာ အံ့သြစရာတော့ မဟုတ်ပါဘူး။ ဗီတာမင်နဲ့ သတ္တုဓာတ်တွေဟာ ဟိုမုန်းထုတ်လုပ်မှုအတွက် အရေးကြီးသလို အာရုံကြောစနစ် အားကောင်းဖို့လည်း အရေးပါပါတယ်။ ဒါကြောင့် ဗီတာမင်နဲ့သတ္တုဓာတ် ချို့တဲ့ပါက စိတ်ကျခြင်းကို ပိုမိုခံစားရစေမယ့်အပြင် ကလေးရဲ့ကြီးထွားဖွံ့ဖြိုးမှုကိုပါ ထိခိုက်စေပါလိမ့်မယ်။

Obimin 1

●  အဓိကအားဖြင့် သံဓာတ်နဲ့ ဗီတာမင်ဘီတွဲ (B12) ချို့တဲ့ပါက မီးဖွားပြီး စိတ်ကျရောဂါက ပိုမိုဆိုးစေပါတယ်။ ထို့ပြင် မဂ္ဂနီဆီယမ်နဲ့ ဗီတာမင်ဘီစစ် (B6) ကို တွဲဖက်သောက်သုံးခြင်းဖြင့်လည်း စိတ်ကျရောဂါကို သက်သာစေမှာ ဖြစ်ပါတယ်။
နောက်ပြီး နေ့စဉ်စားသောအစာများတွင် ဇင့်ဓာတ်ပါသော အစာများကိုလည်း စားပေးဖို့ လိုပါတယ်။ ဇင့်ဓာတ်နည်းပါးနေရင် ပင်ပန်းနွမ်းနယ်ခြင်းနဲ့အတူ စိတ်ကျခြင်းကိုလည်း ဖြစ်စေတတ်ပါတယ်။
မကြာမီ ရင်သွေးလေး မွေးဖွားတော့မယ့် မေမေလောင်းတို့ရေ မီးဖွားပြီး စိတ်ကျရောဂါကို ကာကွယ်ဖို့အတွက် အာဟာရဓာတ်မျိုးစုံ ပြည့်ဝအောင် အခုကတည်းက စားသုံးပေးဖို့ မမေ့နဲ့နော်။

လေပြေနုသွေး (ဆေး-၂) (www.drmyanmar.com)

Obimin 2

(Zawgyi)

အမ်ိဳးသမီးမ်ားဟာ မီးဖြားၿပီးစကာလတြင္ ဟိုမုန္းအေျပာင္းအလဲေၾကာင့္ေသာ္လည္းေကာင္း၊ မိခင္ျဖစ္စအခ်ိန္မွာ တာဝန္နဲ႔ စိတ္ရႈပ္ေထြးမႈေတြ ႐ုတ္တရက္ ႀကီးမားလာလို႔ေသာ္လည္းေကာင္း၊ ပင္ပန္းျခင္းေၾကာင့္ေသာ္လည္းေကာင္း စိတ္က်ေရာဂါျဖင့္ ရင္ဆိုင္ရတတ္ပါတယ္။
●  မၾကာေသးမီက ေလ့လာခ်က္အရဆိုရင္ အာဟာရခ်ိဳ႕တဲ့ေသာ အမ်ိဳးသမီးေတြဟာ စိတ္က်ေရာဂါကို ပိုမိုခံစားရဖို႔ လြယ္ကူတယ္လို႔ ဆိုပါတယ္။
●  ဒါဟာ အံ့ၾသစရာေတာ့ မဟုတ္ပါဘူး။ ဗီတာမင္နဲ႔ သတၱဳဓာတ္ေတြဟာ ဟိုမုန္းထုတ္လုပ္မႈအတြက္ အေရးႀကီးသလို အာ႐ုံေၾကာစနစ္ အားေကာင္းဖို႔လည္း အေရးပါပါတယ္။ ဒါေၾကာင့္ ဗီတာမင္နဲ႔သတၱဳဓာတ္ ခ်ိဳ႕တဲ့ပါက စိတ္က်ျခင္းကို ပိုမိုခံစားရေစမယ့္အျပင္ ကေလးရဲ႕ႀကီးထြားဖြံ႕ၿဖိဳးမႈကိုပါ ထိခိုက္ေစပါလိမ့္မယ္။
●  အဓိကအားျဖင့္ သံဓာတ္နဲ႔ ဗီတာမင္ဘီတြဲ (B12) ခ်ိဳ႕တဲ့ပါက မီးဖြားၿပီး စိတ္က်ေရာဂါက ပိုမိုဆိုးေစပါတယ္။ ထို႔ျပင္ မဂၢနီဆီယမ္နဲ႔ ဗီတာမင္ဘီစစ္ (B6) ကို တြဲဖက္ေသာက္သုံးျခင္းျဖင့္လည္း စိတ္က်ေရာဂါကို သက္သာေစမွာ ျဖစ္ပါတယ္။
ေနာက္ၿပီး ေန႔စဥ္စားေသာအစာမ်ားတြင္ ဇင့္ဓာတ္ပါေသာ အစာမ်ားကိုလည္း စားေပးဖို႔ လိုပါတယ္။ ဇင့္ဓာတ္နည္းပါးေနရင္ ပင္ပန္းႏြမ္းနယ္ျခင္းနဲ႔အတူ စိတ္က်ျခင္းကိုလည္း ျဖစ္ေစတတ္ပါတယ္။
မၾကာမီ ရင္ေသြးေလး ေမြးဖြားေတာ့မယ့္ ေမေမေလာင္းတို႔ေရ မီးဖြားၿပီး စိတ္က်ေရာဂါကို ကာကြယ္ဖို႔အတြက္ အာဟာရဓာတ္မ်ိဳးစုံ ျပည့္ဝေအာင္ အခုကတည္းက စားသုံးေပးဖို႔ မေမ့နဲ႔ေနာ္။

ေလေျပႏုေသြး (ေဆး-၂) (www.drmyanmar.com)