/
news/ကိုယ်၀န်ဆောင်နှင့်ကျန်းမာရေး/ကိုယ်ဝန်ဆောင်ချိန်-လိုအပ်သောအာဟာရများ

ကိုယ်ဝန်ဆောင်ချိန် လိုအပ်သောအာဟာရများ

Category
ကိုယ်၀န်ဆောင်နှင့်ကျန်းမာရေး

ကိုယ်ဝန်ဆောင်ကာလကို ပထမပိုင်း၊ ဒုတိယပိုင်း၊ တတိယပိုင်းဆိုပြီး သုံးပိုင်းခွဲခြားထားပါတယ်။ အဲ့ဒီကာလတွေမှာ လိုအပ်တဲ့အာဟာရတွေက မတူတဲ့အတွက် မေမေတို့အနေနဲ့ သေချာသိထားဖို့ လိုပါတယ်။

>>  ကိုယ်ဝန်ဆောင်ကာလ ပထမပိုင်း
ကိုယ်ဝန်သုံးလအထိကို ကိုယ်ဝန်ဆောင်ကာလ ပထမပိုင်းလို့ သတ်မှတ်ပါတယ်။ ဒီအချိန်ဟာ ဘေဘီလေးရဲ့ ကိုယ်လက်အင်္ဂါတွေ၊ ဦးနှောက်တွေ ဖွံ့ဖြိုးတဲ့အချိန်ဖြစ်ပြီး အရေးကြီးဆုံးအချိန်လည်း ဖြစ်ပါတယ်။
ဒီအချိန်မှာ လိုအပ်တဲ့အာဟာရတွေကတော့ -
1.  ဖောလစ်အက်စစ် - ကလေးဦးနှောက်ဖွံ့ဖြိုးမှုကို ကောင်းစေတဲ့အပြင် ကျောရိုးနှစ်ခွဖြစ်တဲ့ ပုံမှန်မဟုတ်တဲ့ ဖွံ့ဖြိုးမှုကို ကာကွယ်ပါတယ်။ တကယ်က ကိုယ်ဝန်ဆောင်ဖို့ စပြီး ပြင်ဆင်နေပြီဆိုတာနဲ့ ဖောလစ်အက်စစ်ကို နေ့စဉ်မှန်မှန် သောက်ပေးသင့်ပါတယ်။
2.  ဗီတာမင် B6 - ကိုယ်ဝန်ဆောင်ချိန် ပျို့အန်ခြင်းကို သက်သာစေပါတယ်။
3.  DHA - သန္ဓေသားရဲ့ ဦးနှောက်ဖွံ့ဖြိုးတိုးတက်စေဖို့ အထောက်အကူဖြစ်စေပါတယ်။
4.  ဗီတာမင်ဒီ - ကိုယ်ဝန်ဆောင ်အစောပိုင်းကာလတွင် ဖြစ်တတ်သော ပျို့အန်ခြင်းကို သက်သာစေတဲ့အပြင် အချင်းရောင်ရမ်းခြင်းကိုပါ ကာကွယ်ပေးနိုင်ပါတယ်။

Obimin 1

>>  ကိုယ်ဝန်ဆောင်ကာလ ဒုတိယပိုင်း
1.  ဗီတာမင်ဒီ D 400 IU - ရင်သွေးလေးရဲ့ အရိုးနဲ့ သွားများ သန်မာကြံ့ခိုင်စေမယ့်အပြင် မိခင် ကိုယ်ဝန်ဆိပ်တက်ခြင်းနဲ့ ကိုယ်ဝန်ဆောင်စဉ်ဆီးချိုဖြစ်ခြင်းကိုပါ လျှော့ချနိုင်ပါတယ်။
2.  ကယ်လ်စီယမ် - မိခင် ကိုယ်ဝန်ဆိပ်တက်ခြင်းနဲ့ ကိုယ်ဝန်ဆောင်ချိန်သွေးတိုးခြင်းကို လျှော့ချပေးနိုင်သလို ရင်သွေးငယ်ရဲ့ သွားနဲ့အရိုးများ သန်မာဖို့ အထောက်အကူပေးပါတယ်။
3.  သံဓာတ် - နှလုံး၊ အဆုတ်နဲ့ ကြွက်သားများအတွက် လိုအပ်သော အောက်ဆီဂျင်ပမာဏကို ရရှိစေပြီး သက်လုံကောင်းစေပါတယ်။

>>  ကိုယ်ဝန်ဆောင်ကာလ တတိယပိုင်း

1.  သံဓာတ် - ပေါင်မပြည့် လမစေ့ဘဲ ကလေးမွေးခြင်းကို ကာကွယ်နိုင်မှာ ဖြစ်ပါတယ်။
2.  မဂ္ဂနီဆီယမ် - အချိန်မတိုင်မီ ကလေးစောမွေးခြင်းကို ကာကွယ်နိုင်ပါတယ်။

လေပြေနုသွေး (ဆေး-၂) (www.drmyanmar.com)

Obimin 2

(Zawgyi)

ကိုယ္ဝန္ေဆာင္ကာလကို ပထမပိုင္း၊ ဒုတိယပိုင္း၊ တတိယပိုင္းဆိုၿပီး သုံးပိုင္းခြဲျခားထားပါတယ္။ အဲ့ဒီကာလေတြမွာ လိုအပ္တဲ့အာဟာရေတြက မတူတဲ့အတြက္ ေမေမတို႔အေနနဲ႔ ေသခ်ာသိထားဖို႔ လိုပါတယ္။

>>  ကိုယ္ဝန္ေဆာင္ကာလ ပထမပိုင္း
ကိုယ္ဝန္သုံးလအထိကို ကိုယ္ဝန္ေဆာင္ကာလ ပထမပိုင္းလို႔ သတ္မွတ္ပါတယ္။ ဒီအခ်ိန္ဟာ ေဘဘီေလးရဲ႕ ကိုယ္လက္အဂၤါေတြ၊ ဦးေႏွာက္ေတြ ဖြံ႕ၿဖိဳးတဲ့အခ်ိန္ျဖစ္ၿပီး အေရးႀကီးဆုံးအခ်ိန္လည္း ျဖစ္ပါတယ္။
ဒီအခ်ိန္မွာ လိုအပ္တဲ့အာဟာရေတြကေတာ့ -
1.  ေဖာလစ္အက္စစ္ - ကေလးဦးေႏွာက္ဖြံ႕ၿဖိဳးမႈကို ေကာင္းေစတဲ့အျပင္ ေက်ာ႐ိုးႏွစ္ခြျဖစ္တဲ့ ပုံမွန္မဟုတ္တဲ့ ဖြံ႕ၿဖိဳးမႈကို ကာကြယ္ပါတယ္။ တကယ္က ကိုယ္ဝန္ေဆာင္ဖို႔ စၿပီး ျပင္ဆင္ေနၿပီဆိုတာနဲ႔ ေဖာလစ္အက္စစ္ကို ေန႔စဥ္မွန္မွန္ ေသာက္ေပးသင့္ပါတယ္။
2.  ဗီတာမင္ B6 - ကိုယ္ဝန္ေဆာင္ခ်ိန္ ပ်ိဳ႕အန္ျခင္းကို သက္သာေစပါတယ္။
3.  DHA - သေႏၶသားရဲ႕ ဦးေႏွာက္ဖြံ႕ၿဖိဳးတိုးတက္ေစဖို႔ အေထာက္အကူျဖစ္ေစပါတယ္။
4.  ဗီတာမင္ဒီ - ကိုယ္ဝန္ေဆာင ္အေစာပိုင္းကာလတြင္ ျဖစ္တတ္ေသာ ပ်ိဳ႕အန္ျခင္းကို သက္သာေစတဲ့အျပင္ အခ်င္းေရာင္ရမ္းျခင္းကိုပါ ကာကြယ္ေပးႏိုင္ပါတယ္။

>>  ကိုယ္ဝန္ေဆာင္ကာလ ဒုတိယပိုင္း
1.  ဗီတာမင္ဒီ D 400 IU - ရင္ေသြးေလးရဲ႕ အ႐ိုးနဲ႔ သြားမ်ား သန္မာႀကံ့ခိုင္ေစမယ့္အျပင္ မိခင္ ကိုယ္ဝန္ဆိပ္တက္ျခင္းနဲ႔ ကိုယ္ဝန္ေဆာင္စဥ္ဆီးခ်ိဳျဖစ္ျခင္းကိုပါ ေလွ်ာ့ခ်ႏိုင္ပါတယ္။
2.  ကယ္လ္စီယမ္ - မိခင္ ကိုယ္ဝန္ဆိပ္တက္ျခင္းနဲ႔ ကိုယ္ဝန္ေဆာင္ခ်ိန္ေသြးတိုးျခင္းကို ေလွ်ာ့ခ်ေပးႏိုင္သလို ရင္ေသြးငယ္ရဲ႕ သြားနဲ႔အ႐ိုးမ်ား သန္မာဖို႔ အေထာက္အကူေပးပါတယ္။
3.  သံဓာတ္ - ႏွလုံး၊ အဆုတ္နဲ႔ ႂကြက္သားမ်ားအတြက္ လိုအပ္ေသာ ေအာက္ဆီဂ်င္ပမာဏကို ရရွိေစၿပီး သက္လုံေကာင္းေစပါတယ္။

>>  ကိုယ္ဝန္ေဆာင္ကာလ တတိယပိုင္း

1.  သံဓာတ္ - ေပါင္မျပည့္ လမေစ့ဘဲ ကေလးေမြးျခင္းကို ကာကြယ္ႏိုင္မွာ ျဖစ္ပါတယ္။
2.  မဂၢနီဆီယမ္ - အခ်ိန္မတိုင္မီ ကေလးေစာေမြးျခင္းကို ကာကြယ္ႏိုင္ပါတယ္။

ေလေျပႏုေသြး (ေဆး-၂) (www.drmyanmar.com)