/
news/ကိုယ်၀န်ဆောင်နှင့်ကျန်းမာရေး/ကိုယ်ဝန်ဆောင်ချိန်နဲ့-နို့တိုက်မိခင်တွေအတွက်-တကယ်လိုအပ်တဲ့

ကိုယ်ဝန်ဆောင်ချိန်နဲ့ နို့တိုက်မိခင်တွေအတွက် တကယ်လိုအပ်တဲ့ ဗီတာမင်ဒီ

Category
ကိုယ်၀န်ဆောင်နှင့်ကျန်းမာရေး

    အရိုးနဲ့သွားတွေ ခိုင်မာဖို့ ဗီတာမင်ဒီက မရှိမဖြစ် သက်စောင့်ဓာတ်တစ်မျိုးပါတဲ့။ ဒီသက်စောင့်ဓာတ်လေးက ကိုယ်ခံအားစနစ် ဟော်မုန်းထုတ်လုပ်မှုနဲ့ ကြွက်သားအင်အားတွေမှာ တစ်တပ်တစ်အား ပါဝင်နေပြီး အရေးပါတဲ့တာဝန်တွေကို ထမ်းဆောင်ပေးနေပါတယ်။

>>    ကိုယ်ဝန်ဆောင်နဲ့ နို့တိုက်မိခင်တွေ ဗီတာမင်ဒီ လိုအပ်သလား?
    သာမန်လူတွေမှာတောင် မရှိမဖြစ်ဓာတ်ဖြစ်နေမှတော့ ကိုယ်ဝန်ဆောင်တွေမှာ မချို့တဲ့ရေး တတ်နိုင်သလောက် ကာကွယ်ဂရုစိုက်ပေးကြရအောင်။ အထဲက ကလေးလေး ဖွံဖြိုးကြီးထွားဖို့ မရှိမဖြစ် လိုအပ်နေတဲ့ဓာတ်ပါတဲ့။ မိခင်လောင်းလေးမှာ ဗီတာမင်ဒီဓာတ် ချို့တဲ့နေရင်လည်း -
●    ကိုယ်ဝန်ဆောင် သွေးတိုးနှင့် အတက်ရောဂါ
●    ဆီးချိုရောဂါ
●    အချိန်မတိုင်ခင် စောမွေးဖွားတာ
●    ဘက်တီးရီးယားပိုး ဝင်လွယ်တာတွေ ဖြစ်လာပါတယ်။
    သုတေသနတစ်ခုအရ ကိုယ်ဝန်ဆောင်ချိန် ဗီတာမင်ဒီသရီး (Vitamin D3) ပြည့်ဝနေခြင်းအားဖြင့် မွေးဖွားလာမယ့် ကလေးလေးရဲ့ အရိုးနဲ့သွားတွေ ခိုင်မာသန်စွမ်းစေတဲ့အပြင်  စိတ်ကျရောဂါတွေကို အထိုက်အလျောက် ကာကွယ်ပြီး ဖြစ်စေပါတယ်တဲ့။

Obimin 1

>>    အရေးပါအရာရောက်တဲ့ ဗီတာမင်ဒီကို ဘယ်ကရမလဲ?
    နေပူစာ လုံကြမယ်
1.    နေရောင်ခံခြင်းဖြင့် အရေပြားမှာ ဗီတာမင်ဒီ ဖွဲ့စည်းမှု ဖြစ်တည်လာပြီး လိုအပ်သလောက် ရရှိစေပါတယ်။
2.    ဒီတော့ နေ့စဉ်မိနစ် ၂၀ ခန့် မနက်ခင်းနေရောင်ခံပေးဖို့ တိုက်တွန်းပါတယ်။

>>    အစားအသောက်က ရရှိမယ့် ဗီတာမင်ဒီ
●    ငါးမြင်း
●    အရိုးပါစားနိုင်တဲ့ ငါးကလေးများ
●    နွားနို့
●    ကြက်ဥ
●    အမဲသား
    ဗီတာမင်ချို့တဲ့နေဖို့ အလားအလာရှိသူတွေကတော့ အဝလွန်သူ မိခင်လောင်းတွေ၊ နို့တိုက်မိခင်တွေနဲ့ နေ့စဉ်အစားအသောက်ထဲမှာ ဗီတာမင်ဒီ ပြည့်ပြည့်၀၀ မပါဝင်သူတွေပါတဲ့။ တကယ်တော့ ကိုယ်ဝန်ဆောင်တွေဟာ တစ်နေ့ကို ဗီတာမင်ဒီ ၄၀၀ ယူနစ်ခန့် လိုအပ်ပါတယ်။  ကိုယ်ဝန်ဆောင်အားဆေး အတော်များများမှာ သူ့အချိုးအစားနဲ့သူ ပါဝင်ပြီးသားဖြစ်ပေမယ့် မသောက်ခင် မိမိသောက်မယ့် ဆေးဝါးမှာ လုံလုံလောက်လောက် ပါ/မပါ ဆရာဝန်နဲ့ ပြသမေးမြန်းပြီးမှ သောက်ဖို့ မေမေတို့ကို အကြံပေးပါရစေနော်။
    ကိုယ်ဝန်ဆောင်တွေသာမက နို့တိုက်မိခင်တွေဟာလည်း ဗီတာမင်ဒီ လိုအပ်လျက်ပါပဲ။  ခြောက်လအောက် ကလေးငယ်တွေဟာ သူတို့ရဲ့ အရိုးသန်မာမှုအတွက် မိခင်နို့ကပါလာမယ့် ဗီတာမင်ဒီကိုသာ အားကိုးရတာမို့ နို့တိုက်မိခင်တွေအနေနဲ့ မိမိကိုယ်ကိုသက်စောင့် ဗီတာမင်ဒီဓာတ် အထူးပြည့်ဝနေဖို့ သတိမူသင့်ပါတယ်နော်။
    တစ်ဆက်တည်းမှာပဲ ဗီတာမင်ဒီဓာတ် ဖြည့်စွက်စားတဲ့အခါ နည်းသွားတာတွေ၊ များသွားတာတွေ ဖြစ်နိုင်သေးတာမို့ ပမာဏများသွားတဲ့အခါ ပြန်စွန့်ထုတ်ရ ခက်ခဲနေတတ်ပါတယ်။ ဒါကြောင့် ဗီတာမင်ဒီပါတဲ့ ကိုယ်ဝန်ဆောင်အားဆေး သောက်နေတာတောင်မှ မိမိကိုယ်ကို ဗီတာမင်ဒီ မပြည့်ဝဘူး ထင်မှတ်နေခဲ့ရင် သွေးတွင်းဗီတာမင်ဒီပမာဏ စစ်ဆေးမှု အရင်ခံယူပြီးမှ  ဆရာဝန်ညွှန်ကြားချက်အတိုင်း ဖြည့်စွက်သောက်သုံးဖို့ ကိုယ်ဝန်ဆောင်မိခင်များနဲ့ နို့တိုက်မိခင်များကို တင်ပြ ဗဟုသုတမျှဝေလိုက်ရပါတယ်။

ဂျီပီငှက် (ဆေး/မန်း) (www.drmyanmar.com)

Obimin 2

(Zawgyi)

    အ႐ိုးနဲ႔သြားေတြ ခိုင္မာဖို႔ ဗီတာမင္ဒီက မရွိမျဖစ္ သက္ေစာင့္ဓာတ္တစ္မ်ိဳးပါတဲ့။ ဒီသက္ေစာင့္ဓာတ္ေလးက ကိုယ္ခံအားစနစ္ ေဟာ္မုန္းထုတ္လုပ္မႈနဲ႔ ႂကြက္သားအင္အားေတြမွာ တစ္တပ္တစ္အား ပါဝင္ေနၿပီး အေရးပါတဲ့တာဝန္ေတြကို ထမ္းေဆာင္ေပးေနပါတယ္။

>>    ကိုယ္ဝန္ေဆာင္နဲ႔ ႏို႔တိုက္မိခင္ေတြ ဗီတာမင္ဒီ လိုအပ္သလား?
    သာမန္လူေတြမွာေတာင္ မရွိမျဖစ္ဓာတ္ျဖစ္ေနမွေတာ့ ကိုယ္ဝန္ေဆာင္ေတြမွာ မခ်ိဳ႕တဲ့ေရး တတ္ႏိုင္သေလာက္ ကာကြယ္ဂ႐ုစိုက္ေပးၾကရေအာင္။ အထဲက ကေလးေလး ဖြံၿဖိဳးႀကီးထြားဖို႔ မရွိမျဖစ္ လိုအပ္ေနတဲ့ဓာတ္ပါတဲ့။ မိခင္ေလာင္းေလးမွာ ဗီတာမင္ဒီဓာတ္ ခ်ိဳ႕တဲ့ေနရင္လည္း -
●    ကိုယ္ဝန္ေဆာင္ ေသြးတိုးႏွင့္ အတက္ေရာဂါ
●    ဆီးခ်ိဳေရာဂါ
●    အခ်ိန္မတိုင္ခင္ ေစာေမြးဖြားတာ
●    ဘက္တီးရီးယားပိုး ဝင္လြယ္တာေတြ ျဖစ္လာပါတယ္။
    သုေတသနတစ္ခုအရ ကိုယ္ဝန္ေဆာင္ခ်ိန္ ဗီတာမင္ဒီသရီး (Vitamin D3) ျပည့္ဝေနျခင္းအားျဖင့္ ေမြးဖြားလာမယ့္ ကေလးေလးရဲ႕ အ႐ိုးနဲ႔သြားေတြ ခိုင္မာသန္စြမ္းေစတဲ့အျပင္  စိတ္က်ေရာဂါေတြကို အထိုက္အေလ်ာက္ ကာကြယ္ၿပီး ျဖစ္ေစပါတယ္တဲ့။

>>    အေရးပါအရာေရာက္တဲ့ ဗီတာမင္ဒီကို ဘယ္ကရမလဲ?
    ေနပူစာ လုံၾကမယ္
1.    ေနေရာင္ခံျခင္းျဖင့္ အေရျပားမွာ ဗီတာမင္ဒီ ဖြဲ႕စည္းမႈ ျဖစ္တည္လာၿပီး လိုအပ္သေလာက္ ရရွိေစပါတယ္။
2.    ဒီေတာ့ ေန႔စဥ္မိနစ္ ၂၀ ခန႔္ မနက္ခင္းေနေရာင္ခံေပးဖို႔ တိုက္တြန္းပါတယ္။

>>    အစားအေသာက္က ရရွိမယ့္ ဗီတာမင္ဒီ
●    ငါးျမင္း
●    အ႐ိုးပါစားႏိုင္တဲ့ ငါးကေလးမ်ား
●    ႏြားႏို႔
●    ၾကက္ဥ
●    အမဲသား
    ဗီတာမင္ခ်ိဳ႕တဲ့ေနဖို႔ အလားအလာရွိသူေတြကေတာ့ အဝလြန္သူ မိခင္ေလာင္းေတြ၊ ႏို႔တိုက္မိခင္ေတြနဲ႔ ေန႔စဥ္အစားအေသာက္ထဲမွာ ဗီတာမင္ဒီ ျပည့္ျပည့္၀၀ မပါဝင္သူေတြပါတဲ့။ တကယ္ေတာ့ ကိုယ္ဝန္ေဆာင္ေတြဟာ တစ္ေန႔ကို ဗီတာမင္ဒီ ၄၀၀ ယူနစ္ခန႔္ လိုအပ္ပါတယ္။  ကိုယ္ဝန္ေဆာင္အားေဆး အေတာ္မ်ားမ်ားမွာ သူ႔အခ်ိဳးအစားနဲ႔သူ ပါဝင္ၿပီးသားျဖစ္ေပမယ့္ မေသာက္ခင္ မိမိေသာက္မယ့္ ေဆးဝါးမွာ လုံလုံေလာက္ေလာက္ ပါ/မပါ ဆရာဝန္နဲ႔ ျပသေမးျမန္းၿပီးမွ ေသာက္ဖို႔ ေမေမတို႔ကို အႀကံေပးပါရေစေနာ္။
    ကိုယ္ဝန္ေဆာင္ေတြသာမက ႏို႔တိုက္မိခင္ေတြဟာလည္း ဗီတာမင္ဒီ လိုအပ္လ်က္ပါပဲ။  ေျခာက္လေအာက္ ကေလးငယ္ေတြဟာ သူတို႔ရဲ႕ အ႐ိုးသန္မာမႈအတြက္ မိခင္ႏို႔ကပါလာမယ့္ ဗီတာမင္ဒီကိုသာ အားကိုးရတာမို႔ ႏို႔တိုက္မိခင္ေတြအေနနဲ႔ မိမိကိုယ္ကိုသက္ေစာင့္ ဗီတာမင္ဒီဓာတ္ အထူးျပည့္ဝေနဖို႔ သတိမူသင့္ပါတယ္ေနာ္။
    တစ္ဆက္တည္းမွာပဲ ဗီတာမင္ဒီဓာတ္ ျဖည့္စြက္စားတဲ့အခါ နည္းသြားတာေတြ၊ မ်ားသြားတာေတြ ျဖစ္ႏိုင္ေသးတာမို႔ ပမာဏမ်ားသြားတဲ့အခါ ျပန္စြန႔္ထုတ္ရ ခက္ခဲေနတတ္ပါတယ္။ ဒါေၾကာင့္ ဗီတာမင္ဒီပါတဲ့ ကိုယ္ဝန္ေဆာင္အားေဆး ေသာက္ေနတာေတာင္မွ မိမိကိုယ္ကို ဗီတာမင္ဒီ မျပည့္ဝဘူး ထင္မွတ္ေနခဲ့ရင္ ေသြးတြင္းဗီတာမင္ဒီပမာဏ စစ္ေဆးမႈ အရင္ခံယူၿပီးမွ  ဆရာဝန္ၫႊန္ၾကားခ်က္အတိုင္း ျဖည့္စြက္ေသာက္သုံးဖို႔ ကိုယ္ဝန္ေဆာင္မိခင္မ်ားနဲ႔ ႏို႔တိုက္မိခင္မ်ားကို တင္ျပ ဗဟုသုတမွ်ေဝလိုက္ရပါတယ္။

ဂ်ီပီငွက္ (ေဆး/မန္း) (www.drmyanmar.com)