/
news/ကိုယ်ဝန်ဆောင်နှင့်ကျန်းမာရေး/ကိုယ်ဝန်ဆောင်ချိန်-ဗိုက်နာလျှင်

ကိုယ်ဝန်ဆောင်ချိန် ဗိုက်နာလျှင်

Category
ကိုယ်ဝန်ဆောင်နှင့်ကျန်းမာရေး

          ကိုယ်​ဝန်​​ဆောင်​ချိန်​ ဗိုက်​နာဗိုက်​​အောင့်​တာဟာ စိုးရိမ်​ရသလား။

 

          ကိုယ်​ဝန်​​ဆောင်​ချိန်​အစမှာ တချို့ ဗိုက်​အနည်းငယ်​နာတတ်​ကြပါတယ်​။ ကိုယ်​ဝန်​ရင့်​လာချိန်​မှာလည်း ​မွေးချင်​လာ​သယောင်​ သားအိမ်​ညှစ်​ ဗိုက်​နာတတ်​တာမျိုး၊ သားအိမ်​​ဘေးအရွတ်​ နာတာမျိုး ​တွေဖြစ်​တတ်​ပါတယ်​။ တစ်​ခြားလက္ခဏာရပ်​​တွေမရှိပဲ တစ်​ခါတစ်​ရံ နာတတ်​တာမျိုးက စိုးရိမ်​စရာ မရှိတတ်​ပါဘူး။

ကိုယ်​ဝန်​​ဆောင်​ချိန်​မှာ စိုးရိမ်​ဖို့မလိုတဲ့ ဗိုက်​နာတတ်​တဲ့ အ​ကြောင်းအရင်းများ

- ​လေပွခြင်း

- ဝမ်းချုပ်​ခြင်း

- ခင်​ပွန်းဖြစ်​သူနဲ့ အတူ​နေပြီးချိန်​ ကြွက်​တက်​သလိုနာခြင်း

- သားအိမ်​​ဘေး အရွတ်​နာခြင်း

- ​မွေးချင်​​ယောင်​​သားအိမ်​ညှစ်​ခြင်း

 

          ကိုယ်​ဝန်​​ဆောင်​ချိန်​မှာ တစ်​ခါတစ်​ရံ ဗိုက်​နာတတ်​ခြင်းဟာ ဖြစ်​​လေ့ဖြစ်​ထရှိတဲ့ ပြဿနာတစ်​ခုဖြစ်​ပြီး အန္တရာယ်​မရှိတတ်​ပါဘူး။ ဒါ​ပေမယ့်​ ဆိုးဆိုးရွားရွားနာ​နေတယ်​၊ ​တောက်​​လျောက်​ကိုနာ​နေတယ်​ဆိုရင်​​တော့ ပြဿနာ တစ်​စုံတစ်​ရာရှိ​နေနိုင်​ပါပြီ။ နာတာဟာ အချိန်​အ​တော်​ကြာ နား​နေရင်းနဲ့​တောင်​ မ​ပျောက်​ကင်းဘူး၊ ဒါမှမဟုတ်​ ​အောက်​ပါ​ရောဂါ လက္ခဏာတစ်​ခုခု ရှိလာပြီဆိုရင်​​တော့ ကျန်းမာ​ရေးဌာနကို အ​ပြေးသွားသင့်ပါတယ်။

 

- မိန်း​မကိုယ်​မှ​ ​သွေးဆင်းခြင်း

- ပုံမှန်​မဟုတ်​တဲ့ အဖြူ ဆင်းခြင်း

- ဖျားခြင်း၊ ချမ်းတုန်​ခြင်း

- ​ခေါင်းချာချာလည်​မူးခြင်း

- ဆီးသွားချိန်​ နာခြင်း၊ကျဉ်​ခြင်း

- ပျို့ အန်​ခြင်း

ကိုယ်​ဝန်​​ဆောင်​ချိန်​မှာ စိုးရိမ်​စရာ ဗိုက်​နာခြင်း အ​ကြောင်းအရင်းများ

- နေရာလွဲမှား သ​န္ဓေတည်​ခြင်း

- ကိုယ်​ဝန်​ပျက်​ကျခြင်း

- ​လမပြည့်​ပဲ ​မွေးချင်​လာခြင်း

- အချင်းကွာခြင်း

- ကိုယ်​ဝန်​ဆိပ်​တက်​ခြင်း

- ဆီးပိုးဝင်​ခြင်း

 

ကိုယ်​ဝန်​​ဆောင်​ချိန်​ ဗိုက်​နာတတ်​​သော အခြားအ​ကြောင်းများ

- အစာအိမ်​ ဗိုင်းရပ်​စ်​​ပိုးဝင်​ခြင်း

- အစာအဆိပ်​သင့်​ခြင်း

- အူအတက်​​ရောင်​ခြင်း

- ဆီး​ကျောက်​တည်​ခြင်း

- အသည်း​ရောင်​ခြင်း

- သည်း​ခြေအိတ်​​​ရောဂါများ

- မုန့်​ချိုအိတ်​​ရောင်​ခြင်း

- အသားလုံးတည်​ခြင်း

- အူပိတ်​ခြင်း

 

 

Dr. Mya Phoo Ngon (www.drmyanmar.com)