/
news/ကလေးများနှင့်ကျန်းမာရေး/သားသားမီးမီးတို့ရဲ့ကျန်းမာရေးအတွက်-မပေါ့ဆသင့်တဲ့လက္ခဏာများ

သားသားမီးမီးတို့ရဲ့ကျန်းမာရေးအတွက် မပေါ့ဆသင့်တဲ့လက္ခဏာများ

Category
ကလေးများနှင့်ကျန်းမာရေး

မိဘတွေအနေနဲ့ ကိုယ့်ရဲ့ရင်သွေးလေးမှာ ဖျားနာတာကအစ တစ်ခုခု ပုံမှန်မဟုတ်တာရှိတာနဲ့ အလွန်အမင်း စိုးရိမ်တတ်ကြပါတယ်။ ဒါ့ကြောင့် ဘယ်ရောဂါလက္ခဏာတွေက မစိုးရိမ်သင့်ဘူးလဲ၊ ဘယ်လက္ခဏာတွေက သတိထားဖို့လိုပြီး ဘယ်လက္ခဏာတွေက အရေးကြီးပြီး ဆရာဝန်နဲ့ အရေးတကြီး ပြသဖို့လိုလဲဆိုတာ သိဖို့လိုလာပါတယ်။ တစ်ခါတလေမှာ မိဘတွေအနေနဲ့ အရေးမကြီးဘူးအထင်နဲ့ သတိမထားမိလိုက်တာလေးတွေကလည်း ကလေးကျန်းမာရေးကို ထိခိုက်စေနိုင်ပြီး အရေးပေါ်အခြေအနေတွေလည်း ဖြစ်လာစေနိုင်ပါတယ်။ ဒါ့ကြောင့် ကလေးတွေရဲ့ကျန်းမာရေးအတွက် မပေါ့ဆသင့်တဲ့ လက္ခဏာတွေကို ဖော်ပြပေးပါမယ်။

1.  ကိုယ်အလေးချိန် ထူးထူးခြားခြား တက်လာခြင်း
ကလေးတွေ ဝလာတာကို မိဘတွေက သဘောကျတတ်ကြပါတယ်။ ဒါ့ကြောင့် ကိုယ်အလေးချိန် ထူးထူးခြားခြား တက်လာတာက သတိထားစရာအချက်လို့ပြောရင် သိပ်သဘောတူချင်ကြမှာ မဟုတ်ပါဘူး။ ကလေးတွေ ကြီးထွားဖွံ့ဖြိုးတဲ့အရွယ်မှာ အစာအုပ်စုတွေကို စုံလင်အောင် ဂရုစိုက်ပြီးကျွေးရပါမယ်။ ဒါမှသာ ကျန်းကျန်းမာမာ ကြီးထွားဖွံ့ဖြိုးလာမှာ ဖြစ်ပါတယ်။ ဒီလိုတဖြည်းဖြည်းချင်း ကြီးထွားဖွံ့ဖြိုးလာတာမျိုးမဟုတ်ဘဲ အချိန်အနည်းငယ်အတွင်းမှာ ထူးထူးခြားခြား ဝလာတာမျိုးဆိုရင်တော့ သတိထားဖို့လိုပါမယ်။ သိုင်းရွိုက်ဟော်မုန်းနည်းတဲ့ Hypothyroidism ရောဂါ၊ ဖောရောင်ခြင်း၊ Cushing’s syndrome၊ မွေးရာပါ ကြီးထွားဟော်မုန်းမညီမျှခြင်းကြောင့်ဖြစ်တဲ့ acromegaly ရောဂါ စတဲ့ ရောဂါတွေရဲ့လက္ခဏာတွေ ဖြစ်နေနိုင်ပါတယ်။

2.  ပင်ပန်းနုံးချိနေခြင်း
ကလေးက အချိန်တော်တော်များများမှာ ပင်ပန်းနုံးချိနေတတ်သလား။ အိပ်ရေးဝအောင် အိပ်ထားပေမယ့်လည်း အာရုံမစူးစိုက်နိုင်တာ၊ ပင်ပန်းနုံးခွေနေတာ စတာတွေ ခံစားနေရပါသလား။ ကလေးတွေမှာ ကစားပြီးလို့ဖြစ်ဖြစ်၊ ကိုယ်လက်လှုပ်ရှားမှုလုပ်ပြီးရင်ဖြစ်ဖြစ် ပင်ပန်းတာကပုံမှန်ပါပဲ။ ဒါပေမဲ့ အမြဲလိုလို ပင်ပန်းနွမ်းနယ်နေတာဆိုရင်တော့ ဂရုပြုရမယ့် ကျန်းမာရေးလက္ခဏာ ဖြစ်ပါတယ်။ အိပ်နေစဉ် အသက်ရှူရပ်တာ၊ သွေးအားနည်းရောဂါ စတာတွေကြောင့် ဖြစ်နိုင်ပါတယ်။

3.  မျက်နှာဖောရောင်ခြင်း
တကယ်လို့ ကလေးဟာ မျက်လုံးတစ်ဝိုက်မှာ၊ ခြေ၊ လက်တွေမှာ ဖောရောင်လာတာ၊ အသားတွေယားတာ၊ အသက်ရှူကြပ်တာ စတဲ့လက္ခဏာတွေ ခံစားနေပြီဆိုရင်တော့ နီးစပ်ရာဆေးရုံဆေးခန်းကို အမြန်ပြေးဖို့လိုပါပြီ။ ဒါဟာ တစ်ခုခုနဲ့ ဓာတ်မတည့်တဲ့အတွက် ဖြစ်တဲ့လက္ခဏာ ဖြစ်နိုင်ပါတယ်။ အများစုမတည့်တတ်တာကတော့ မြေပဲ၊ ပုစွန်၊ တိရစ္ဆာန်အမွေး၊ ပန်းဝတ်မှုန် စတာတွေဖြစ်ပြီး တချို့ကလေးတွေမှာ ပျားတုပ်ခံရလို့လည်း ဒီလက္ခဏာတွေ ဖြစ်နိုင်ပါတယ်။

4.  အမြင့်က ပြုတ်ကျပြီးနောက် ထိုးအန်ခြင်း
ကလေးဆိုတာတော့ အရမ်းဆော့တတ်တဲ့အရွယ်တွေဆိုတော့ ချော်လဲတာ၊ အမြင့်ကပြုတ်ကျတာ စတာတွေက သိပ်ထူးဆန်းတာတော့ မဟုတ်ပါဘူး။ ဒါပေမဲ့ အမြင့်ကပြုတ်ကျပြီးနောက်မှာ သတိလစ်သွားတာ၊ စကားကောင်းကောင်း မပြောနိုင်တာ၊ မပျို့ဘဲထိုးအန်တာ စတဲ့လက္ခဏာတွေ ပေါ်လာရင်တော့ ဆရာဝန်နဲ့ အမြန်သွားရောက် ပြသသင့်ပါတယ်။ ခေါင်းအတွင်းပိုင်းကို ထိခိုက်တဲ့လက္ခဏာတွေ ဖြစ်နိုင်လို့ပါပဲ။

5.  ဗိုက်အရမ်းအောင့်ခြင်း
ကလေးတွေမှာ ဗိုက်အောင့်တယ်ဆိုတာက ဖြစ်နေကျလက္ခဏာတစ်မျိုးပါ။ အစားစားတာများသွားလို့၊ အစာကြေမလွယ်တာတွေ အစားများသွားလို့၊ အပူအစပ်တွေ၊ အသင့်စားအစားအစာတွေ စတဲ့ အကြောင်းတွေကြောင့် ဗိုက်အောင့်စေနိုင်ပါတယ်။ ဒါပေမဲ့ ဗိုက်ရဲ့ညာဘက်အောက်ပိုင်းမှာ ဆိုးဆိုးရွားရွားအောင့်တာ၊ ဖျားတာ၊ အော့အန်တာ၊ ဝမ်းလျှောတာ စတဲ့လက္ခဏာတွေ စုပြီးဖြစ်လာပြီဆိုရင်တော့ အူအတက်ရောင်တာ ဖြစ်နေနိုင်တဲ့အတွက် ဆေးရုံဆေးခန်းကို ချက်ချင်းသွားရောက်ပြသဖို့ လိုပါတယ်။

Nutrilin IA 1

6.  ကိုယ်အလေးချိန် ထူးထူးခြားခြားကျခြင်း
ကလေးက ကောင်းကောင်းစားနိုင်၊ အိပ်နိုင်၊ ဆော့နိုင်နေပေမယ့် ကိုယ်အလေးချိန်က သိသိသာသာကို ကျကျလာတာကလည်း ဆရာဝန်နဲ့ သွားရောက်ပြသသင့်တဲ့ လက္ခဏာတစ်ခု ဖြစ်ပါတယ်။

7.  ရေအလွန်ဆာခြင်း
ကလေးက ဆော့ပြီးလို့ဖြစ်စေ၊ နေပူထဲကပြန်လာပြီးဖြစ်စေ ရေဆာတာ၊ ရေသောက်ချင်တာက ပုံမှန်ပဲဖြစ်ပါတယ်။ ဒါပေမဲ့ ကိုယ်လက်လှုပ်ရှားမှု မလုပ်ရသေးဘဲ၊ နေပူထဲမထွက်ရဘဲ ရေ ခဏခဏဆာနေတာ၊ ရေသောက်ပြီးရင်လည်း မဝဘဲ ခဏခဏ ရေပဲတောင်းနေတာဆိုရင်တော့ ကလေးကိုဆရာဝန်နဲ့ ပြသသင့်ပါတယ်။ ဒါဟာ ဆီးချိုရောဂါရဲ့လက္ခဏာ ဖြစ်နေနိုင်လို့ပါပဲ။

8.  ဆီးသွားရင် နာကျင်ခြင်း
တကယ်လို့ ကလေးက ဆီးသွားတိုင်း နာကျင်နေတယ်ဆိုရင် ဆီးလမ်းကြောင်းပိုးဝင်တဲ့လက္ခဏာ ဖြစ်နိုင်သလို ဆီးကျောက်တည်တာလည်း ဖြစ်နိုင်တဲ့အတွက် ဆေးခန်း အမြန်သွားပြသင့်ပါတယ်။

9.  အပြင်းဖျားပြီး ခေါင်းကိုက်ခြင်း
ကလေးအရွယ်မှာ ဖျားနာတာ၊ ချောင်းဆိုး၊ နှာစေးတာက ဖြစ်နေကျဆိုပေမယ့် ကိုယ်ပူအရမ်းကြီးပြီး ဆက်တိုက်ကိုယ်ပူနေပြီး ခေါင်းအရမ်းကိုက်တာလည်း တွဲဖြစ်နေတယ်ဆိုရင်တော့ ဦးနှောက်အမြှေးရောင်တာ ဖြစ်နိုင်တဲ့အတွက် ဆေးရုံဆေးခန်းကို အမြန်သွားပြသင့်ပါတယ်။

10.  အသက်ရှူခက်ခဲခြင်း
နှာခေါင်းပိတ်တာတို့၊ နှာစေးနေတာတို့ကြောင့် ကလေးတွေမှာ အသက်ရှူရခက်နေတတ်ပါတယ်။ ဒါပေမဲ့ ကလေးက ရင်ဘတ်တွေချိုင့်ဝင်တဲ့အထိ အသက်ရှူနေရတာ၊ နှုတ်ခမ်းတွေ အသားတွေ ပြာနှမ်းနေတာ၊ အသက်ရှူတဲ့အခါ တရွှီရွှီမြည်တာ စတဲ့လက္ခဏာတွေရှိနေရင်တော့ အရေးပေါ်ပြသဖို့ လိုပါတယ်။ ပြင်းထန်တဲ့ လေပြွန်ရောင်ခြင်းဖြစ်နိုင်သလို ဓာတ်မတည့်ခြင်း၊ ပန်းနာရင်ကျပ်ရောဂါရှိခြင်းတို့ကြောင့် ဖြစ်နိုင်ပါတယ်။
အပေါ်မှာ ပြောပြခဲ့တဲ့ ရောဂါလက္ခဏာတွေကတော့ ကလေးတွေအတွက် တကယ်ကို အရေးကြီးတဲ့ လက္ခဏာတွေဖြစ်တဲ့အတွက် တစ်ခုခုကြုံလာတာနဲ့ ဆေးရုံဆေးခန်းပြသဖို့၊ မပေါ့ဆကြဖို့အတွက် ထပ်မံသတိပေးလိုက်ရပါတယ်။

ဒေါက်တာအောင် (www.drmyanmar.com)

Nutrilin IA 2

(Zawgyi)

မိဘေတြအေနနဲ႔ ကိုယ့္ရဲ႕ရင္ေသြးေလးမွာ ဖ်ားနာတာကအစ တစ္ခုခု ပုံမွန္မဟုတ္တာရွိတာနဲ႔ အလြန္အမင္း စိုးရိမ္တတ္ၾကပါတယ္။ ဒါ့ေၾကာင့္ ဘယ္ေရာဂါလကၡဏာေတြက မစိုးရိမ္သင့္ဘူးလဲ၊ ဘယ္လကၡဏာေတြက သတိထားဖို႔လိုၿပီး ဘယ္လကၡဏာေတြက အေရးႀကီးၿပီး ဆရာဝန္နဲ႔ အေရးတႀကီး ျပသဖို႔လိုလဲဆိုတာ သိဖို႔လိုလာပါတယ္။ တစ္ခါတေလမွာ မိဘေတြအေနနဲ႔ အေရးမႀကီးဘူးအထင္နဲ႔ သတိမထားမိလိုက္တာေလးေတြကလည္း ကေလးက်န္းမာေရးကို ထိခိုက္ေစႏိုင္ၿပီး အေရးေပၚအေျခအေနေတြလည္း ျဖစ္လာေစႏိုင္ပါတယ္။ ဒါ့ေၾကာင့္ ကေလးေတြရဲ႕က်န္းမာေရးအတြက္ မေပါ့ဆသင့္တဲ့ လကၡဏာေတြကို ေဖာ္ျပေပးပါမယ္။

1.  ကိုယ္အေလးခ်ိန္ ထူးထူးျခားျခား တက္လာျခင္း
ကေလးေတြ ဝလာတာကို မိဘေတြက သေဘာက်တတ္ၾကပါတယ္။ ဒါ့ေၾကာင့္ ကိုယ္အေလးခ်ိန္ ထူးထူးျခားျခား တက္လာတာက သတိထားစရာအခ်က္လို႔ေျပာရင္ သိပ္သေဘာတူခ်င္ၾကမွာ မဟုတ္ပါဘူး။ ကေလးေတြ ႀကီးထြားဖြံ႕ၿဖိဳးတဲ့အ႐ြယ္မွာ အစာအုပ္စုေတြကို စုံလင္ေအာင္ ဂ႐ုစိုက္ၿပီးေကြၽးရပါမယ္။ ဒါမွသာ က်န္းက်န္းမာမာ ႀကီးထြားဖြံ႕ၿဖိဳးလာမွာ ျဖစ္ပါတယ္။ ဒီလိုတျဖည္းျဖည္းခ်င္း ႀကီးထြားဖြံ႕ၿဖိဳးလာတာမ်ိဳးမဟုတ္ဘဲ အခ်ိန္အနည္းငယ္အတြင္းမွာ ထူးထူးျခားျခား ဝလာတာမ်ိဳးဆိုရင္ေတာ့ သတိထားဖို႔လိုပါမယ္။ သိုင္း႐ြိဳက္ေဟာ္မုန္းနည္းတဲ့ Hypothyroidism ေရာဂါ၊ ေဖာေရာင္ျခင္း၊ Cushing’s syndrome၊ ေမြးရာပါ ႀကီးထြားေဟာ္မုန္းမညီမွ်ျခင္းေၾကာင့္ျဖစ္တဲ့ acromegaly ေရာဂါ စတဲ့ ေရာဂါေတြရဲ႕လကၡဏာေတြ ျဖစ္ေနႏိုင္ပါတယ္။

2.  ပင္ပန္းႏုံးခ်ိေနျခင္း
ကေလးက အခ်ိန္ေတာ္ေတာ္မ်ားမ်ားမွာ ပင္ပန္းႏုံးခ်ိေနတတ္သလား။ အိပ္ေရးဝေအာင္ အိပ္ထားေပမယ့္လည္း အာ႐ုံမစူးစိုက္ႏိုင္တာ၊ ပင္ပန္းႏုံးေခြေနတာ စတာေတြ ခံစားေနရပါသလား။ ကေလးေတြမွာ ကစားၿပီးလို႔ျဖစ္ျဖစ္၊ ကိုယ္လက္လႈပ္ရွားမႈလုပ္ၿပီးရင္ျဖစ္ျဖစ္ ပင္ပန္းတာကပုံမွန္ပါပဲ။ ဒါေပမဲ့ အၿမဲလိုလို ပင္ပန္းႏြမ္းနယ္ေနတာဆိုရင္ေတာ့ ဂ႐ုျပဳရမယ့္ က်န္းမာေရးလကၡဏာ ျဖစ္ပါတယ္။ အိပ္ေနစဥ္ အသက္ရႉရပ္တာ၊ ေသြးအားနည္းေရာဂါ စတာေတြေၾကာင့္ ျဖစ္ႏိုင္ပါတယ္။

3.  မ်က္ႏွာေဖာေရာင္ျခင္း
တကယ္လို႔ ကေလးဟာ မ်က္လုံးတစ္ဝိုက္မွာ၊ ေျခ၊ လက္ေတြမွာ ေဖာေရာင္လာတာ၊ အသားေတြယားတာ၊ အသက္ရႉၾကပ္တာ စတဲ့လကၡဏာေတြ ခံစားေနၿပီဆိုရင္ေတာ့ နီးစပ္ရာေဆး႐ုံေဆးခန္းကို အျမန္ေျပးဖို႔လိုပါၿပီ။ ဒါဟာ တစ္ခုခုနဲ႔ ဓာတ္မတည့္တဲ့အတြက္ ျဖစ္တဲ့လကၡဏာ ျဖစ္ႏိုင္ပါတယ္။ အမ်ားစုမတည့္တတ္တာကေတာ့ ေျမပဲ၊ ပုစြန္၊ တိရစာၦန္အေမြး၊ ပန္းဝတ္မႈန္ စတာေတြျဖစ္ၿပီး တခ်ိဳ႕ကေလးေတြမွာ ပ်ားတုပ္ခံရလို႔လည္း ဒီလကၡဏာေတြ ျဖစ္ႏိုင္ပါတယ္။

4.  အျမင့္က ျပဳတ္က်ၿပီးေနာက္ ထိုးအန္ျခင္း
ကေလးဆိုတာေတာ့ အရမ္းေဆာ့တတ္တဲ့အ႐ြယ္ေတြဆိုေတာ့ ေခ်ာ္လဲတာ၊ အျမင့္ကျပဳတ္က်တာ စတာေတြက သိပ္ထူးဆန္းတာေတာ့ မဟုတ္ပါဘူး။ ဒါေပမဲ့ အျမင့္ကျပဳတ္က်ၿပီးေနာက္မွာ သတိလစ္သြားတာ၊ စကားေကာင္းေကာင္း မေျပာႏိုင္တာ၊ မပ်ိဳ႕ဘဲထိုးအန္တာ စတဲ့လကၡဏာေတြ ေပၚလာရင္ေတာ့ ဆရာဝန္နဲ႔ အျမန္သြားေရာက္ ျပသသင့္ပါတယ္။ ေခါင္းအတြင္းပိုင္းကို ထိခိုက္တဲ့လကၡဏာေတြ ျဖစ္ႏိုင္လို႔ပါပဲ။

5.  ဗိုက္အရမ္းေအာင့္ျခင္း
ကေလးေတြမွာ ဗိုက္ေအာင့္တယ္ဆိုတာက ျဖစ္ေနက်လကၡဏာတစ္မ်ိဳးပါ။ အစားစားတာမ်ားသြားလို႔၊ အစာေၾကမလြယ္တာေတြ အစားမ်ားသြားလို႔၊ အပူအစပ္ေတြ၊ အသင့္စားအစားအစာေတြ စတဲ့ အေၾကာင္းေတြေၾကာင့္ ဗိုက္ေအာင့္ေစႏိုင္ပါတယ္။ ဒါေပမဲ့ ဗိုက္ရဲ႕ညာဘက္ေအာက္ပိုင္းမွာ ဆိုးဆိုး႐ြား႐ြားေအာင့္တာ၊ ဖ်ားတာ၊ ေအာ့အန္တာ၊ ဝမ္းေလွ်ာတာ စတဲ့လကၡဏာေတြ စုၿပီးျဖစ္လာၿပီဆိုရင္ေတာ့ အူအတက္ေရာင္တာ ျဖစ္ေနႏိုင္တဲ့အတြက္ ေဆး႐ုံေဆးခန္းကို ခ်က္ခ်င္းသြားေရာက္ျပသဖို႔ လိုပါတယ္။

6.  ကိုယ္အေလးခ်ိန္ ထူးထူးျခားျခားက်ျခင္း
ကေလးက ေကာင္းေကာင္းစားႏိုင္၊ အိပ္ႏိုင္၊ ေဆာ့ႏိုင္ေနေပမယ့္ ကိုယ္အေလးခ်ိန္က သိသိသာသာကို က်က်လာတာကလည္း ဆရာဝန္နဲ႔ သြားေရာက္ျပသသင့္တဲ့ လကၡဏာတစ္ခု ျဖစ္ပါတယ္။

7.  ေရအလြန္ဆာျခင္း
ကေလးက ေဆာ့ၿပီးလို႔ျဖစ္ေစ၊ ေနပူထဲကျပန္လာၿပီးျဖစ္ေစ ေရဆာတာ၊ ေရေသာက္ခ်င္တာက ပုံမွန္ပဲျဖစ္ပါတယ္။ ဒါေပမဲ့ ကိုယ္လက္လႈပ္ရွားမႈ မလုပ္ရေသးဘဲ၊ ေနပူထဲမထြက္ရဘဲ ေရ ခဏခဏဆာေနတာ၊ ေရေသာက္ၿပီးရင္လည္း မဝဘဲ ခဏခဏ ေရပဲေတာင္းေနတာဆိုရင္ေတာ့ ကေလးကိုဆရာဝန္နဲ႔ ျပသသင့္ပါတယ္။ ဒါဟာ ဆီးခ်ိဳေရာဂါရဲ႕လကၡဏာ ျဖစ္ေနႏိုင္လို႔ပါပဲ။

8.  ဆီးသြားရင္ နာက်င္ျခင္း
တကယ္လို႔ ကေလးက ဆီးသြားတိုင္း နာက်င္ေနတယ္ဆိုရင္ ဆီးလမ္းေၾကာင္းပိုးဝင္တဲ့လကၡဏာ ျဖစ္ႏိုင္သလို ဆီးေက်ာက္တည္တာလည္း ျဖစ္ႏိုင္တဲ့အတြက္ ေဆးခန္း အျမန္သြားျပသင့္ပါတယ္။

9.  အျပင္းဖ်ားၿပီး ေခါင္းကိုက္ျခင္း
ကေလးအ႐ြယ္မွာ ဖ်ားနာတာ၊ ေခ်ာင္းဆိုး၊ ႏွာေစးတာက ျဖစ္ေနက်ဆိုေပမယ့္ ကိုယ္ပူအရမ္းႀကီးၿပီး ဆက္တိုက္ကိုယ္ပူေနၿပီး ေခါင္းအရမ္းကိုက္တာလည္း တြဲျဖစ္ေနတယ္ဆိုရင္ေတာ့ ဦးေႏွာက္အေျမႇးေရာင္တာ ျဖစ္ႏိုင္တဲ့အတြက္ ေဆး႐ုံေဆးခန္းကို အျမန္သြားျပသင့္ပါတယ္။

10.  အသက္ရႉခက္ခဲျခင္း
ႏွာေခါင္းပိတ္တာတို႔၊ ႏွာေစးေနတာတို႔ေၾကာင့္ ကေလးေတြမွာ အသက္ရႉရခက္ေနတတ္ပါတယ္။ ဒါေပမဲ့ ကေလးက ရင္ဘတ္ေတြခ်ိဳင့္ဝင္တဲ့အထိ အသက္ရႉေနရတာ၊ ႏႈတ္ခမ္းေတြ အသားေတြ ျပာႏွမ္းေနတာ၊ အသက္ရႉတဲ့အခါ တ႐ႊီ႐ႊီျမည္တာ စတဲ့လကၡဏာေတြရွိေနရင္ေတာ့ အေရးေပၚျပသဖို႔ လိုပါတယ္။ ျပင္းထန္တဲ့ ေလႁပြန္ေရာင္ျခင္းျဖစ္ႏိုင္သလို ဓာတ္မတည့္ျခင္း၊ ပန္းနာရင္က်ပ္ေရာဂါရွိျခင္းတို႔ေၾကာင့္ ျဖစ္ႏိုင္ပါတယ္။
အေပၚမွာ ေျပာျပခဲ့တဲ့ ေရာဂါလကၡဏာေတြကေတာ့ ကေလးေတြအတြက္ တကယ္ကို အေရးႀကီးတဲ့ လကၡဏာေတြျဖစ္တဲ့အတြက္ တစ္ခုခုႀကဳံလာတာနဲ႔ ေဆး႐ုံေဆးခန္းျပသဖို႔၊ မေပါ့ဆၾကဖို႔အတြက္ ထပ္မံသတိေပးလိုက္ရပါတယ္။

ေဒါက္တာေအာင္ (www.drmyanmar.com)