/
news/ကလေးများနှင့်ကျန်းမာရေး/သားသားမီးမီးတို့ကို-ဖြည့်စွက်စာကျွေးတော့မယ်ဆိုရင်

သားသားမီးမီးတို့ကို ဖြည့်စွက်စာကျွေးတော့မယ်ဆိုရင် ဒါတွေကိုသိထားသင့်တယ်နော်

Category
ကလေးများနှင့်ကျန်းမာရေး

ကလေးအသက် ၆ လကနေ အနည်းဆုံး ၅ နှစ်အထိ ကျန်းမာရေးနဲ့ညီညွတ်တဲ့အစားအစာတွေကို ကျွေးဖို့ကအရမ်းကိုအရေးကြီးပါတယ်။ ဒါကသူတို့ရဲ့ဖွံ့ဖြိုးမှုမှာအရေးပါဆုံးသောအချိန်ပါ။

ဒီအရွယ်မှာ ကြီးထွားမှုကမြန်ဆန်တယ်၊ ကြွက်သားတွေကလည်း ဖွံ့ဖြိုးလာပြီ၊ စိတ်ပိုင်းဆိုင်ရာကလည်းဖွံ့ဖြိုးနေ၊ ဆဲလ်တွေလည်းကွဲပြားနေတဲ့အချိန်မှာ မှန်မှန်ကန်ကန်ကျွေးမှသာဒီဖြစ်စဉ်တွေကို ထောက်ပံ့ပေးနိုင်ရုံသာမကဘဲ ဖွံ့ဖြိုးမှုဆုတ်ယုတ်တာကို ရှောင်နိုင်ပြီးတော့ မှတ်ဉာဏ်အားကောင်းစေပါမယ်။

အများအားဖြင့်မိခင်တွေက ကလေးကိုဖြည့်စွက်စာဘယ်လိုမှန်မှန်ကန်ကန်ကျွေးရမလဲဆိုတာကို သိပ်မသိကြပါဘူး။ တစ်ခါတလေ ဒီအရွယ်ကလေးတွေက အစာရွေးလွန်းလို့ သူတို့ကို လိုအပ်တာတွေကျွေးဖို့အရမ်းခက်တာမျိုးတွေရှိပါတယ်။

ကမ္ဘာ့ကျန်းမာရေးအဖွဲ့က ကလေး အသက် ၆လအထိ မိခင်နို့တစ်မျိုးတည်းကိုသာတိုက်ဖို့ ညွှန်းထားပါတယ်။ ၆လပြည့်ပြီဆိုရင် ကလေးရဲ့စိတ်ပိုင်းဆိုင်ရာရောရုပ်ပိုင်းဆိုင်ရာပါဖွံ့ဖြိုးလာပြိးတော့ အားအင်တွေလိုလာပြီဖြစ်လို့ မိခင်နို့တစ်မျိုးတည်းနဲ့မလောက်တော့ဘဲနဲ့ ဖြည့်စွက်စာစကျွေးဖို့လိုပါပြီ။

Ceelin Plus 1

ဖြည့်စွက်စာစကျွေးချိန်မှာ ကလေးရဲ့အစာခြေစနစ်က ပြည့်ပြည့်ဝဝမဖွံ့ဖြိုးသေးလို့ အစာပျော့ပျော့လေးတွေနဲ့စရပါမယ်။ ဒီအဆင့်မှာ မကျွေးရမယ့်အစားအစာတွေလည်းရှိပါတယ်။ ကလေးကိုကျွေးတဲ့အခါမှာ ဘယ်အစားအစာတွေက ကလေးကိုနေရခက်စေလဲ၊ ကလေးနဲ့ဓာတ်မတည့်ဘူးလဲဆိုတာနဲ့ ကလေးကဘာကိုအကြိုက်ဆုံးလဲဆိုတာတွေကို သေချာစောင့်ကြည့်ရပါမယ်။

ပြီးတော့ ကလေးတွမှာ တစ်ချို့အစားအစာတွေကို ဓာတ်မတည့်တာတွေအဖြစ်များပါတယ်။ မတည့်တာတွေကျွေးမိရင် ကလေးမှာ အကွက်တွေထလာတာ၊ တခြားပြဿနာတစ်ခုခုပြတတ်ပါတယ်။ ဒီလိုဓာတ်မတည့်ဘူးဆိုရင် အဲဒီအစားအစာကိုမကျွေးပါနဲ့တော့။ ဒီအစားအစာနဲ့အာဟာ၇ဓာတ်ပါဝင်မှုတူတဲ့တခြားအစားအစာကိုကျွေးပါ။

အသားဓာတ်ရဖို့အတွက် ပဲ၊ ငါး၊ ကြက်ဥ တွေကျွေးလို့ရပါတယ်။ တစ်ချို့ကလေးတွေက ကြက်ဥနဲ့ ဓာတ်မတည့်တတ်တာမျိုးရှိလို့ သေချာစောင့်ကြည့်ဖို့တော့လိုပါတယ်။

>> ဘာတွေကိုရှောင်ရမလဲ

အများအားဖြင့်အမေတွေက ကလေးတွေကို သစ်သီးတွေနဲ့စကျွေးတတ်ပါတယ်။ ဒါတွေကိုစကျွေးတဲ့အခါမှာ ကလေးက ဟင်းသီးဟင်းရွက်၊ အစာမာ စတဲ့တခြားအစားအစာတွေကိုငြင်းနိုင်တဲ့ဖြစ်နိုင်ချေများလို့ ဒီလိုမလုပ်သင့်ပါဘူးတဲ့။  ငှက်ပျောသီး၊ သရက်သီးစတဲ့ အသီးတွေကချိုတဲ့အတွက် ကလေးတွေက ချိုတာကိုကြိုက်သွားပါတယ်။

ဒါကြောင့်လည်း ခုခေတ်မှာ ကလေးတွေက တစ်ချို့အစားအစာတွေကိုမစားဘဲငြင်းလို့ အမေတွေ အာဟာရအထူးကုဆရာဝန်တွေဆီလာပြီးတော့ တိုင်ပင်ဆွေးနွေးရတာများပါတယ်။

ဒီတော့ တခြားအစားအစာတွေကိုစကျွေးပြီးတော့ ဒီအစားအစာတွေကို ကလေးကစားနေကျဖြစ်သွားပြီးတော့မှ သစ်သီးကိုကျွေးသင့်ပါတယ်။ ထောပတ်သီးလိုမျိုးမချိုတဲ့အသီးတွေကိုတော့ စောစောကျွေးလို့ရပါတယ်။

ပြီးတော့ သစ်သီး ၂ မျိုးထက်ပိုပြီးတော့ရောကြိတ်ကျွေးတာမျိုးလည်းမလုပ်သင့်ပါဘူး။ ဘာလို့လဲဆိုတော့ အသီးတော်တော်များများက အက်ဆစ်ပါတဲ့အတွက် ရောလိုက်တဲ့အခါမှာ အက်ဆစ်ပါဝင်မှုပိုများသွားပြီးတော့ ကလေးမှာ အစာအိမ်ပြသနာဖြစ်တတ်ပါတယ်။

အသီးတစ်နေ့တစ်မျိုးပြောင်းကျွေးပါ။ ကလေးကိုဖြည့်စွက်စာကျွေးပြီဆိုတာနဲ့နို့တိုက်ဖို့မလိုတော့တာမဟုတ်ဘူးနော်။ အနည်းဆုံးကလေး အသက် ၂ နှစ်အထိနို့ဆက်တိုက်သင့်ပါယ်။

Ceelin Plus 2

>> ကလေးကတစ်ချို့အစားအစာတွေကိုဓာတ်မတည့်ရင်ဘယ်လိုလုပ်မလဲ

ဓာတ်မတည့်တဲ့အခါမှာ ဝမ်းပျက်ဝမ်းလျှော၊ အန်၊ အကွက်တွေဖြစ်တတ်ပါတယ်။ ကလေးနဲ့မတည့်တဲ့ဟာကိုဆက်ကျွေးနေရင် နောက်ပိုင်းမှာ ကလေးမှာ အစာအိမ်အနာနဲ့တခြားပြဿနာတွေဖြစ်စေနိုင်ပါတယ်။

>> ဘယ်လောက်များများကျွေးရမလဲ

ကလေးတွေကိုအစာမာမာစကျွေးတဲ့အခါမှာ သူတို့ရဲ့အူလေးကသေးသေးတဲ့အတွက် အများကြီးမစားနိုင်ပါဘူး။ ကလေးကို တစ်ခါကျွေးရင် ၃-၄ ဇွန်းလောက်ကျွေးပြီး ၄ နာရီခြားတစ်ခါလောက်ကျွေးသင့်ပါတယ်။ ကလေးကို တစ်ခါတည်းအများကြီးမကျွေးဘဲနဲ့ နည်းနည်းနဲ့မကြာခဏကျွေးပေးဖို့အရေးကြီးပါတယ်။

ကလေးကို အစာကျွေးတဲ့အချိန်မှာ ကလေးရဲ့စိတ်ဝင်စားမှုကိုရဖို့အတွက် ကလေးနဲ့အတူစားတာ၊ သီချင်းဆိုပြတာတွေလုပ်ပေးလို့ရပါတယ်။

Dr. Mya Myo Myo Swe (www.drmyanmar.com)

(Zawgyi)

 

ကေလးအသက္ ၆ လကေန အနည္းဆံုး ၅ ႏွစ္အထိ က်န္းမာေရးနဲ႔ညီညြတ္တဲ့အစားအစာေတြကို ေကၽြးဖို႔ကအရမ္းကိုအေရးၾကီးပါတယ္။ ဒါကသူတို႔ရဲ႕ဖြံ႕ျဖိဳးမႈမွာအေရးပါဆံုးေသာအခ်ိန္ပါ။

ဒီအရြယ္မွာ ၾကီးထြားမႈကျမန္ဆန္တယ္၊ ၾကြက္သားေတြကလည္း ဖြံ႕ျဖိဳးလာျပီ၊ စိတ္ပိုင္းဆိုင္ရာကလည္းဖြံ႕ျဖိဳးေန၊ ဆဲလ္ေတြလည္းကြဲျပားေနတဲ့အခ်ိန္မွာ မွန္မွန္ကန္ကန္ေကၽြးမွသာဒီျဖစ္စဥ္ေတြကို ေထာက္ပံ့ေပးႏိုင္ရံုသာမကဘဲ ဖြံ႕ျဖိဳးမႈဆုတ္ယုတ္တာကို ေရွာင္ႏိုင္ျပီးေတာ့ မွတ္ဥာဏ္အားေကာင္းေစပါမယ္။

အမ်ားအားျဖင့္မိခင္ေတြက ကေလးကိုျဖည့္စြက္စာဘယ္လိုမွန္မွန္ကန္ကန္ေကၽြးရမလဲဆိုတာကို သိပ္မသိၾကပါဘူး။ တစ္ခါတေလ ဒီအရြယ္ကေလးေတြက အစာေရြးလြန္းလို႔ သူတို႔ကို လိုအပ္တာေတြေကၽြးဖို႔အရမ္းခက္တာမ်ိဳးေတြရွိပါတယ္။

ကမၻာ့က်န္းမာေရးအဖြဲ႕က ကေလး အသက္ ၆လအထိ မိခင္ႏို႔တစ္မ်ိဳးတည္းကိုသာတိုက္ဖို႔ ညႊန္းထားပါတယ္။ ၆လျပည့္ျပီဆိုရင္ ကေလးရဲ႕စိတ္ပိုင္းဆိုင္ရာေရာရုပ္ပိုင္းဆိုင္ရာပါဖြံ႕ျဖိဳးလာျပိးေတာ့ အားအင္ေတြလိုလာျပီျဖစ္လို႔ မိခင္ႏို႔တစ္မ်ိဳးတည္းနဲ႔မေလာက္ေတာ့ဘဲနဲ႔ ျဖည့္စြက္စာစေကၽြးဖို႔လိုပါျပီ။

ျဖည့္စြက္စာစေကၽြးခ်ိန္မွာ ကေလးရဲ႕အစာေျခစနစ္က ျပည့္ျပည့္ဝဝမဖြံ႕ျဖိဳးေသးလို႔ အစာေပ်ာ့ေပ်ာ့ေလးေတြနဲ႔စရပါမယ္။ ဒီအဆင့္မွာ မေကၽြးရမယ့္အစားအစာေတြလည္းရွိပါတယ္။ ကေလးကိုေကၽြးတဲ့အခါမွာ ဘယ္အစားအစာေတြက ကေလးကိုေနရခက္ေစလဲ၊ ကေလးနဲ႔ဓာတ္မတည့္ဘူးလဲဆုိတာနဲ႔ ကေလးကဘာကိုအၾကိဳက္ဆံုးလဲဆိုတာေတြကို ေသခ်ာေစာင့္ၾကည့္ရပါမယ္။

ျပီးေတာ့ ကေလးတြမွာ တစ္ခ်ိဳ႕အစားအစာေတြကို ဓာတ္မတည့္တာေတြအျဖစ္မ်ားပါတယ္။ မတည့္တာေတြေကၽြးမိရင္ ကေလးမွာ အကြက္ေတြထလာတာ၊ တျခားျပႆနာတစ္ခုခုျပတတ္ပါတယ္။ ဒီလိုဓာတ္မတည့္ဘူးဆိုရင္ အဲဒီအစားအစာကိုမေကၽြးပါန႔ဲေတာ့။ ဒီအစားအစာနဲ႔အာဟာ၇ဓာတ္ပါဝင္မႈတူတဲ့တျခားအစားအစာကိုေကၽြးပါ။

အသားဓာတ္ရဖို႔အတြက္ ပဲ၊ ငါး၊ ၾကက္ဥ ေတြေကၽြးလို႔ရပါတယ္။ တစ္ခ်ိဳ႕ကေလးေတြက ၾကက္ဥနဲ႔ ဓာတ္မတည့္တတ္တာမ်ိဳးရွိလို႔ ေသခ်ာေစာင့္ၾကည့္ဖို႔ေတာ့လိုပါတယ္။

>> ဘာေတြကိုေရွာင္ရမလဲ

အမ်ားအားျဖင့္အေမေတြက ကေလးေတြကို သစ္သီးေတြနဲ႔စေကၽြးတတ္ပါတယ္။ ဒါေတြကိုစေကၽြးတဲ့အခါမွာ ကေလးက ဟင္းသီးဟင္းရြက္၊ အစာမာ စတဲ့တျခားအစားအစာေတြကိုျငင္းႏိုင္တဲ့ျဖစ္ႏိုင္ေခ်မ်ားလို႔ ဒီလိုမလုပ္သင့္ပါဘူးတဲ့။  ငွက္ေပ်ာသီး၊ သရက္သီးစတဲ့ အသီးေတြကခ်ိဳတဲ့အတြက္ ကေလးေတြက ခ်ိဳတာကိုႀကိဳက္သြားပါတယ္။

ဒါေၾကာင့္လည္း ခုေခတ္မွာ ကေလးေတြက တစ္ခ်ိဳ႕အစားအစာေတြကိုမစားဘဲျငင္းလို႔ အေမေတြ အာဟာရအထူးကုဆရာဝန္ေတြဆီလာျပီးေတာ့ တိုင္ပင္ေဆြးေႏြးရတာမ်ားပါတယ္။

ဒီေတာ့ တျခားအစားအစာေတြကိုစေကၽြးျပီးေတာ့ ဒီအစားအစာေတြကို ကေလးကစားေနက်ျဖစ္သြားျပီးေတာ့မွ သစ္သီးကိုေကၽြးသင့္ပါတယ္။ ေထာပတ္သီးလိုမ်ိဳးမခ်ိဳတဲ့အသီးေတြကိုေတာ့ ေစာေစာေကၽြးလို႔ရပါတယ္။

ျပီးေတာ့ သစ္သီး ၂ မ်ိဳးထက္ပိုျပီးေတာ့ေရာၾကိတ္ေကၽြးတာမ်ိဳးလည္းမလုပ္သင့္ပါဘူး။ ဘာလို႔လဲဆိုေတာ့ အသီးေတာ္ေတာ္မ်ားမ်ားက အက္ဆစ္ပါတဲ့အတြက္ ေရာလိုက္တဲ့အခါမွာ အက္ဆစ္ပါဝင္မႈပိုမ်ားသြားျပီးေတာ့ ကေလးမွာ အစာအိမ္ျပသနာျဖစ္တတ္ပါတယ္။

အသီးတစ္ေန႔တစ္မ်ိဳးေျပာင္းေကၽြးပါ။ ကေလးကိုျဖည့္စြက္စာေကၽြးျပီဆိုတာနဲ႔ႏို႔တိုက္ဖို႔မလိုေတာ့တာမဟုတ္ဘူးေနာ္။ အနည္းဆံုးကေလး အသက္ ၂ ႏွစ္အထိႏို႔ဆက္တိုက္သင့္ပါယ္။

>> ကေလးကတစ္ခ်ိဳ႕အစားအစာေတြကိုဓာတ္မတည့္ရင္ဘယ္လိုလုပ္မလဲ

ဓာတ္မတည့္တဲ့အခါမွာ ဝမ္းပ်က္ဝမ္းေလွ်ာ၊ အန္၊ အကြက္ေတြျဖစ္တတ္ပါတယ္။ ကေလးနဲ႔မတည့္တဲ့ဟာကိုဆက္ေကၽြးေနရင္ ေနာက္ပိုင္းမွာ ကေလးမွာ အစာအိမ္အနာနဲ႔တျခားျပႆနာေတြျဖစ္ေစႏိုင္ပါတယ္။

>> ဘယ္ေလာက္မ်ားမ်ားေကၽြးရမလဲ

ကေလးေတြကိုအစာမာမာစေကၽြးတဲ့အခါမွာ သူတို႔ရဲ႕အူေလးကေသးေသးတဲ့အတြက္ အမ်ားၾကီးမစားႏိုင္ပါဘူး။ ကေလးကို တစ္ခါေကၽြးရင္ ၃-၄ ဇြန္းေလာက္ေကၽြးျပီး ၄ နာရီျခားတစ္ခါေလာက္ေကၽြးသင့္ပါတယ္။ ကေလးကို တစ္ခါတည္းအမ်ားၾကီးမေကၽြးဘဲနဲ႔ နည္းနည္းနဲ႔မၾကာခဏေကၽြးေပးဖို႔အေရးၾကီးပါတယ္။

ကေလးကို အစာေကၽြးတဲ့အခ်ိန္မွာ ကေလးရဲ႕စိတ္ဝင္စားမႈကိုရဖို႔အတြက္ ကေလးနဲ႔အတူစားတာ၊ သီခ်င္းဆိုျပတာေတြလုပ္ေပးလို႔ရပါတယ္။

Dr. Mya Myo Myo Swe (www.drmyanmar.com)