/
news/ကလေးများနှင့်ကျန်းမာရေး/မိဘတွေသိထားသင့်သည့်-ဆယ်ကျော်သက်အရွယ်လေးများ၏

မိဘတွေသိထားသင့်သည့် ဆယ်ကျော်သက်အရွယ်လေးများ၏ ဦးနှောက်ဖွံ့ဖြိုးမှုဆိုင်ရာအချက်များ

Category
ကလေးများနှင့်ကျန်းမာရေး

လေ့လာမှုတွေအရ အရွယ်ရောက်ပြီးတဲ့သူတွေနဲ့ ဆယ်ကျော်သက်အရွယ်တွေရဲ့ ဦးနှောက်အလုပ်လုပ်ပုံခြင်း မတူညီကြပါဘူး။ အရွယ်ရောက်ပြီးသူတွေက အကြောင်းအကျိုး သေချာစဉ်းစားတွေးခေါ်ပြီး ကောင်းကောင်းဆုံးဖြတ်နိုင်စွမ်းနဲ့ ရှေ့ရေးကိုပါတွေးခေါ် တတ်ကြပေမယ့် ဆယ်ကျော်သက်တွေကတော့ စိတ်ခံစားမှုနဲ့ဆိုင်တဲ့ ဦးနှောက်ရဲ့ အစိတ်အပိုင်းနဲ့တွေးခေါ်ပါတယ်။

        ဆယ်ကျော်သက်တွေရဲ့ ဦးနှောက်ထဲမှာဆိုရင် စိတ်ခံစားမှုနဲ့ဆိုင်တဲ့ ဦးနှောက်အစိတ်အပိုင်းနဲ့ ဆုံးဖြတ်ချက်ချနိုင်တဲ့အစိတ်အပိုင်းအကြား ဆက်သွယ်တဲ့ လမ်းကြောင်းက ဖွံ့ဖြိုးဆဲဖြစ်ပါတယ်။ ဒါကြောင့် ဆယ်ကျော်သက်တွေက စိတ်ခံစားချက်ကိုပဲ ဦးစားပေးကြပါတယ်။

 

>> မိဘတွေအနေနဲ့ ကလေးတွေကို ဘယ်လို လမ်းညွှန်ပေးသင့်သလဲ?

 

        မိဘဆိုတာ သားသမီးတွေအတွက် အလွန်အရေးကြီးတဲ့ စံပြလူသားတွေဖြစ်ပါတယ်။ မိဘတွေအနေနဲ့သားသမီးတွေကို ထိန်းကျောင်းပဲ့ကိုင်တဲ့နည်းလမ်းတွေက ကလေးတွေအပေါ် ကြီးမားတဲ့အကျိုးသက်ရောက်မှုရှိပါတယ်။

- ကလေးတွေကို လုပ်ဆောင်ချက်တစ်ခု၊ အပြုအမူတစ်ခုရဲ့ ကောင်းကျိုး၊ ဆိုးကျိုးတွေကို အချက်အလက်တွေနဲ့ သေချာရှင်းလင်းဆွေးနွေးခြင်းဖြင့် ကေလေးတွေရဲ့တွေးခေါ်နိုင်စွမ်းကို အထောက်အကူဖြစ်စေပါတယ်။ ဒီလိုပြုလုပ်ပေးခြင်းကြောင့် စိတ်ခံစားချက်နဲ့ အတွေးခေါ်ပိုင်းဆိုင်ရာ ဦးနှောက်အစိတ်အပိုင်းနှစ်ခုရဲ့ ဆက်သွယ်ချက်ကို ပိုပြီးဖွံ့ဖြိုးစေပါတယ်။

Nutroplex 1

- ကလေးတွေကို သူတို့က စွမ်းဆောင်နိုင်စွမ်းရှိတယ်ဆိုတာနဲ့ တော်တယ်ဆိုတာကို အမြဲပြောပြပေးပါ။ ဘာကြောင့်လည်းဆိုတော့ ကလေးတွေက လက်ရှိအချိန်ကိုပဲ အာရုံစိုက်လေ့ရှိကြပြီး လူကြီးတွေပြဿနာဖြစ်နေတာကို ကြုံတွေ့ရရင် သူတို့ ဘာမှမလုပ်ပေးနိုင်ဘူးလို့ပဲထင်တတ်ကြပါတယ်။ အရင်က သူတို့လုပ်ခဲ့ဖူးတဲ့အလုပ်တွေကို ပြန်ပြောပြပြီး သူတို့ရဲ့စွမ်းဆောင်နိုင်စွမ်းကို သတိရနေပါစေ။

- ကလေးတွေကြိုက်တတ်တဲ့အရာတွေ အလေ့အထတွေကို အလေးထားပြီး အကျွမ်းတဝင်ရှိနေပါစေ။ ဆိုလိုတာက မိဘတွေအနေနဲ့ ဟစ်ဟော့သီချင်းတွေကို လိုက်ပြီးကြိုက်ရမယ်လို့ပြောတာမဟုတ်ပါဘူး။ သူတို့ စိတ်ဝင်စားတဲ့အရာတွေကို စိတ်ဝင်တစားရှိခြင်းဖြင့် ကလေးတွေရဲ့စိတ်ထဲမှာ မိဘတွေအတွက် သူတို့ကအရေးကြီးတယ်ဆိုတာကို သိသွားစေပါတယ်။

- ကလေးတွေက သူတို့ရဲ့ပြဿနာတွေကို လာပြောတဲ့အခါမှာ နားထောင်ပေးရုံပဲပေးရမလား၊ ဖြေရှင်းပေးဖို့လို သလားဆိုတာကို သူတို့ဆန္ဒကိုမေးမြန်းပါ။ အများအားဖြင့် မိဘတွေက ကလေးတွေရဲ့ပြဿနာကို အတင်းဖြေရှင်းပေးလိုက်တာမျိုး၊ ကလေးတွေကို အပြစ်တင်တာမျိုးတွေလုပ်လေ့ရှိကြပါတယ်။ ဒီအခါမှာ ကလေးတွေက နောက်ဆိုရင် သူတို့ရဲ့အခက်အခဲတွေပြဿနာတွေကို မိဘတွေကို ဖွင့်ဟတိုင်ပင်ဖို့ ကြောက်လာတတ်ကြပါတယ်။

>> ဆယ်ကျော်သက်အရွယ်ကလေးများ၏ ပုံမှန်မဟုတ်သောလက္ခဏာများ

 

        ဆယ်ကျော်သက်တွေမှာ ပုံမှန်အားဖြင့် စိတ်ခံစားလွယ်ပြီး တစ်ခါတစ်ရံမှာ ရက်အတော်ကြာငြိမ်ကျ သွားတတ်တာမျိုးတွေရှိပါတယ်။ ဒါကပုံမှန်ပါပဲ။ ဒါပေမယ့် ကလေးက နှစ်ပတ်ကျော်လောက် စိတ်ပိုင်းဆိုင်ရာနဲ့ အပြုအမူပိုင်းဆိုင်ရာ သိသိသာသာပြောင်းနေတာဆိုရင်တော့ စိတ်ကျရောဂါကဲ့သို့သော တစ်စုံတစ်ခု မှားယွင်းနေလို့ဖြစ်နိုင်ပါတယ်။

        ကလေးဒီလိုအခြေအနေဖြစ်နေရင် ကုသမှုမြန်မြန်ရရှိဖို့လိုပါတယ်။ စိတ်ကျရောဂါက ပြင်းထန်ပြီးတော့ မကုဘဲထားရင် အသက်အန္တရာယ်အထိပါ စိုးရိမ်ရနိုင်ပါတယ်။

        အမှန်တော့ ဆယ်ကျော်သက်အရွယ်တွေအတွက် မိဘတွေရဲ့ လမ်းညွှန်မှုဟာ မရှိမဖြစ်လိုအပ်ပါတယ်။ သူတို့ရဲ့ စိတ်ပိုင်းဆိုင်ရာဖွံ့ဖြိုးပုံတွေကို သိထားခြင်းဖြင့် မှီခိုမှုကင်းမဲ့ပြီး ကိုယ့်ကိုယ်ကို တာဝန်ယူနိုင်တဲ့ လူကြီးတစ်ယောက်ဖြစ်လာအောင် အထောက်အကူပေးနိုင်ပါတယ်။

Dr. Mya Myo Myo Swe (www.drmyanmar.com)

Nutroplex 2

ေလ့လာမႈေတြအရ အ႐ြယ္ေရာက္ၿပီးတဲ့သူေတြနဲ႔ ဆယ္ေက်ာ္သက္အ႐ြယ္ေတြရဲ႕ ဦးေႏွာက္အလုပ္လုပ္ပုံျခင္း မတူညီၾကပါဘူး။ အ႐ြယ္ေရာက္ၿပီးသူေတြက အေၾကာင္းအက်ိဳး ေသခ်ာစဥ္းစားေတြးေခၚၿပီး ေကာင္းေကာင္းဆုံးျဖတ္ႏိုင္စြမ္းနဲ႔ ေရွ႕ေရးကိုပါေတြးေခၚ တတ္ၾကေပမယ့္ ဆယ္ေက်ာ္သက္ေတြကေတာ့ စိတ္ခံစားမႈနဲ႔ဆိုင္တဲ့ ဦးေႏွာက္ရဲ႕ အစိတ္အပိုင္းနဲ႔ေတြးေခၚပါတယ္။

        ဆယ္ေက်ာ္သက္ေတြရဲ႕ ဦးေႏွာက္ထဲမွာဆိုရင္ စိတ္ခံစားမႈနဲ႔ဆိုင္တဲ့ ဦးေႏွာက္အစိတ္အပိုင္းနဲ႔ ဆုံးျဖတ္ခ်က္ခ်ႏိုင္တဲ့အစိတ္အပိုင္းအၾကား ဆက္သြယ္တဲ့ လမ္းေၾကာင္းက ဖြံ႕ၿဖိဳးဆဲျဖစ္ပါတယ္။ ဒါေၾကာင့္ ဆယ္ေက်ာ္သက္ေတြက စိတ္ခံစားခ်က္ကိုပဲ ဦးစားေပးၾကပါတယ္။

 

>> မိဘေတြအေနနဲ႔ ကေလးေတြကို ဘယ္လို လမ္းၫႊန္ေပးသင့္သလဲ?

 

        မိဘဆိုတာ သားသမီးေတြအတြက္ အလြန္အေရးႀကီးတဲ့ စံျပလူသားေတြျဖစ္ပါတယ္။ မိဘေတြအေနနဲ႔သားသမီးေတြကို ထိန္းေက်ာင္းပဲ့ကိုင္တဲ့နည္းလမ္းေတြက ကေလးေတြအေပၚ ႀကီးမားတဲ့အက်ိဳးသက္ေရာက္မႈရွိပါတယ္။

- ကေလးေတြကို လုပ္ေဆာင္ခ်က္တစ္ခု၊ အျပဳအမူတစ္ခုရဲ႕ ေကာင္းက်ိဳး၊ ဆိုးက်ိဳးေတြကို အခ်က္အလက္ေတြနဲ႔ ေသခ်ာရွင္းလင္းေဆြးေႏြးျခင္းျဖင့္ ေကေလးေတြရဲ႕ေတြးေခၚႏိုင္စြမ္းကို အေထာက္အကူျဖစ္ေစပါတယ္။ ဒီလိုျပဳလုပ္ေပးျခင္းေၾကာင့္ စိတ္ခံစားခ်က္နဲ႔ အေတြးေခၚပိုင္းဆိုင္ရာ ဦးေႏွာက္အစိတ္အပိုင္းႏွစ္ခုရဲ႕ ဆက္သြယ္ခ်က္ကို ပိုၿပီးဖြံ႕ၿဖိဳးေစပါတယ္။

- ကေလးေတြကို သူတို႔က စြမ္းေဆာင္ႏိုင္စြမ္းရွိတယ္ဆိုတာနဲ႔ ေတာ္တယ္ဆိုတာကို အၿမဲေျပာျပေပးပါ။ ဘာေၾကာင့္လည္းဆိုေတာ့ ကေလးေတြက လက္ရွိအခ်ိန္ကိုပဲ အာ႐ုံစိုက္ေလ့ရွိၾကၿပီး လူႀကီးေတြျပႆနာျဖစ္ေနတာကို ႀကဳံေတြ႕ရရင္ သူတို႔ ဘာမွမလုပ္ေပးႏိုင္ဘူးလို႔ပဲထင္တတ္ၾကပါတယ္။ အရင္က သူတို႔လုပ္ခဲ့ဖူးတဲ့အလုပ္ေတြကို ျပန္ေျပာျပၿပီး သူတို႔ရဲ႕စြမ္းေဆာင္ႏိုင္စြမ္းကို သတိရေနပါေစ။

- ကေလးေတြႀကိဳက္တတ္တဲ့အရာေတြ အေလ့အထေတြကို အေလးထားၿပီး အကြၽမ္းတဝင္ရွိေနပါေစ။ ဆိုလိုတာက မိဘေတြအေနနဲ႔ ဟစ္ေဟာ့သီခ်င္းေတြကို လိုက္ၿပီးႀကိဳက္ရမယ္လို႔ေျပာတာမဟုတ္ပါဘူး။ သူတို႔ စိတ္ဝင္စားတဲ့အရာေတြကို စိတ္ဝင္တစားရွိျခင္းျဖင့္ ကေလးေတြရဲ႕စိတ္ထဲမွာ မိဘေတြအတြက္ သူတို႔ကအေရးႀကီးတယ္ဆိုတာကို သိသြားေစပါတယ္။

- ကေလးေတြက သူတို႔ရဲ႕ျပႆနာေတြကို လာေျပာတဲ့အခါမွာ နားေထာင္ေပး႐ုံပဲေပးရမလား၊ ေျဖရွင္းေပးဖို႔လို သလားဆိုတာကို သူတို႔ဆႏၵကိုေမးျမန္းပါ။ အမ်ားအားျဖင့္ မိဘေတြက ကေလးေတြရဲ႕ျပႆနာကို အတင္းေျဖရွင္းေပးလိုက္တာမ်ိဳး၊ ကေလးေတြကို အျပစ္တင္တာမ်ိဳးေတြလုပ္ေလ့ရွိၾကပါတယ္။ ဒီအခါမွာ ကေလးေတြက ေနာက္ဆိုရင္ သူတို႔ရဲ႕အခက္အခဲေတြျပႆနာေတြကို မိဘေတြကို ဖြင့္ဟတိုင္ပင္ဖို႔ ေၾကာက္လာတတ္ၾကပါတယ္။

>> ဆယ္ေက်ာ္သက္အ႐ြယ္ကေလးမ်ား၏ ပုံမွန္မဟုတ္ေသာလကၡဏာမ်ား

 

        ဆယ္ေက်ာ္သက္ေတြမွာ ပုံမွန္အားျဖင့္ စိတ္ခံစားလြယ္ၿပီး တစ္ခါတစ္ရံမွာ ရက္အေတာ္ၾကာၿငိမ္က် သြားတတ္တာမ်ိဳးေတြရွိပါတယ္။ ဒါကပုံမွန္ပါပဲ။ ဒါေပမယ့္ ကေလးက ႏွစ္ပတ္ေက်ာ္ေလာက္ စိတ္ပိုင္းဆိုင္ရာနဲ႔ အျပဳအမူပိုင္းဆိုင္ရာ သိသိသာသာေျပာင္းေနတာဆိုရင္ေတာ့ စိတ္က်ေရာဂါကဲ့သို႔ေသာ တစ္စုံတစ္ခု မွားယြင္းေနလို႔ျဖစ္ႏိုင္ပါတယ္။

        ကေလးဒီလိုအေျခအေနျဖစ္ေနရင္ ကုသမႈျမန္ျမန္ရရွိဖို႔လိုပါတယ္။ စိတ္က်ေရာဂါက ျပင္းထန္ၿပီးေတာ့ မကုဘဲထားရင္ အသက္အႏၲရာယ္အထိပါ စိုးရိမ္ရႏိုင္ပါတယ္။

        အမွန္ေတာ့ ဆယ္ေက်ာ္သက္အ႐ြယ္ေတြအတြက္ မိဘေတြရဲ႕ လမ္းၫႊန္မႈဟာ မရွိမျဖစ္လိုအပ္ပါတယ္။ သူတို႔ရဲ႕ စိတ္ပိုင္းဆိုင္ရာဖြံ႕ၿဖိဳးပုံေတြကို သိထားျခင္းျဖင့္ မွီခိုမႈကင္းမဲ့ၿပီး ကိုယ့္ကိုယ္ကို တာဝန္ယူႏိုင္တဲ့ လူႀကီးတစ္ေယာက္ျဖစ္လာေအာင္ အေထာက္အကူေပးႏိုင္ပါတယ္။

Dr. Mya Myo Myo Swe (www.drmyanmar.com)