/
news/ကလေးများနှင့်ကျန်းမာရေး/ကလေးလေးတွေရဲ့-မျက်လုံးကို-ငယ်ရွယ်စဉ်ကတည်းက-ဂရုစိုက်ပါ

ကလေးလေးတွေရဲ့ မျက်လုံးကို ငယ်ရွယ်စဉ်ကတည်းက ဂရုစိုက်ပါ

Category
ကလေးများနှင့်ကျန်းမာရေး

တချို့ မျက်လုံးနဲ့ပတ်သက်တဲ့ရောဂါတွေက ငယ်ငယ်လေးထဲက သိပြီး ကုသခဲ့ရင် ပျောက်ကင်းနိုင်ချေ 100 % ရှိပါတယ်။ မျက်စိအမြင်အာရုံဟာ ကလေးရဲ့ ဖွံဖြိုးမှု၊ ပျော်ရွှင်မှုတွေသာမက ကျောင်းပညာရေးတိုးတက်မှုတွေ အတွက်ပါ အရေးကြီးပါတယ်။ ဒါကြောင့် ကလေးရဲ့ မျက်စိအမြင်အာရုံကို ငယ်စဉ်ကတည်းက ပုံမှန်စစ်ဆေးပေးသင့်ပါတယ်။

>>  အဓိက အဖြစ်များတဲ့ရောဂါတွေက -
●  Lazy Eyes (Amblyopia)
ဒါကတော့ အမြင်အာရုံရအောင် အဓိက လုပ်ဆောင်ပေးရတဲ့ မျက်စိနဲ့ ဦးနှောက်ကြားက အာရုံကြော (nerve) လေးတွေ ငယ်ရွယ်တဲ့အချိန်မှာ ကောင်းကောင်းမဖွံဖြိုးရာကနေ မျက်စိတစ်ဖက်ပဲ မြင်ရပြီး တစ်ဖက်က အရမ်းမှုန်တာ၊ လုံးဝမမြင်ရဘဲ ဖြစ်သွားတာမျိုးပါ။ ဒီရောဂါကို မျက်မှန်တွေ၊ မျက်စဉ်းတွေ၊ နောက်ဆုံး ခွဲစိတ်ပြီးတော့ဖြစ်ဖြစ် လုံးဝပြန်ကောင်းအောင် ကုသနိုင်ပါတယ်။ ဒါပေမဲ့ အသက် ၈ နှစ်ကျော်သွားရင်တော့ ကုသဖို့ ခက်ခဲတာမို့ စောစော စစ်ဆေးကြည့်ဖို့ လိုအပ်ပါတယ်။

Ceelin Plus 1

●  Crossed Eyes (Strabismus)
ကလေးရဲ့ မျက်လုံးတွေဟာ မတူညီတဲ့ တစ်ဖက်ဆီကို ကြည့်တာမျိုးဆိုတော့ မျက်စိစွေတာမျိုးပေါ့နော်။ ထူးဆန်းစွာနဲ့ ဒီရောဂါဖြစ်တာ ၆ နှစ်အောက်ကလေးတွေရဲ့ ၄% လောက် ရှိပါတယ်တဲ့။ ဖြစ်ပွားရတဲ့ အကြောင်းအရင်းကို တိတိကျကျ မသိပေမယ့် ဒီရောဂါက မျိုးရိုးလိုက်တတ်ပါတယ်။ မျက်မှန်တတ်ဖို့ လိုနိုင်သလို၊ လိုအပ်ရင် ခွဲစိတ်ပြီးတော့ ပျောက်ကင်းအောင် လုပ်လို့ရပါတယ်တဲ့။

●  Sports Safety
နောက်တစ်ခုက အားကစားလုပ်ရင်း မျက်လုံးကို ထိခိုက်တာမျိုး။ ဒါက ကလေးတွေ မျက်စိကွယ်ရခြင်းရဲ့ အဖြစ်အများဆုံး အကြောင်းအရင်းတစ်ခုပါတဲ့။ ကလေးတွေ အားကစားလုပ်ရင် မျက်လုံးကို မထိခိုက်အောင် အကာတွေ ဝတ်ဆင်ခိုင်းဖို့ လိုပါတယ်။

Dr. Htar (www.drmyanmar.com)

Ceelin Plus 2

(Zawgyi)

တခ်ိဳ႕ မ်က္လုံးနဲ႔ပတ္သက္တဲ့ေရာဂါေတြက ငယ္ငယ္ေလးထဲက သိၿပီး ကုသခဲ့ရင္ ေပ်ာက္ကင္းႏိုင္ေခ် 100 % ရွိပါတယ္။ မ်က္စိအျမင္အာ႐ုံဟာ ကေလးရဲ႕ ဖြံၿဖိဳးမႈ၊ ေပ်ာ္႐ႊင္မႈေတြသာမက ေက်ာင္းပညာေရးတိုးတက္မႈေတြ အတြက္ပါ အေရးႀကီးပါတယ္။ ဒါေၾကာင့္ ကေလးရဲ႕ မ်က္စိအျမင္အာ႐ုံကို ငယ္စဥ္ကတည္းက ပုံမွန္စစ္ေဆးေပးသင့္ပါတယ္။

>>  အဓိက အျဖစ္မ်ားတဲ့ေရာဂါေတြက -
●  Lazy Eyes (Amblyopia)
ဒါကေတာ့ အျမင္အာ႐ုံရေအာင္ အဓိက လုပ္ေဆာင္ေပးရတဲ့ မ်က္စိနဲ႔ ဦးေႏွာက္ၾကားက အာ႐ုံေၾကာ (nerve) ေလးေတြ ငယ္႐ြယ္တဲ့အခ်ိန္မွာ ေကာင္းေကာင္းမဖြံၿဖိဳးရာကေန မ်က္စိတစ္ဖက္ပဲ ျမင္ရၿပီး တစ္ဖက္က အရမ္းမႈန္တာ၊ လုံးဝမျမင္ရဘဲ ျဖစ္သြားတာမ်ိဳးပါ။ ဒီေရာဂါကို မ်က္မွန္ေတြ၊ မ်က္စဥ္းေတြ၊ ေနာက္ဆုံး ခြဲစိတ္ၿပီးေတာ့ျဖစ္ျဖစ္ လုံးဝျပန္ေကာင္းေအာင္ ကုသႏိုင္ပါတယ္။ ဒါေပမဲ့ အသက္ ၈ ႏွစ္ေက်ာ္သြားရင္ေတာ့ ကုသဖို႔ ခက္ခဲတာမို႔ ေစာေစာ စစ္ေဆးၾကည့္ဖို႔ လိုအပ္ပါတယ္။

●  Crossed Eyes (Strabismus)
ကေလးရဲ႕ မ်က္လုံးေတြဟာ မတူညီတဲ့ တစ္ဖက္ဆီကို ၾကည့္တာမ်ိဳးဆိုေတာ့ မ်က္စိေစြတာမ်ိဳးေပါ့ေနာ္။ ထူးဆန္းစြာနဲ႔ ဒီေရာဂါျဖစ္တာ ၆ ႏွစ္ေအာက္ကေလးေတြရဲ႕ ၄% ေလာက္ ရွိပါတယ္တဲ့။ ျဖစ္ပြားရတဲ့ အေၾကာင္းအရင္းကို တိတိက်က် မသိေပမယ့္ ဒီေရာဂါက မ်ိဳး႐ိုးလိုက္တတ္ပါတယ္။ မ်က္မွန္တတ္ဖို႔ လိုႏိုင္သလို၊ လိုအပ္ရင္ ခြဲစိတ္ၿပီးေတာ့ ေပ်ာက္ကင္းေအာင္ လုပ္လို႔ရပါတယ္တဲ့။

●  Sports Safety
ေနာက္တစ္ခုက အားကစားလုပ္ရင္း မ်က္လုံးကို ထိခိုက္တာမ်ိဳး။ ဒါက ကေလးေတြ မ်က္စိကြယ္ရျခင္းရဲ႕ အျဖစ္အမ်ားဆုံး အေၾကာင္းအရင္းတစ္ခုပါတဲ့။ ကေလးေတြ အားကစားလုပ္ရင္ မ်က္လုံးကို မထိခိုက္ေအာင္ အကာေတြ ဝတ္ဆင္ခိုင္းဖို႔ လိုပါတယ္။

Dr. Htar (www.drmyanmar.com)