/
news/ကလေးများနှင့်ကျန်းမာရေး/ကလေးမှာ-ပြင်းထန်တဲ့အသက်ရှူလမ်းကြောင်းပြဿနာတွေရှိနေလားဆိုတာ

ကလေးမှာ ပြင်းထန်တဲ့အသက်ရှူလမ်းကြောင်းပြဿနာတွေရှိနေလားဆိုတာ ဘယ်လိုသိနိုင်မလဲ

Category
ကလေးများနှင့်ကျန်းမာရေး

1. အရေပြား ပြာနှမ်းခြင်း

မျက်နှာနဲ့ရင်ဘတ်တစ်ဝိုက် အရေပြားများ နီရဲပြာနှမ်းခြင်းမျိုးကို ဆိုလိုပါတယ်။ ကလေးအသက်အရွယ် မ ရွေးတွင် ဖြစ်ပေါ်နိုင်ပြီး အဆုတ် သို့မဟုတ် နှလုံးရောဂါတစ်မျိုးမျိုးရှိခြင်းကို ဖော်ပြနေတာဖြစ်ပါတယ်။

ဘာလုပ်သင့်လဲ- နီးစပ်ရာဆေးရုံသို့ အမြန်သွားပါ။ ဖြစ်နိုင်လျှင် လူနာတင်ကားကို ဖုန်းဆက်ခေါ်သင့်ပါတယ်။

 

2. အသက်ရှူထုတ်စဉ် တရွီရွီမြည်ခြင်း

သင့်ကလေး အသက်ရှူထုတ်တိုင်း ရွီရွီအသံများကြားနေရပါက အသက်ရှူလမ်းကြောင်းဆိုင်ရာ ပြဿနာ တစ်ခုခုဖြစ်ပေါ်နေပြီ ဖြစ်ပါတယ်။ လေပြွန်ရောင်ယမ်းခြင်း၊ အဆုတ်ပိုးဝင်ခြင်းနဲ့ ပန်းနာရင်ကျပ်ရှိသူတို့တွင် တွေ့ရှိရတတ်ပါတယ်။

ဘာလုပ်သင့်လဲ- ထိုသို့ တရွီရွီမြည်ခြင်းဟာ သူ့အလိုလိုပျောက်ကင်းမှာ မဟုတ်တဲ့အတွက် ဆရာဝန်နဲ့ပြသဖို့ လိုအပ်ပါတယ်။ မဟုတ်ပါက အချိန်ကြာတာနဲ့အမျှ ကလေးငယ်မှာ အောက်ဆီဂျင်ပြတ်တောက်မှု ဖြစ်ပေါ်နိုင် လို့ ဖြစ်ပါတယ်။ Nebulizer စက်များကို အသုံးပြုပြီး ဆေးနဲ့ရေနွေးငွေ့ရှူခြင်းကို ဆရာဝန်ညွှန်ကြားချက်ဖြင့် ပြုလုပ်နိုင်ပါတယ်။

Biogesic for kids IA 1

3. နံရိုးကြား ကြွက်သားများ ချိုင့်ဝင်ခြင်း

ကလေးအသက်ရှူတိုင်းတွင် နံရိုးတစ်ခုစီကြားရှိ ကြွက်သားများ ချိုင့်ဝင်နေတာကို တွေ့ရပါသလား? ဒါဆိုရင် တော့ သင့်ကလေးငယ်တွင် အသက်ရှူလမ်းကြောင်းပိတ်ဆို့ခြင်း ဖြစ်ပေါ်နေနိုင်ပြီး စိုးရိမ်ဖွယ်ရှိပါတယ်။

ဝဖြိုးသော ကလေးငယ်များကိုမူ နံရိုးကြွက်သားအစား ညှပ်ရိုးနဲ့လည်ပင်းကိုလေ့လာပါ။ အသက်ရှူတိုင်း လည်ပင်းကြွက်သားများ တင်းမာနေပါက အလားတူပြဿနာရှိနေတာဖြစ်ပါတယ်။

ဘာလုပ်သင့်လဲ- နီးစပ်ရာဆေးရုံသို့ အမြန်ဆုံးသွားရောက်ပါ။ သင့်ကလေးငယ်တွင် ကြွက်သားချိုင့်ဝင်မှုမှာ သိပ်မဆိုးဝါးဘဲ အိမ်တွင် nebulizer စက် အသင့်ရှိနေပါက ဆေးရုံသို့မသွားပဲ အိမ်တွင်စောင့်ကြည့်နိုင်ပါ တယ်။ သို့သော် တရွီရွီမြည်ခြင်းနဲ့ nebulizer စက်ကို တစ်ခါမှမသုံးဖူးသော ကလေးငယ်များတွင် ကြွက်သား ချိုင့်ဝင်ခြင်း အနည်းငယ်သာရှိစေကာမူ ဆေးရုံသို့ အမြန်သွားရောက်သင့်ပါတယ်။

 

4. နှာခေါင်းပွယောင်းယောင်းဖြင့် အသက်ရှူခြင်း

အသက်ရှူကျပ်ခြင်း သို့မဟုတ် နှာခေါင်းပိတ်ခြင်းရဲ့ လက္ခဏာတစ်ခုပါပဲ။ အသက်ရှူလိုက်တိုင်း နှာခေါင်း ပေါက်များ ပွယောင်းယောင်းဖြစ်လာတာကို တွေ့ရမှာဖြစ်ပါတယ်။ သို့သော် နှာခေါင်းပွခြင်းကို သာမာန် တုတ်ကွေးဖြစ်ချိန်မှာလည်း တွေ့နိုင်တာမို့ ကြီးမားသောအသက်ရှူလမ်းကြောင်း ပြဿနာရှိ/မရှိကို သေချာ ခွဲခြားသင့်ပါတယ်။

 

ဘာလုပ်သင့်လဲ- ပထမဆုံးလုပ်ရမှာကတော့ ဆားရည်နဲ့ နှာခေါင်းအစက်ချပြွန်ကိုသုံးပြီး နှာခေါင်းတွင်းသို့ ဆားရည်များ အစက်ချပေးပါ။ ကလေးကြီးများကိုမူ နှာခေါင်းကိုလက်ဖြင့်ညှစ်ဖို့ တိုက်တွန်းနိုင်ပါတယ်။

ဆေးခန်းပြဖို့ မလွယ်ကူပါက ဆားရည်ကို နှာခေါင်းတစ်ဖက်စီတွင် ၂စက်ခန့် ချပေးခြင်းဖြင့် နှာပိတ်ခြင်းကို သက်သာစေနိုင်ပါတယ်။

လေပြေနုသွေး(ဆေး၂) (www.drmyanmar.com)

Biogesic for kids IA 2

1. အေရျပား ျပာႏွမ္းျခင္း

မ်က္နွာနဲ႔ရင္ဘတ္တစ္၀ိုက္ အေရျပားမ်ား နီရဲျပာႏွမ္းျခင္းမ်ိဳးကို ဆိုလိုပါတယ္။ ကေလးအသက္အရြယ္ မ ေရြးတြင္ ျဖစ္ေပၚႏုိ္င္ၿပီး အဆုတ္ သို႔မဟုတ္ ႏွလံုးေရာဂါတစ္မ်ဳိးမ်ဳိးရွိျခင္းကို ေဖာ္ျပေနတာျဖစ္ပါတယ္။

ဘာလုပ္သင့္လဲ- နီးစပ္ရာေဆး႐ံုသို႔ အျမန္သြားပါ။ ျဖစ္ႏုိင္လွ်င္ လူနာတင္ကားကို ဖုန္းဆက္ေခၚသင့္ပါတယ္။

 

2. အသက္ွဴထုတ္စဥ္ တရြီရြီျမည္ျခင္း

သင့္ကေလး အသက္ရွဴထုတ္တိုင္း ရြီရြီအသံမ်ားၾကားေနရပါက အသက္႐ွဴလမ္းေၾကာင္းဆိုင္ရာ ျပႆနာ တစ္ခုခုျဖစ္ေပၚေနၿပီ ျဖစ္ပါတယ္။ ေလျပြန္ေရာင္ယမ္းျခင္း၊ အဆုတ္ပိုး၀င္ျခင္းနဲ႔ ပန္းနာရင္က်ပ္ရွိသူတို႔တြင္ ေတြ႕ရွိရတတ္ပါတယ္။

ဘာလုပ္သင့္လဲ- ထိုသုိ႔ တရြီရြီျမည္ျခင္းဟာ သူ႔အလိုလိုေပ်ာက္ကင္းမွာ မဟုတ္တဲ့အတြက္ ဆရာ၀န္နဲ႔ျပသဖို႔ လိုအပ္ပါတယ္။ မဟုတ္ပါက အခ်ိန္ၾကာတာနဲ႔အမွ် ကေလးငယ္မွာ ေအာက္ဆီဂ်င္ျပတ္ေတာက္မႈ ျဖစ္ေပၚႏုိ္င္ လို႔ ျဖစ္ပါတယ္။ Nebulizer စက္မ်ားကို အသံုးျပဳၿပီး ေဆးနဲ႔ေရေႏြးေငြ႕႐ွဴျခင္းကို ဆရာ၀န္ညႊန္ၾကားခ်က္ျဖင့္ ျပဳလုပ္ႏုိင္ပါတယ္။

 

3. နံိုးၾကား ၾကြက္သားမ်ား ခ်ဳိင့္၀င္ျခင္း

ကေလးအသက္႐ွဴတုိင္းတြင္ နံ႐ိုးတစ္ခုစီၾကားရွိ ၾကြက္သားမ်ား ခ်ဳိင့္၀င္ေနတာကို ေတြ႕ရပါသလား? ဒါဆိုရင္ ေတာ့ သင့္ကေလးငယ္တြင္ အသက္႐ွဴလမ္းေၾကာင္းပိတ္ဆို႔ျခင္း ျဖစ္ေပၚေနႏိုင္ၿပီး စိုးရိမ္ဖြယ္ရွိပါတယ္။

၀ၿဖိဳးေသာ ကေလးငယ္မ်ားကိုမူ နံ႐ိုးၾကြက္သားအစား ညႇပ္ရိုးနဲ႔လည္ပင္းကိုေလ့လာပါ။ အသက္႐ွဴတိုင္း လည္ပင္းၾကြက္သားမ်ား တင္းမာေနပါက အလားတူျပႆနာရွိေနတာျဖစ္ပါတယ္။

ဘာလုပ္သင့္လဲ- နီးစပ္ရာေဆး႐ံုသို႔ အျမန္ဆံုးသြားေရာက္ပါ။ သင့္ကေလးငယ္တြင္ ၾကြက္သားခ်ဳိင့္၀င္မႈမွာ သိပ္မဆိုး၀ါးဘဲ အိမ္တြင္ nebulizer စက္ အသင့္ရွိေနပါက ေဆး႐ံုသို႔မသြားပဲ အိမ္တြင္ေစာင့္ၾကည့္ႏုိင္ပါ တယ္။ သို႔ေသာ္ တရြီရြီျမည္ျခင္းနဲ႔ nebulizer စက္ကို တစ္ခါမွမသံုးဖူးေသာ ကေလးငယ္မ်ားတြင္ ၾကြက္သား ခ်ဳိင့္၀င္ျခင္း အနည္းငယ္သာရွိေစကာမူ ေဆး႐ံုသို႔ အျမန္သြားေရာက္သင့္ပါတယ္။

 

4. နွာေခါင္းပြေယာင္းေယာင္းျဖင့္ အသက္ွဴျခင္း

အသက္႐ွဴက်ပ္္ျခင္း သို႔မဟုတ္ ႏွာေခါင္းပိတ္ျခင္းရဲ့ လကၡဏာတစ္ခုပါပဲ။ အသက္႐ွဴလိုက္တိုင္း ႏွာေခါင္း ေပါက္မ်ား ပြေယာင္းေယာင္းျဖစ္လာတာကို ေတြ႕ရမွာျဖစ္ပါတယ္။ သို႔ေသာ္ ႏွာေခါင္းပြျခင္းကို သာမာန္ တုတ္ေကြးျဖစ္ခ်ိန္မွာလည္း ေတြ႕ႏိုင္တာမို႔ ႀကီးမားေသာအသက္႐ွဴလမ္းေၾကာင္း ျပႆနာရွိ/မရွိကို ေသခ်ာ ခြဲျခားသင့္ပါတယ္။

 

ဘာလုပ္သင့္လဲ- ပထမဆံုးလုပ္ရမွာကေတာ့ ဆားရည္နဲ႔ ႏွာေခါင္းအစက္ခ်ျပြန္ကိုသံုးၿပီး ႏွာေခါင္းတြင္းသို႔ ဆားရည္မ်ား အစက္ခ်ေပးပါ။ ကေလးႀကီးမ်ားကိုမူ ႏွာေခါင္းကိုလက္ျဖင့္ညႇစ္ဖုိ႔ တိုက္တြန္းႏုိ္င္ပါတယ္။

ေဆးခန္းျပဖို႔ မလြယ္ကူပါက ဆားရည္ကို ႏွာေခါင္းတစ္ဖက္စီတြင္ ၂စက္ခန္႔ ခ်ေပးျခင္းျဖင့္ နွာပိတ္ျခင္းကို သက္သာေစႏုိ္င္ပါတယ္။

ေလေျပႏုေသြး(ေဆး၂) (www.drmyanmar.com)