/
news/ကလေးများနှင့်ကျန်းမာရေး/ကလေးတွေ-မကြာခဏ-မထိသင့်တဲ့-ခန္ဓာကိုယ်အစိတ်အပိုင်း-၇-ခု

ကလေးတွေ မကြာခဏ မထိသင့်တဲ့ ခန္ဓာကိုယ်အစိတ်အပိုင်း (၇) ခု

Category
ကလေးများနှင့်ကျန်းမာရေး

●  နားအတွင်းပိုင်း
ကလေးကို နားထဲကို လက်နဲ့နှိုက်ဖို့၊ နားကလော်ဖို့ ဘယ်တော့မှ မလုပ်ခိုင်းသင့်ပါဘူး။ ဒါဟာ အလွန်အန္တရာယ်များတဲ့ အပြုအမူ ဖြစ်ပါတယ်။ ဒီလိုနှိုက်လိုက်တဲ့အခါ နားထဲကို ဘက်တီးရီးယားပိုးမွှားတွေ ထိုးသွင်းလိုက်သလိုဖြစ်နိုင်ပြီး နားအတွင်းရောင်ခြင်း၊ နားအတွင်းပိုးဝင်ခြင်းတွေ ဖြစ်စေနိုင်ပါတယ်။ ဒါ့အပြင် နဖာချေးပိတ်တဲ့အတွက် ကလေးတွေက နားကလော်တဲ့ဂွမ်းတံ၊ နားဖာကလော် စတာတွေနဲ့ ထိုးဖို့လုပ်တတ်ကြပါတယ်။ ဒါဟာ အလွန်ကိုအန္တရာယ်များတဲ့အပြုအမူ ဖြစ်ပါတယ်။ ရောဂါပိုးဝင်တာအပြင် မတော်တဆ ထိုးမိနိုင်တဲ့အတွက် အကြားအာရုံဆုံးရှုံးတဲ့ထိ ဖြစ်နိုင်ပါတယ်။

●  မျက်နှာ
မျက်နှာသစ်ဆေးတွေ၊ မျက်နှာသစ်ခရင်မ်တွေ စတာတွေဟာ ဒီနေ့ခေတ်မှာ ရေပန်းစားလာပါတယ်။ ဒီတော့ ကလေးတွေကလည်း ဒါတွေကို သုံးကြည့်ချင်တယ်။ မျက်နှာသစ်ဖို့ ကြိုးစားကြတယ်။ ဒါပေမဲ့ ကလေးတွေလက်က မသန့်ရှင်းတဲ့အခါ မျက်နှာအရေပြားကို ရောဂါပိုးတွေ တွယ်ကပ်တာ၊ မျက်နှာအရေပြားကို ထိခိုက်ပျက်စီးတာ စတာတွေကို ဖြစ်စေနိုင်ပါတယ်။ မျက်နှာကို ကုတ်ဖဲ့တာတွေ၊ မှဲ့တွေ၊ အဖုတွေကို ဖဲ့တာတွေကိုလည်း လုံးဝမလုပ်ဖို့ တားသင့်ပါတယ်။

●  နှာခေါင်းနှိုက်ခြင်း
ကျန်းမာရေးကို ထိခိုက်စေတဲ့ အပြုအမူတွေထဲမှာ နှာခေါင်းနှိုက်တဲ့အကျင့်လည်း ပါပါတယ်။ ကိုယ့်ကလေးမှာ ဒီလိုအကျင့်ရှိတယ်ဆိုရင်တော့ ချက်ချင်းတားမြစ်သင့်ပါတယ်။ နှာခေါင်းဆိုတာက ခန္ဓာကိုယ်ရဲ့ ထိခိုက်လွယ်တဲ့ အစိတ်အပိုင်းတစ်ခု ဖြစ်ပါတယ်။ ဒီအစိတ်အပိုင်းထဲမှာ ခန္ဓာကိုယ်အတွက် အကျိုးပြုတဲ့ ဘက်တီးရီးယားတွေ ရှိနေပါတယ်။ ကလေးက နှာခေါင်းနှိုက်လိုက်တဲ့အခါ အပြင်က ဘက်တီးရီးယားတွေကို နှာခေါင်းထဲကို ထိုးသွင်းသလို ဖြစ်တဲ့အတွက် ရောဂါတွေ အများကြီးကို ဖြစ်စေနိုင်ပါတယ်။

●  ပါးစပ်
ကလေးတွေဟာ ပစ္စည်းတွေကို ပါးစပ်ထဲထည့်တာ၊ ကိုက်တာ၊ လက်စုတ်တာ စတာတွေကို လုပ်လေ့ရှိကြပါတယ်။ ဒါကလည်း အန္တရာယ်များတဲ့ အပြုအမူတစ်မျိုး ဖြစ်ပါတယ်။ ဘာ့ကြောင့်ဆိုကလေးတွေဟာ ညစ်ပေတဲ့အရာတွေ၊ နေရာတွေကို မကြာခဏ ကိုင်တွယ်နေတဲ့အတွက် ရောဂါပိုးမွှားတွေကို ခန္ဓာကိုယ်တွင်း ဝင်ရောက်ဖို့ အားပေးသလို ဖြစ်နေတဲ့အတွက်ဖြစ်ပါတယ်။

EC Kidz IA 1

●  မျက်လုံးနှိုက်တာ
ကလေးတွေမှာ မျက်လုံးနှိုက်တာကလည်း လုပ်လေ့ရှိတဲ့ အပြုအမူတစ်ခု ဖြစ်ပါတယ်။ ဒါပေမဲ့ မျက်လုံးကို မသန့်ရှင်းတဲ့လက်နဲ့ နှိုက်တာကတော့ အန္တရာယ်များတဲ့ အမူအကျင့် ဖြစ်ပါတယ်။ ကလေးတွေဟာ သူတို့မျက်လုံးကို မကြာခဏနှိုက်လေ့ရှိတဲ့အတွက် ရောဂါပိုးတွေကို မျက်လုံးတွင်း ဝင်ရောက်စေနိုင်ပြီး မျက်လုံးရောင်ရမ်းတာ၊ ယားယံတာ၊ နာကျင်တာ စတာတွေကို ဖြစ်စေနိုင်ပါတယ်။

●  လက်သည်းကိုက်တာ
လက်သည်းအောက်မှာ လက်နဲ့ထိတွေ့သမျှ အညစ်အကြေးတွေ ကပ်ကျန်နေတတ်ပါတယ်။ ဘက်တီးရီးယားပိုးတွေ၊ ရောဂါပိုးတွေလည်း ကပ်ငြိနေတတ်ပါတယ်။ ဒါ့ကြောင့် ကလေးတွေကို လက်သည်း ပုံမှန်ညှပ်ဖို့၊ လက် ပုံမှန်ဆေးဖို့ သေချာသင်ကြားပေးသင့်ပါတယ်။

●  တင်ပါး
ကလေးတွေရဲ့လက်တွေဟာ မသန့်ရှင်းတတ်တဲ့အတွက် သူတို့ရဲ့ တင်ပါးကိုလည်း မကြာခဏထိတွေ့တာတွေ မလုပ်သင့်ပါဘူး။ ဒီလိုထိတွေ့တဲ့အတွက် ရောဂါပိုးတွေကို ခန္ဓာကိုယ်ရဲ့ တခြားအစိတ်အပိုင်းတွေကို ပျံ့နှံ့သွားစေနိုင်ပါတယ်။
ခန္ဓာကိုယ်အတွက် တစ်ကိုယ်ရည်သန့်ရှင်းရေးဟာ အလွန်ကိုအရေးကြီးပါတယ်။ ကလေးတွေအတွက်လည်း တစ်ကိုယ်ရည်သန့်ရှင်းရေးက အရေးပါပါတယ်။ ဒါ့ကြောင့် အရေးပါတဲ့ ခန္ဓာကိုယ်အစိတ်အပိုင်းတွေကို ထိတွေ့မှုနည်းအောင်၊ သန့်ရှင်းရေးကို ဂရုစိုက်တတ်အောင် ကိုယ့်ကလေးကို သေချာသင်ကြားပေးဖို့လည်း အလွန်အရေးကြီးလှပါတယ်။

ဒေါက်တာအောင် (www.drmyanmr.com)

EC Kidz IA 2

(Zawgyi)

●  နားအတြင္းပိုင္း
ကေလးကို နားထဲကို လက္နဲ႔ႏႈိက္ဖို႔၊ နားကေလာ္ဖို႔ ဘယ္ေတာ့မွ မလုပ္ခိုင္းသင့္ပါဘူး။ ဒါဟာ အလြန္အႏၲရာယ္မ်ားတဲ့ အျပဳအမူ ျဖစ္ပါတယ္။ ဒီလိုႏႈိက္လိုက္တဲ့အခါ နားထဲကို ဘက္တီးရီးယားပိုးမႊားေတြ ထိုးသြင္းလိုက္သလိုျဖစ္ႏိုင္ၿပီး နားအတြင္းေရာင္ျခင္း၊ နားအတြင္းပိုးဝင္ျခင္းေတြ ျဖစ္ေစႏိုင္ပါတယ္။ ဒါ့အျပင္ နဖာေခ်းပိတ္တဲ့အတြက္ ကေလးေတြက နားကေလာ္တဲ့ဂြမ္းတံ၊ နားဖာကေလာ္ စတာေတြနဲ႔ ထိုးဖို႔လုပ္တတ္ၾကပါတယ္။ ဒါဟာ အလြန္ကိုအႏၲရာယ္မ်ားတဲ့အျပဳအမူ ျဖစ္ပါတယ္။ ေရာဂါပိုးဝင္တာအျပင္ မေတာ္တဆ ထိုးမိႏိုင္တဲ့အတြက္ အၾကားအာ႐ုံဆုံးရႈံးတဲ့ထိ ျဖစ္ႏိုင္ပါတယ္။

●  မ်က္ႏွာ
မ်က္ႏွာသစ္ေဆးေတြ၊ မ်က္ႏွာသစ္ခရင္မ္ေတြ စတာေတြဟာ ဒီေန႔ေခတ္မွာ ေရပန္းစားလာပါတယ္။ ဒီေတာ့ ကေလးေတြကလည္း ဒါေတြကို သုံးၾကည့္ခ်င္တယ္။ မ်က္ႏွာသစ္ဖို႔ ႀကိဳးစားၾကတယ္။ ဒါေပမဲ့ ကေလးေတြလက္က မသန႔္ရွင္းတဲ့အခါ မ်က္ႏွာအေရျပားကို ေရာဂါပိုးေတြ တြယ္ကပ္တာ၊ မ်က္ႏွာအေရျပားကို ထိခိုက္ပ်က္စီးတာ စတာေတြကို ျဖစ္ေစႏိုင္ပါတယ္။ မ်က္ႏွာကို ကုတ္ဖဲ့တာေတြ၊ မွဲ႔ေတြ၊ အဖုေတြကို ဖဲ့တာေတြကိုလည္း လုံးဝမလုပ္ဖို႔ တားသင့္ပါတယ္။

●  ႏွာေခါင္းႏႈိက္ျခင္း
က်န္းမာေရးကို ထိခိုက္ေစတဲ့ အျပဳအမူေတြထဲမွာ ႏွာေခါင္းႏႈိက္တဲ့အက်င့္လည္း ပါပါတယ္။ ကိုယ့္ကေလးမွာ ဒီလိုအက်င့္ရွိတယ္ဆိုရင္ေတာ့ ခ်က္ခ်င္းတားျမစ္သင့္ပါတယ္။ ႏွာေခါင္းဆိုတာက ခႏၶာကိုယ္ရဲ႕ ထိခိုက္လြယ္တဲ့ အစိတ္အပိုင္းတစ္ခု ျဖစ္ပါတယ္။ ဒီအစိတ္အပိုင္းထဲမွာ ခႏၶာကိုယ္အတြက္ အက်ိဳးျပဳတဲ့ ဘက္တီးရီးယားေတြ ရွိေနပါတယ္။ ကေလးက ႏွာေခါင္းႏႈိက္လိုက္တဲ့အခါ အျပင္က ဘက္တီးရီးယားေတြကို ႏွာေခါင္းထဲကို ထိုးသြင္းသလို ျဖစ္တဲ့အတြက္ ေရာဂါေတြ အမ်ားႀကီးကို ျဖစ္ေစႏိုင္ပါတယ္။

●  ပါးစပ္
ကေလးေတြဟာ ပစၥည္းေတြကို ပါးစပ္ထဲထည့္တာ၊ ကိုက္တာ၊ လက္စုတ္တာ စတာေတြကို လုပ္ေလ့ရွိၾကပါတယ္။ ဒါကလည္း အႏၲရာယ္မ်ားတဲ့ အျပဳအမူတစ္မ်ိဳး ျဖစ္ပါတယ္။ ဘာ့ေၾကာင့္ဆိုကေလးေတြဟာ ညစ္ေပတဲ့အရာေတြ၊ ေနရာေတြကို မၾကာခဏ ကိုင္တြယ္ေနတဲ့အတြက္ ေရာဂါပိုးမႊားေတြကို ခႏၶာကိုယ္တြင္း ဝင္ေရာက္ဖို႔ အားေပးသလို ျဖစ္ေနတဲ့အတြက္ျဖစ္ပါတယ္။

●  မ်က္လုံးႏႈိက္တာ
ကေလးေတြမွာ မ်က္လုံးႏႈိက္တာကလည္း လုပ္ေလ့ရွိတဲ့ အျပဳအမူတစ္ခု ျဖစ္ပါတယ္။ ဒါေပမဲ့ မ်က္လုံးကို မသန႔္ရွင္းတဲ့လက္နဲ႔ ႏႈိက္တာကေတာ့ အႏၲရာယ္မ်ားတဲ့ အမူအက်င့္ ျဖစ္ပါတယ္။ ကေလးေတြဟာ သူတို႔မ်က္လုံးကို မၾကာခဏႏႈိက္ေလ့ရွိတဲ့အတြက္ ေရာဂါပိုးေတြကို မ်က္လုံးတြင္း ဝင္ေရာက္ေစႏိုင္ၿပီး မ်က္လုံးေရာင္ရမ္းတာ၊ ယားယံတာ၊ နာက်င္တာ စတာေတြကို ျဖစ္ေစႏိုင္ပါတယ္။

●  လက္သည္းကိုက္တာ
လက္သည္းေအာက္မွာ လက္နဲ႔ထိေတြ႕သမွ် အညစ္အေၾကးေတြ ကပ္က်န္ေနတတ္ပါတယ္။ ဘက္တီးရီးယားပိုးေတြ၊ ေရာဂါပိုးေတြလည္း ကပ္ၿငိေနတတ္ပါတယ္။ ဒါ့ေၾကာင့္ ကေလးေတြကို လက္သည္း ပုံမွန္ညႇပ္ဖို႔၊ လက္ ပုံမွန္ေဆးဖို႔ ေသခ်ာသင္ၾကားေပးသင့္ပါတယ္။

●  တင္ပါး
ကေလးေတြရဲ႕လက္ေတြဟာ မသန႔္ရွင္းတတ္တဲ့အတြက္ သူတို႔ရဲ႕ တင္ပါးကိုလည္း မၾကာခဏထိေတြ႕တာေတြ မလုပ္သင့္ပါဘူး။ ဒီလိုထိေတြ႕တဲ့အတြက္ ေရာဂါပိုးေတြကို ခႏၶာကိုယ္ရဲ႕ တျခားအစိတ္အပိုင္းေတြကို ပ်ံ႕ႏွံ႔သြားေစႏိုင္ပါတယ္။
ခႏၶာကိုယ္အတြက္ တစ္ကိုယ္ရည္သန႔္ရွင္းေရးဟာ အလြန္ကိုအေရးႀကီးပါတယ္။ ကေလးေတြအတြက္လည္း တစ္ကိုယ္ရည္သန႔္ရွင္းေရးက အေရးပါပါတယ္။ ဒါ့ေၾကာင့္ အေရးပါတဲ့ ခႏၶာကိုယ္အစိတ္အပိုင္းေတြကို ထိေတြ႕မႈနည္းေအာင္၊ သန႔္ရွင္းေရးကို ဂ႐ုစိုက္တတ္ေအာင္ ကိုယ့္ကေလးကို ေသခ်ာသင္ၾကားေပးဖို႔လည္း အလြန္အေရးႀကီးလွပါတယ္။

ေဒါက္တာေအာင္ (www.drmyanmr.com)