/
news/ကလေးများနှင့်ကျန်းမာရေး/ကလေးတွေရဲ့ဘာသာစကားစွမ်းရည်ကို-တိုးတက်စေဖို့

ကလေးတွေရဲ့ဘာသာစကားစွမ်းရည်ကို တိုးတက်စေဖို့

Category
ကလေးများနှင့်ကျန်းမာရေး

ကျွန်မကလေးလေး ဘယ်တော့များမှ စကားစပြောပါ့မလဲ? ဆိုတာမိဘတွေဆီက မကြာမကြာကြားနေကျ စကားတစ်ခွန်းပါပဲ။ ဒါ့ကြောင့် ကလေးတွေရဲ့ ဘာသာစကားနဲ့ ပြောဆိုဆက်ဆံမှု ဖွံ့ဖြိုးပုံကိုလေ့လာပြီး ကလေးတွေစကားစပြောဖို့၊ အချင်းချင်းဆက်သွယ်နိုင်ဖို့ ဘယ်လိုအားပေးကြမလဲဆိုတာကို ဆွေးနွေးပေးသွားပါမယ်နော်။

 

စကားပြောကျွမ်းကျင်ဖို့၊ သူတစ်ဖက်သားပြောတာကို နားလည်နိုင်ဖို့နဲ့ ပြန်ပေးရမယ့်အဖြေကို သေချာသိရှိနိုင်ဖို့ဆိုတာ လူ့ဘဝမှာအရေးကြီးတဲ့ အရည်အသွေးတွေပါ။ ပြောဆိုဆက်သွယ်နိုင်မှသာ သူငယ်ချင်းအပေါင်းအသင်းတွေဖွဲ့နိုင်ပြီး လူ့ဘဝအရသာကို အကောင်းဆုံးတွေ့ကြုံခံစားနိုင်မှာပေါ့။ ဒီလို တတ်ကျွမ်းလိမ္မာနိုင်ဖို့အတွက် မိဘဆိုတာ ပထမဆုံးနဲ့ အရေးအကြီးဆုံး လက်ဦးဆရာတွေပါပဲ။

 

ကလေးတစ်ယောက်ဟာ အသက် ၁၂ လကနေ ၁၈ လကြားမှာ ပထမဆုံးစကားလုံးကို စပြောလေ့ရှိပါတယ်။ ဒီအဆင့်ကိုရောက်ပြီဆိုရင် တဖြည်းဖြည်းချင်း သင်ယူလေ့လာပြီး မြန်မြန်ပြောဆိုတတ်မြောက်သွားကြတာပါပဲ။ ဒီလို ကလေးတွေရဲ့ဘာသာစကားပြောဆိုကျွမ်းကျင်တတ်မြောက်မှုကို ဘယ်လိုအားပေးပျိုးထောင်ကြမလဲ?

 

1.       ကလေးအာရုံစူးစိုက်မှုကို ရယူပါ။

 

ကလေးကိုမျက်နှာမူပြီးထိုင်လိုက်ပါ။ စကားစမပြောခင် ကလေးနာမည်လေးကို အရင်ခေါ်လိုက်ပါ။ နှစ်ယောက်လုံးရှေ့မှာရှိတဲ့ပစ္စည်းတစ်ခုခုကို စပြောကြည့်ပါ။ ဒီလိုနည်းအားဖြင့် စကားလုံးတွေရဲ့အဓိပ္ပါယ်ကို ကျွမ်းကျင်တတ်မြောက်လာပါလိမ့်မယ်။

 

2.       တူတူဆော့ကစားပါ။

 

သီချင်းဆို၊ အသံအမျိုးမျိုးလုပ်၊ မျက်နှာအမူအရာအပြောင်အပျက်တွေ လုပ်ပြပါ။ ရှက်စရာမလိုပါဘူး။ ဒီလို အပြောင်အပျက်တွေ ပြောဆိုလုပ်ပြခြင်းဟာ ကလေးရဲ့အာရုံစူးစိုက်မှုကို ရစေသလို ကလေးကိုရယ်မောပျော်ရွှင်စေပြီး ဘာသာစကားတိုးတက်မှုကိုလည်း မြန်ဆန်စေပါတယ်။

 

3.       မေးခွန်းမမေးဘဲ စကားတွေပြောပါ။

 

မေးခွန်းတွေအများကြီးမေးတာဟာ ကလေးကိုစာမေးပွဲစစ်နေသလိုပါပဲ။ ဒီ့အစား စကားပြောပါ။ ကလေးဘာလုပ်နေတယ်၊ ဘာတွေဖြစ်နေတယ်ဆိုတာမျိုးတွေ ပြောပေးပါ။

Nutroplex 1

4.       ကလေးကိုစဉ်းစားဖို့အချိန်ပေးပါ။

 

ကလေးတွေဟာ လူကြီးတွေထက်စာရင် ကြားလိုက်တာကို အဓိပ္ပါယ်ဖော်ဖို့နဲ့ ပြန်ပြောဖို့စဉ်းစားချိန် လိုပါတယ်။ ဒီလိုအဖြေပြန်စောင့်နေချိန်မှာလည်း သူတို့ကိုသေချာအာရုံစူးစိုက်ကြည့်ထားသင့်ပါတယ်။

 

5.       ရိုးရိုးရှင်းရှင်းသာပြောပါ။

 

ကလေးနားလည်လွယ်မယ့် ရိုးရိုးရှင်းရှင်းအသုံးအနှုန်းတွေကိုပဲ သုံးပါ။

 

6.       ကိုယ်ပြောတဲ့စကားကို ထပ်ထပ်ပြောပေးပါ။

 

တစ်ခွန်းတည်းကို ထပ်ခါထပ်ခါပြောသင့်ပါတယ်။ ကလေးလေးတွေဟာ သူတို့ကြားလိုက်တဲ့စကားကို နားလည်သဘောပေါက်ဖို့နဲ့ လေ့လာမှတ်သားနိုင်ဖို့ အကြိမ်ကြိမ်အထပ်ထပ် ကြားဖို့လိုပါတယ်။

 

7.       ကလေးတွေနားထောင်ရလွယ်ပါစေ။

 

ပြောတာကို ကလေးသေချာစူးစိုက်နားလည်ဖို့ သီချင်းသံတွေ၊ တီဗီသံတွေကို တိုးပေးဖို့လိုပါတယ်။

 

8.       ကလေးပြောတာကိုထပ်ဖြည့်ပြောပေးပါ။

 

ဥပမာ ကလေးက “ကား” လို့ပြောရင် ဟုတ်တာပေါ့။ “ဘတ်စ်ကားအကြီးကြီး”။ လို့ထပ်ဖြည့်ပြောပေးခြင်းဖြင့် ကလေးကိုဘာသာစကားရဲ့ နောက်အဆင့်ကို တက်စေနိုင်ပါတယ်။

 

9.       ကိုယ့်မိခင်ဘာသာစကားကိုပြောပေးပါ။

 

ကလေးတွေရဲ့ ပထမဆုံးစကားဟာ မိခင်ဘာသာစကားဖြစ်ဖို့ အရေးကြီးပါတယ်။ အင်္ဂလိပ်စကားကနောက်ပိုင်း ကျောင်းမှာစသင်လို့ရပါတယ်။

Nutroplex 2

10.     စကားပြောနည်းအမှန်ကိုသင်ပြပေးပါ။

 

ကလေးငယ်လေးတွေဟာ အမှားတွေပြောတတ်ကြပါတယ်။ အရင်ဆုံး အမှန်ပြန်မပြင်သေးဘဲ နားလည်ကြောင်းပြပါ။ ပြီးမှကလေးကို စကားလုံးအမှန်ကို ပြန်ပြောပြပါ။ တကယ်လို့ကလေးက “ခွေး…ခွေး” လို့ပြောလာခဲ့ရင် “ဟုတ်တာပေါ့ ဟိုမှာခွေးတစ်ကောင်”လို့ ပြန်ပြောတာမျိုးပေါ့။

 

11.     ကလေးပြောတာကိုပြန်ပြောပါ။

 

ကလေးပြောတာကိုပြန်ပြောပေးပါ။ ဒါဟာ ကလေးကို သူပြောတာစိတ်ဝင်စားကြောင်းပြတာဖြစ်သလို အသံတွေစကားတွေက အရေးကြီးကြောင်းပြတာလည်း ဖြစ်ပါတယ်။ ကလေးရဲ့ဘာသာစကားတိုးတက်မှုအတွက်လည်း အရေးပါပါတယ်။

 

12.     စိတ်ပူရင်တစ်ယောက်ယောက်ကိုတိုင်ပင်ကြည့်ပါ။

 

တချို့ကလေးတွေအဖို့ စကားပြောတာ၊ နားထောင်တာဟာ သူများထက်ကိုပိုပြီးတော့ ခဲယဉ်းတတ်ပါတယ်။ စကားလုံးတွေ၊ စာကြောင်းတွေကို နားလည်ရခက်ခဲတတ်ပါတယ်။ တစ်ချို့ကလေးတွေကျတော့ စကားလုံးအမှန်ရွေးချယ်ရတာ၊ အသံအမှန်ရွေးချယ်ရတာ၊ စာလုံးပြန်စီရတာ ခက်ခဲနေတတ်ပြန်ရော။ ဒီလိုကလေးတွေကျတော့ အထူးဂရုစိုက်မှုလိုအပ်ပါတယ်။

 

 

Dr. Mya Phoo Ngon (www.drmyanmar.com)

(Zawgyi)

ကြၽန္မကေလးေလး ဘယ္ေတာ့မ်ားမွ စကားစေျပာပါ့မလဲ? ဆိုတာမိဘေတြဆီက မၾကာမၾကာၾကားေနက် စကားတစ္ခြန္းပါပဲ။ ဒါ့ေၾကာင့္ ကေလးေတြရဲ႕ ဘာသာစကားနဲ႔ ေျပာဆိုဆက္ဆံမႈ ဖြံ႕ၿဖိဳးပံုကိုေလ့လာၿပီး ကေလးေတြစကားစေျပာဖို႔၊ အခ်င္းခ်င္းဆက္သြယ္နိုင္ဖုိ႔ ဘယ္လိုအားေပးၾကမလဲဆိုတာကို ေဆြးေႏြးေပးသြားပါမယ္ေနာ္။

 

စကားေျပာကြၽမ္းက်င္ဖို႔၊ သူတစ္ဖက္သားေျပာတာကို နားလည္နိုင္ဖို႔နဲ႔ ျပန္ေပးရမယ့္အေျဖကို ေသခ်ာသိရွိနိုင္ဖို႔ဆိုတာ လူ႔ဘဝမွာအေရးႀကီးတဲ့ အရည္အေသြးေတြပါ။ ေျပာဆိုဆက္သြယ္နိုင္မွသာ သူငယ္ခ်င္းအေပါင္းအသင္းေတြဖြဲ႕နိုင္ၿပီး လူ႔ဘဝအရသာကို အေကာင္းဆံုးေတြ႕ႀကံဳခံစားနိုင္မွာေပါ့။ ဒီလို တတ္ကြၽမ္းလိမၼာနိုင္ဖို႔အတြက္ မိဘဆိုတာ ပထမဆံုးနဲ႔ အေရးအႀကီးဆံုး လက္ဦးဆရာေတြပါပဲ။

 

ကေလးတစ္ေယာက္ဟာ အသက္ ၁၂ လကေန ၁၈ လၾကားမွာ ပထမဆံုးစကားလံုးကို စေျပာေလ့ရွိပါတယ္။ ဒီအဆင့္ကိုေရာက္ၿပီဆိုရင္ တျဖည္းျဖည္းခ်င္း သင္ယူေလ့လာၿပီး ျမန္ျမန္ေျပာဆိုတတ္ေျမာက္သြားၾကတာပါပဲ။ ဒီလို ကေလးေတြရဲ႕ဘာသာစကားေျပာဆိုကြၽမ္းက်င္တတ္ေျမာက္မႈကို ဘယ္လိုအားေပးပ်ဳိးေထာင္ၾကမလဲ?

 

  1. ကေလးအာရံုစူးစိုက္မႈကို ရယူပါ။

 

ကေလးကိုမ်က္ႏွာမူၿပီးထိုင္လိုက္ပါ။ စကားစမေျပာခင္ ကေလးနာမည္ေလးကို အရင္ေခၚလိုက္ပါ။ ႏွစ္ေယာက္လံုးေရွ႕မွာရွိတဲ့ပစၥည္းတစ္ခုခုကို စေျပာၾကည့္ပါ။ ဒီလိုနည္းအားျဖင့္ စကားလံုးေတြရဲ႕အဓိပၸါယ္ကို ကြၽမ္းက်င္တတ္ေျမာက္လာပါလိမ့္မယ္။

 

  1. တူတူေဆာ့ကစားပါ။

 

သီခ်င္းဆို၊ အသံအမ်ိဳးမ်ိဳးလုပ္၊ မ်က္ႏွာအမူအရာအေျပာင္အပ်က္ေတြ လုပ္ျပပါ။ ရွက္စရာမလိုပါဘူး။ ဒီလို အေျပာင္အပ်က္ေတြ ေျပာဆိုလုပ္ျပျခင္းဟာ ကေလးရဲ႕အာရံုစူးစုိက္မႈကို ရေစသလို ကေလးကိုရယ္ေမာေပ်ာ္႐ႊင္ေစၿပီး ဘာသာစကားတိုးတက္မႈကိုလည္း ျမန္ဆန္ေစပါတယ္။

 

  1. ေမးခြန္းမေမးဘဲ စကားေတြေျပာပါ။

 

ေမးခြန္းေတြအမ်ားႀကီးေမးတာဟာ ကေလးကိုစာေမးပြဲစစ္ေနသလိုပါပဲ။ ဒီ့အစား စကားေျပာပါ။ ကေလးဘာလုပ္ေနတယ္၊ ဘာေတြျဖစ္ေနတယ္ဆိုတာမ်ိဳးေတြ ေျပာေပးပါ။

 

  1. ကေလးကိုစဥ္းစားဖို႔အခ်ိန္ေပးပါ။

 

ကေလးေတြဟာ လူႀကီးေတြထက္စာရင္ ၾကားလိုက္တာကို အဓိပၸါယ္ေဖာ္ဖို႔နဲ႔ ျပန္ေျပာဖို႔စဥ္းစားခ်ိန္ လိုပါတယ္။ ဒီလိုအေျဖျပန္ေစာင့္ေနခ်ိန္မွာလည္း သူတို႔ကိုေသခ်ာအာရံုစူးစိုက္ၾကည့္ထားသင့္ပါတယ္။

 

  1. ရိုးရိုးရွင္းရွင္းသာေျပာပါ။

 

ကေလးနားလည္လြယ္မယ့္ ႐ုိးရုိးရွင္းရွင္းအသံုးအႏႈန္းေတြကိုပဲ သံုးပါ။

 

  1. ကိုယ္ေျပာတဲ့စကားကို ထပ္ထပ္ေျပာေပးပါ။

 

တစ္ခြန္းတည္းကို ထပ္ခါထပ္ခါေျပာသင့္ပါတယ္။ ကေလးေလးေတြဟာ သူတို႔ၾကားလိုက္တဲ့စကားကို နားလည္သေဘာေပါက္ဖို႔နဲ႔ ေလ့လာမွတ္သားနိုင္ဖို႔ အႀကိမ္ႀကိမ္အထပ္ထပ္ ၾကားဖို႔လိုပါတယ္။

 

  1. ကေလးေတြနားေထာင္ရလြယ္ပါေစ။

 

ေျပာတာကို ကေလးေသခ်ာစူးစိုက္နားလည္ဖို႔ သီခ်င္းသံေတြ၊ တီဗီသံေတြကို တိုးေပးဖို႔လိုပါတယ္။

 

  1. ကေလးေျပာတာကိုထပ္ျဖည့္ေျပာေပးပါ။

 

ဥပမာ ကေလးက “ကား” လို႔ေျပာရင္ ဟုတ္တာေပါ့။ “ဘတ္စ္ကားအႀကီးႀကီး”။ လို႔ထပ္ျဖည့္ေျပာေပးျခင္းျဖင့္ ကေလးကိုဘာသာစကားရဲ႕ ေနာက္အဆင့္ကို တက္ေစနိုင္ပါတယ္။

 

  1. ကိုယ႔္မိခင္ဘာသာစကားကိုေျပာေပးပါ။

 

ကေလးေတြရဲ႕ ပထမဆံုးစကားဟာ မိခင္ဘာသာစကားျဖစ္ဖို႔ အေရးႀကီးပါတယ္။ အဂၤလိပ္စကားကေနာက္ပိုင္း ေက်ာင္းမွာစသင္လို႔ရပါတယ္။

 

10. စကားေျပာနည္းအမွန္ကိုသင္ျပေပးပါ။

 

ကေလးငယ္ေလးေတြဟာ အမွားေတြေျပာတတ္ၾကပါတယ္။ အရင္ဆံုး အမွန္ျပန္မျပင္ေသးဘဲ နားလည္ေၾကာင္းျပပါ။ ၿပီးမွကေလးကို စကားလံုးအမွန္ကို ျပန္ေျပာျပပါ။ တကယ္လို႔ကေလးက “ေခြး…ေခြး” လို႔ေျပာလာခဲ့ရင္ “ဟုတ္တာေပါ့ ဟိုမွာေခြးတစ္ေကာင္”လို႔ ျပန္ေျပာတာမ်ိဳးေပါ့။

 

11. ကေလးေျပာတာကိုျပန္ေျပာပါ။

 

ကေလးေျပာတာကိုျပန္ေျပာေပးပါ။ ဒါဟာ ကေလးကို သူေျပာတာစိတ္ဝင္စားေၾကာင္းျပတာျဖစ္သလို အသံေတြစကားေတြက အေရးႀကီးေၾကာင္းျပတာလည္း ျဖစ္ပါတယ္။ ကေလးရဲ႕ဘာသာစကားတိုးတက္မႈအတြက္လည္း အေရးပါပါတယ္။

 

12. စိတ္ပူရင္တစ္ေယာက္ေယာက္ကိုတိုင္ပင္ၾကည့္ပါ။

 

တခ်ိဳ႕ကေလးေတြအဖို႔ စကားေျပာတာ၊ နားေထာင္တာဟာ သူမ်ားထက္ကိုပိုၿပီးေတာ့ ခဲယဥ္းတတ္ပါတယ္။ စကားလံုးေတြ၊ စာေၾကာင္းေတြကို နားလည္ရခက္ခဲတတ္ပါတယ္။ တစ္ခ်ိဳ႕ကေလးေတြက်ေတာ့ စကားလံုးအမွန္ေ႐ြးခ်ယ္ရတာ၊ အသံအမွန္ေ႐ြးခ်ယ္ရတာ၊ စာလံုးျပန္စီရတာ ခက္ခဲေနတတ္ျပန္ေရာ။ ဒီလိုကေလးေတြက်ေတာ့ အထူးဂရုစိုက္မႈလိုအပ္ပါတယ္။

 

 

Dr. Mya Phoo Ngon (www.drmyanmar.com)