/
news/ကလေးများနှင့်ကျန်းမာရေး/ကလေးတွေမှာ-ဒါတွေ-အဖြစ်များတတ်တယ်

ကလေးတွေမှာ ဒါတွေ အဖြစ်များတတ်တယ်

Category
ကလေးများနှင့်ကျန်းမာရေး

(၁)  လည်ချောင်းနာခြင်း
ကလေးငယ်များတွင် အဖြစ်များသော ဝေဒနာတစ်ခု ဖြစ်ပါတယ်။ လည်ချောင်းနာခြင်းဟာ ဘက်တီးရီးယားကြောင့် ဖြစ်တတ်ပြီး ပိုးရှိနေသူ ကလေးတစ်ဦး နှာချေ၊ ချောင်းဆိုးရာကနေ အခြားတစ်ယောက်စီကို ကူးစက်နိုင်ပါတယ်။ ဒါတင်မဟုတ်သေးဘဲ ပိုးရှိနေသူကလေး ကိုင်တွယ်ထားတဲ့အရုပ်ကို ကိုင်မိရင်တောင် ကူးစက်နိုင်ပါတယ်။
ကုသနည်းအနေနဲ့ ဆရာဝန်နဲ့ ညွှန်ကြားချက်အရ ပိုးသတ်ဆေးနဲ့ လိုအပ်ပါက စတီးရွိုက်ဆေးများ သောက်သုံးရမှာ ဖြစ်ပါတယ်။

(၂)  နားကိုက်ခြင်း
နားထဲသို့ ဗိုင်းရပ်စ်ပိုးဝင်ခြင်းကြောင့် ဖြစ်ပေါ်တတ်ပြီး များသောအားဖြင့် ပိုးသတ်ဆေးမလိုဘဲ သက်သာတတ်ပေမယ့် ဘက်တီးရီးယားပိုးဝင်ခြင်းကြောင့် ဖြစ်တတ်သော နားကိုက်ခြင်းအတွက် ပိုးသတ်ဆေး သောက်သုံးရမှာ ဖြစ်ပါတယ်။ နားကိုက်ခြင်းဟာ ရေကူးခြင်း၊ ထိပ်ကပ်နာဖြစ်ခြင်း၊ သွားကိုက်ရာကနေ နားပါနာကျင်ခြင်း စသည်တို့ကြောင့် ဖြစ်ပေါ်တတ်ပြီး အခြားအကြောင်းရင်းတွေလည်း ရှိပါတယ်။ နားကိုက်ခြင်းနဲ့အတူ ဖျားခြင်းနဲ့ အခြားလက္ခဏာများဖြစ်ပေါ်ပါက ပိုးသတ်ဆေး သောက်သုံးရမှာ ဖြစ်ပါတယ်။

(၃)  ဆီးပိုးဝင်ခြင်း
ဆီးလမ်းကြောင်းတွင် ဘတ်တီးရီးယားများ စုပုံခြင်းကြောင့်ဖြစ်ပြီး ကလေးငယ်စဉ်ကနေ ဆယ်ကျော်သက်အရွယ်ထိ ဖြစ်တတ်ပါတယ်။ ဆီးမကြာခဏသွားခြင်း၊ ဆီးပူခြင်း၊ ဆီးသွားရင်နာခြင်း၊ ဆီးမထိန်းနိုင်ခြင်း၊ ဗိုက်အောင့်ခြင်းတို့ ဖြစ်ပေါ်တတ်ပါတယ်။ ဖြစ်စေသော ဘက်တီးရီးယားအပေါ် မူတည်ပြီး ပိုးသတ်ဆေး သောက်သုံးရမှာ ဖြစ်ပါတယ်။

(၄)  အရေပြားပိုးဝင်ခြင်း
အရေပြားအနာနဲ့ ပြည်ဖုများ ဖြစ်ပေါ်ပါက အရေပြားဆရာဝန်နဲ့တိုင်ပင်ပြီး ကုသမှုခံယူသင့်ပါတယ်။

(၅)   လေပြွန်ရောင်ခြင်း
အဆုတ်တွင်းရှိ လေပြွန်များတွင် ပိုးဝင်ခြင်းကြောင့်ဖြစ်ပြီး အနီးကပ် စောင့်ရှောက်မှုပေးသင့်ပါတယ်။

Ceelin Plus 1

(၆)   လေပြွန်ငယ်လေးများရောင်ခြင်း
မွေးကင်းစကလေးများနဲ့ ကလေးငယ်များတွင် အဖြစ်များပြီး ဆောင်းတွင်းနဲ့ တုပ်ကွေးရာသီတွေမှာ အဖြစ်များပါတယ်။ ချောင်းဆိုးခြင်းနဲ့အတူ အသက်ရှူတိုင်း တရွီရွီ မြည်တတ်ပါတယ်။ ကလေးဆရာဝန်နဲ့ သေချာပြသဖို့ လိုအပ်ပြီး အနီးကပ်စောင့်ကြည့်သင့်တဲ့ ရောဂါတစ်ခု ဖြစ်ပါတယ်။

(၇)   ကိုယ်လက်ကိုက်ခဲခြင်း
ကလေးငယ်များ ခေါင်းကိုက်ခြင်းနဲ့ ကိုယ်လက်ကိုက်ခဲခြင်း ဖြစ်ပေါ်ပါက အသင့်တော်ဆုံး အကိုက်အခဲ ပျောက်ဆေးကတော့ ပါရာစီတမောနဲ့ ibuprofen ဖြစ်ပါတယ်။ ဒါပေမဲ့ ဆရာဝန် ညွှန်ကြားချက်နဲ့သာ တိုက်သင့်ပါတယ်။

(၈)  အအေးမိခြင်း
အသက်ရှူလမ်းကြောင်း အပေါ်ပိုင်းသို့ ဗိုင်းရပ်စ်ပိုးဝင်ရောက်ခြင်းကြောင့် အအေးမိတတ်ပြီး ကလေးတိုင်းလိုလိုမှာ တွေ့ကြုံရတတ်ပါတယ်။
ဖျားခြင်း၊ ချောင်းဆိုးခြင်း၊ နှာရည်ယိုခြင်း၊ အသက်ရှူကျပ်ခြင်းတို့ ခံစားရပြီး ၁၀ ရက်ခန့် ကြာမြင့်တတ်ပါတယ်။ များသောအားဖြင့် ပိုးသတ်ဆေး တိုက်ဖို့မလိုဘဲ ပြန်လည်သက်သာတတ်ပါတယ်။

(၉)  ထိပ်ကပ်နာ
နှာခေါင်းအတွင်း အနောက်ဘက်ရှိ လေအခန်းများတွင်း ဘက်တီးရီးယားပိုးဝင်ခြင်းကြောင့် ထိပ်ကပ်နာ ဖြစ်ပေါ်တတ်ပါတယ်။ ဖျားခြင်း၊ နှာရည်ယိုခြင်း၊ နေ့ဘက်ချောင်းဆိုးခြင်းတို့ ဖြစ်တတ်ပါတယ်။

(၁၀)  ချောင်းဆိုးခြင်း
များသောအားဖြင့် ဗိုင်းရပ်စ်ကြောင့် ဖြစ်တတ်ပြီး ပိုးသတ်ဆေး သောက်စရာမလိုဘဲ ပြန်ကောင်းတတ်ပါတယ်။ အသက် ၄ နှစ်အောက် ကလေးများကိုတော့ ဆရာဝန် ညွှန်ကြားချက်နဲ့သာ ချောင်းဆိုးပျောက်ဆေး တိုက်သင့်ပါတယ်။
ကလေးငယ်များတွင် အထက်ပါရောဂါများ ဖြစ်ပေါ်ပါက ကလေးဆရာဝန်နဲ့ ပြသပြီး လိုအပ်တဲ့ကုသမှုတွေ ခံယူသင့်ပါတယ်။ နေမကောင်းတဲ့ ရင်သွေးလေးတွေကို နေ့စဉ်အာဟာရပြည့်ဝအောင် ကျွေးပြီး ကောင်းစွာ အနားယူခိုင်းဖို့ အရေးကြီးပါတယ်။

လေပြေနုသွေး (ဆေး-၂) (www.drmyanmar.com)

Ceelin Plus 2

(Zawgyi)

(၁)  လည္ေခ်ာင္းနာျခင္း
ကေလးငယ္မ်ားတြင္ အျဖစ္မ်ားေသာ ေဝဒနာတစ္ခု ျဖစ္ပါတယ္။ လည္ေခ်ာင္းနာျခင္းဟာ ဘက္တီးရီးယားေၾကာင့္ ျဖစ္တတ္ၿပီး ပိုးရွိေနသူ ကေလးတစ္ဦး ႏွာေခ်၊ ေခ်ာင္းဆိုးရာကေန အျခားတစ္ေယာက္စီကို ကူးစက္ႏိုင္ပါတယ္။ ဒါတင္မဟုတ္ေသးဘဲ ပိုးရွိေနသူကေလး ကိုင္တြယ္ထားတဲ့အ႐ုပ္ကို ကိုင္မိရင္ေတာင္ ကူးစက္ႏိုင္ပါတယ္။
ကုသနည္းအေနနဲ႔ ဆရာဝန္နဲ႔ ၫႊန္ၾကားခ်က္အရ ပိုးသတ္ေဆးနဲ႔ လိုအပ္ပါက စတီး႐ြိဳက္ေဆးမ်ား ေသာက္သုံးရမွာ ျဖစ္ပါတယ္။

(၂)  နားကိုက္ျခင္း
နားထဲသို႔ ဗိုင္းရပ္စ္ပိုးဝင္ျခင္းေၾကာင့္ ျဖစ္ေပၚတတ္ၿပီး မ်ားေသာအားျဖင့္ ပိုးသတ္ေဆးမလိုဘဲ သက္သာတတ္ေပမယ့္ ဘက္တီးရီးယားပိုးဝင္ျခင္းေၾကာင့္ ျဖစ္တတ္ေသာ နားကိုက္ျခင္းအတြက္ ပိုးသတ္ေဆး ေသာက္သုံးရမွာ ျဖစ္ပါတယ္။ နားကိုက္ျခင္းဟာ ေရကူးျခင္း၊ ထိပ္ကပ္နာျဖစ္ျခင္း၊ သြားကိုက္ရာကေန နားပါနာက်င္ျခင္း စသည္တို႔ေၾကာင့္ ျဖစ္ေပၚတတ္ၿပီး အျခားအေၾကာင္းရင္းေတြလည္း ရွိပါတယ္။ နားကိုက္ျခင္းနဲ႔အတူ ဖ်ားျခင္းနဲ႔ အျခားလကၡဏာမ်ားျဖစ္ေပၚပါက ပိုးသတ္ေဆး ေသာက္သုံးရမွာ ျဖစ္ပါတယ္။

(၃)  ဆီးပိုးဝင္ျခင္း
ဆီးလမ္းေၾကာင္းတြင္ ဘတ္တီးရီးယားမ်ား စုပုံျခင္းေၾကာင့္ျဖစ္ၿပီး ကေလးငယ္စဥ္ကေန ဆယ္ေက်ာ္သက္အရြယ္ထိ ျဖစ္တတ္ပါတယ္။ ဆီးမၾကာခဏသြားျခင္း၊ ဆီးပူျခင္း၊ ဆီးသြားရင္နာျခင္း၊ ဆီးမထိန္းႏိုင္ျခင္း၊ ဗိုက္ေအာင့္ျခင္းတို႔ ျဖစ္ေပၚတတ္ပါတယ္။ ျဖစ္ေစေသာ ဘက္တီးရီးယားအေပၚ မူတည္ၿပီး ပိုးသတ္ေဆး ေသာက္သုံးရမွာ ျဖစ္ပါတယ္။

(၄)  အေရျပားပိုးဝင္ျခင္း
အေရျပားအနာနဲ႔ ျပည္ဖုမ်ား ျဖစ္ေပၚပါက အေရျပားဆရာဝန္နဲ႔တိုင္ပင္ၿပီး ကုသမႈခံယူသင့္ပါတယ္။

(၅)   ေလႁပြန္ေရာင္ျခင္း
အဆုတ္တြင္းရွိ ေလႁပြန္မ်ားတြင္ ပိုးဝင္ျခင္းေၾကာင့္ျဖစ္ၿပီး အနီးကပ္ ေစာင့္ေရွာက္မႈေပးသင့္ပါတယ္။

(၆)   ေလႁပြန္ငယ္ေလးမ်ားေရာင္ျခင္း
ေမြးကင္းစကေလးမ်ားနဲ႔ ကေလးငယ္မ်ားတြင္ အျဖစ္မ်ားၿပီး ေဆာင္းတြင္းနဲ႔ တုပ္ေကြးရာသီေတြမွာ အျဖစ္မ်ားပါတယ္။ ေခ်ာင္းဆိုးျခင္းနဲ႔အတူ အသက္ရႉတိုင္း တ႐ြီ႐ြီ ျမည္တတ္ပါတယ္။ ကေလးဆရာဝန္နဲ႔ ေသခ်ာျပသဖို႔ လိုအပ္ၿပီး အနီးကပ္ေစာင့္ၾကည့္သင့္တဲ့ ေရာဂါတစ္ခု ျဖစ္ပါတယ္။

(၇)   ကိုယ္လက္ကိုက္ခဲျခင္း
ကေလးငယ္မ်ား ေခါင္းကိုက္ျခင္းနဲ႔ ကိုယ္လက္ကိုက္ခဲျခင္း ျဖစ္ေပၚပါက အသင့္ေတာ္ဆုံး အကိုက္အခဲ ေပ်ာက္ေဆးကေတာ့ ပါရာစီတေမာနဲ႔ ibuprofen ျဖစ္ပါတယ္။ ဒါေပမဲ့ ဆရာဝန္ ၫႊန္ၾကားခ်က္နဲ႔သာ တိုက္သင့္ပါတယ္။

(၈)  အေအးမိျခင္း
အသက္ရႉလမ္းေၾကာင္း အေပၚပိုင္းသို႔ ဗိုင္းရပ္စ္ပိုးဝင္ေရာက္ျခင္းေၾကာင့္ အေအးမိတတ္ၿပီး ကေလးတိုင္းလိုလိုမွာ ေတြ႕ႀကဳံရတတ္ပါတယ္။
ဖ်ားျခင္း၊ ေခ်ာင္းဆိုးျခင္း၊ ႏွာရည္ယိုျခင္း၊ အသက္ရႉက်ပ္ျခင္းတို႔ ခံစားရၿပီး ၁၀ ရက္ခန႔္ ၾကာျမင့္တတ္ပါတယ္။ မ်ားေသာအားျဖင့္ ပိုးသတ္ေဆး တိုက္ဖို႔မလိုဘဲ ျပန္လည္သက္သာတတ္ပါတယ္။

(၉)  ထိပ္ကပ္နာ
ႏွာေခါင္းအတြင္း အေနာက္ဘက္ရွိ ေလအခန္းမ်ားတြင္း ဘက္တီးရီးယားပိုးဝင္ျခင္းေၾကာင့္ ထိပ္ကပ္နာ ျဖစ္ေပၚတတ္ပါတယ္။ ဖ်ားျခင္း၊ ႏွာရည္ယိုျခင္း၊ ေန႔ဘက္ေခ်ာင္းဆိုးျခင္းတို႔ ျဖစ္တတ္ပါတယ္။

(၁၀)  ေခ်ာင္းဆိုးျခင္း
မ်ားေသာအားျဖင့္ ဗိုင္းရပ္စ္ေၾကာင့္ ျဖစ္တတ္ၿပီး ပိုးသတ္ေဆး ေသာက္စရာမလိုဘဲ ျပန္ေကာင္းတတ္ပါတယ္။ အသက္ ၄ ႏွစ္ေအာက္ ကေလးမ်ားကိုေတာ့ ဆရာဝန္ ၫႊန္ၾကားခ်က္နဲ႔သာ ေခ်ာင္းဆိုးေပ်ာက္ေဆး တိုက္သင့္ပါတယ္။
ကေလးငယ္မ်ားတြင္ အထက္ပါေရာဂါမ်ား ျဖစ္ေပၚပါက ကေလးဆရာဝန္နဲ႔ ျပသၿပီး လိုအပ္တဲ့ကုသမႈေတြ ခံယူသင့္ပါတယ္။ ေနမေကာင္းတဲ့ ရင္ေသြးေလးေတြကို ေန႔စဥ္အာဟာရျပည့္ဝေအာင္ ေကြၽးၿပီး ေကာင္းစြာ အနားယူခိုင္းဖို႔ အေရးႀကီးပါတယ္။

ေလေျပႏုေသြး (ေဆး-၂) (www.drmyanmar.com)