/
news/ကလေးများနှင့်ကျန်းမာရေး/ကလေးငယ်တွေရဲ့-ရှက်ရှက်လေးတွေ-သန့်ရှင်းရေး

ကလေးငယ်တွေရဲ့ ရှက်ရှက်လေးတွေ သန့်ရှင်းရေး

Category
ကလေးများနှင့်ကျန်းမာရေး

ကလေးတွေရဲ့ ရှက်ရှက်နေရာကိုလည်း သေချာသန့်သန့်ရှင်းရှင်းထားပေးမှသာ ရောဂါပိုးတွေ ကင်းစင်ပြီးတော့ ကျန်းမာမှာပါ။
ဒီနေရာကိုလည်း ရေနွေးနဲ့ ဂွမ်းလုံးလေးသုံးပြီး သန့်စင်ဆေးကြောပေးပါ။ ဆပ်ပြာသုံးမယ်ဆိုရင်တော့ ကလေးအတွက် ထုတ်ထားတဲ့ ဆပ်ပြာအပျော့စားလေးတွေကိုပဲ သုံးပါ။ ဆပ်ပြာတိုက်ပြီးရင်တော့ ဆပ်ပြာတွေ သေချာပြောင်အောင် ဆေးပြီးသုတ်ပေးဖို့ကိုတော့ ဂရုစိုက်ဖို့လိုမယ်နော်။
ကလေးရဲ့ သေးခံလဲပေးတဲ့အချိန်နဲ့ ရေချိုးပေးချိန်တွေမှာ ရှက်ရှက်နေရာလေးကို ဆေးကြောပေးနိုင်ပါတယ်။

>>  သားသားလေးရဲ့ ရွှေဂျိုးလေးကို ဆေးကြောသန့်စင်ပေးခြင်း
သားငယ်လေးကို ထိပ်ဖြတ်ထားရင် ကလေးငယ်ရဲ့ ရွှေဂျိုးနဲ့ဥလေးကို ရေနွေးနွေးလေးနဲ့ ဂွမ်းလုံးလေးတွေနဲ့ သန့်စင်ပေးဖို့ လိုပါတယ်။ ပြီးရင်တော့ နူးညံ့တဲ့ပဝါလေးနဲ့ သေချာခြောက်အောင် သုတ်ပေးပါ။
ကလေးငယ်လေးက ထိပ်မဖြတ်ရသေးဘူးဆိုရင်တော့ မဖြတ်ရသေးတဲ့ အရေပြားလေးရဲ့ အပြင်ကိုပဲ ဆေးပေးဖို့ လိုပါတယ်။ ဒီအရေပြားလေးကို အလွယ်တကူ ဆွဲလို့ရတယ်ဆိုရင်တော့လည်း အရေပြားထဲကို ဆေးပေးလို့ ရပါတယ်။ ဒါကလည်း ကလေးအသက် ၂-၃ နှစ်အရွယ်လောက်မှပဲ ဖြစ်တတ်ပြီးတော့ တချို့ဆိုရင် အရွယ်ရောက်တဲ့အထိ ဆွဲလို့မရတာ ရှိတတ်ပါတယ်။ ဒီအရေပြားအောက်မှာ အဖြူဖတ်လေးတွေ ရှိနေတတ်တာက ပုံမှန်ပါပဲ။

Ceelin Plus 1

>>  မီးမီးလေးရဲ့ ရှက်ရှက်လေးကို ဆေးကြောပေးခြင်း
မီးမီးလေးရဲ့ ရှက်ရှက်နားမှာ အတွင်းထဲမှာ သေးခံအောက်ခံလိမ်းတဲ့ခရင်မ်တွေ၊ ချွေးတွေနဲ့ အခြားအရာတွေ စုနေနိုင်ပါတယ်။
သန့်စင်ပေးဖို့အတွက် ဂွမ်းလုံးလေးကို ရေနွေးနွေးလေး စွတ်လိုက်ပြီးတော့ သေချာသန့်စင်ပေးပါ။ အရှေ့ကနေပြီးတော့မှ အနောက်ဘက်ကို ညင်သာစွာပွတ်ပြီး ဆေးပေးပါ။ ပြီးရင်တော့ နူးညံ့တဲ့ပဝါလေးနဲ့ ခြောက်အောင် သေချာသုတ်ပေးပါ။
ကလေးကို မိန်းမကိုယ်ဆေးရည်တွေသုံးပြီး ဆေးပေးတာမျိုး လုံးဝမလုပ်ပါနဲ့။ ဒါတွေက ကလေးငယ်ရဲ့ မွေးလမ်းကြောင်းထဲမှာရှိတဲ့ သဘာဝဘက်တီးရီးယားပိုးတွေရဲ့ ဟန်ချက်ညီမှုကို ပျက်စေပြီးတော့ ရောဂါပိုးဝင်နိုင်ချေကို ပိုများစေပါတယ်။
ကလေးငယ်ရဲ့ မိန်းမကိုယ်ကနေ ဖြူဖြူအနှစ်လေးတွေ ထွက်တာကပုံမှန်ပါပဲ။ ပြီးတော့ ဒါတွေကိုလည်း သုတ်ပစ်ဖို့ မလိုပါဘူး။ တခြားထွက်တဲ့အရည်တွေနဲ့ ပတ်သက်ပြီးတော့ ပုံမှန်ဟုတ်၊ မဟုတ် မသေချာဘူးဆိုရင်တော့ ဆရာဝန်ကို ပြသနိုင်ပါတယ်။
ကလေးငယ်လေးတွေ မွေးကင်းစ ရက်သတ္တပတ် အနည်းငယ်အတွင်းမှာ မွေးလမ်းကြောင်းကနေ သွေးနည်းနည်း ဆင်းတတ်ပါတယ်။ ဒါက မိခင်ရဲ့ဟော်မုန်းကို တုံ့ပြန်တဲ့သဘာဝဖြစ်လို့ စိတ်ပူစရာမရှိပါဘူး။ ဒါပေမဲ့လည်း ဆင်းနေတာက မပျောက်သွားဘဲ ကြာနေရင်တော့ ဆရာဝန်နဲ့ ပြသပြီးတော့ ဆွေးနွေးနိုင်ပါတယ်။

Dr. Mya Myo Myo Swe (www.drmyanmar.com)

Ceelin Plus 2

(Zawgyi)

ကေလးေတြရဲ႕ ရွက္ရွက္ေနရာကိုလည္း ေသခ်ာသန႔္သန႔္ရွင္းရွင္းထားေပးမွသာ ေရာဂါပိုးေတြ ကင္းစင္ၿပီးေတာ့ က်န္းမာမွာပါ။
ဒီေနရာကိုလည္း ေရေႏြးနဲ႔ ဂြမ္းလုံးေလးသုံးၿပီး သန႔္စင္ေဆးေၾကာေပးပါ။ ဆပ္ျပာသုံးမယ္ဆိုရင္ေတာ့ ကေလးအတြက္ ထုတ္ထားတဲ့ ဆပ္ျပာအေပ်ာ့စားေလးေတြကိုပဲ သုံးပါ။ ဆပ္ျပာတိုက္ၿပီးရင္ေတာ့ ဆပ္ျပာေတြ ေသခ်ာေျပာင္ေအာင္ ေဆးၿပီးသုတ္ေပးဖို႔ကိုေတာ့ ဂ႐ုစိုက္ဖို႔လိုမယ္ေနာ္။
ကေလးရဲ႕ ေသးခံလဲေပးတဲ့အခ်ိန္နဲ႔ ေရခ်ိဳးေပးခ်ိန္ေတြမွာ ရွက္ရွက္ေနရာေလးကို ေဆးေၾကာေပးႏိုင္ပါတယ္။

>>  သားသားေလးရဲ႕ ေ႐ႊဂ်ိဳးေလးကို ေဆးေၾကာသန႔္စင္ေပးျခင္း
သားငယ္ေလးကို ထိပ္ျဖတ္ထားရင္ ကေလးငယ္ရဲ႕ ေ႐ႊဂ်ိဳးနဲ႔ဥေလးကို ေရေႏြးေႏြးေလးနဲ႔ ဂြမ္းလုံးေလးေတြနဲ႔ သန႔္စင္ေပးဖို႔ လိုပါတယ္။ ၿပီးရင္ေတာ့ ႏူးညံ့တဲ့ပဝါေလးနဲ႔ ေသခ်ာေျခာက္ေအာင္ သုတ္ေပးပါ။
ကေလးငယ္ေလးက ထိပ္မျဖတ္ရေသးဘူးဆိုရင္ေတာ့ မျဖတ္ရေသးတဲ့ အေရျပားေလးရဲ႕ အျပင္ကိုပဲ ေဆးေပးဖို႔ လိုပါတယ္။ ဒီအေရျပားေလးကို အလြယ္တကူ ဆြဲလို႔ရတယ္ဆိုရင္ေတာ့လည္း အေရျပားထဲကို ေဆးေပးလို႔ ရပါတယ္။ ဒါကလည္း ကေလးအသက္ ၂-၃ ႏွစ္အရြယ္ေလာက္မွပဲ ျဖစ္တတ္ၿပီးေတာ့ တခ်ိဳ႕ဆိုရင္ အရြယ္ေရာက္တဲ့အထိ ဆြဲလို႔မရတာ ရွိတတ္ပါတယ္။ ဒီအေရျပားေအာက္မွာ အျဖဴဖတ္ေလးေတြ ရွိေနတတ္တာက ပုံမွန္ပါပဲ။

>>  မီးမီးေလးရဲ႕ ရွက္ရွက္ေလးကို ေဆးေၾကာေပးျခင္း
မီးမီးေလးရဲ႕ ရွက္ရွက္နားမွာ အတြင္းထဲမွာ ေသးခံေအာက္ခံလိမ္းတဲ့ခရင္မ္ေတြ၊ ေခြၽးေတြနဲ႔ အျခားအရာေတြ စုေနႏိုင္ပါတယ္။
သန႔္စင္ေပးဖို႔အတြက္ ဂြမ္းလုံးေလးကို ေရေႏြးေႏြးေလး စြတ္လိုက္ၿပီးေတာ့ ေသခ်ာသန႔္စင္ေပးပါ။ အေရွ႕ကေနၿပီးေတာ့မွ အေနာက္ဘက္ကို ညင္သာစြာပြတ္ၿပီး ေဆးေပးပါ။ ၿပီးရင္ေတာ့ ႏူးညံ့တဲ့ပဝါေလးနဲ႔ ေျခာက္ေအာင္ ေသခ်ာသုတ္ေပးပါ။
ကေလးကို မိန္းမကိုယ္ေဆးရည္ေတြသုံးၿပီး ေဆးေပးတာမ်ိဳး လုံးဝမလုပ္ပါနဲ႔။ ဒါေတြက ကေလးငယ္ရဲ႕ ေမြးလမ္းေၾကာင္းထဲမွာရွိတဲ့ သဘာဝဘက္တီးရီးယားပိုးေတြရဲ႕ ဟန္ခ်က္ညီမႈကို ပ်က္ေစၿပီးေတာ့ ေရာဂါပိုးဝင္ႏိုင္ေခ်ကို ပိုမ်ားေစပါတယ္။
ကေလးငယ္ရဲ႕ မိန္းမကိုယ္ကေန ျဖဴျဖဴအႏွစ္ေလးေတြ ထြက္တာကပုံမွန္ပါပဲ။ ၿပီးေတာ့ ဒါေတြကိုလည္း သုတ္ပစ္ဖို႔ မလိုပါဘူး။ တျခားထြက္တဲ့အရည္ေတြနဲ႔ ပတ္သက္ၿပီးေတာ့ ပုံမွန္ဟုတ္၊ မဟုတ္ မေသခ်ာဘူးဆိုရင္ေတာ့ ဆရာဝန္ကို ျပသႏိုင္ပါတယ္။
ကေလးငယ္ေလးေတြ ေမြးကင္းစ ရက္သတၱပတ္ အနည္းငယ္အတြင္းမွာ ေမြးလမ္းေၾကာင္းကေန ေသြးနည္းနည္း ဆင္းတတ္ပါတယ္။ ဒါက မိခင္ရဲ႕ေဟာ္မုန္းကို တံု႔ျပန္တဲ့သဘာဝျဖစ္လို႔ စိတ္ပူစရာမရွိပါဘူး။ ဒါေပမဲ့လည္း ဆင္းေနတာက မေပ်ာက္သြားဘဲ ၾကာေနရင္ေတာ့ ဆရာဝန္နဲ႔ ျပသၿပီးေတာ့ ေဆြးေႏြးႏိုင္ပါတယ္။

Dr. Mya Myo Myo Swe (www.drmyanmar.com)