/
news/ကလေးများနှင့်ကျန်းမာရေး/ကလေးကို-အပြစ်ပေးမယ့်အစား-ဘာလုပ်မလဲ

ကလေးကို အပြစ်ပေးမယ့်အစား ဘာလုပ်မလဲ?

Category
ကလေးများနှင့်ကျန်းမာရေး

ကလေးကို စည်းကမ်းသင်ပေးတဲ့အခါ ဆုပေးဒဏ်ပေးစနစ်က အမြဲတမ်းအကောင်းဆုံး မဟုတ်ပါဘူးနော်။ အပြစ်ပေးတာထက် ပိုကောင်းတဲ့နည်းလမ်းတွေ ရှိနေပါတယ်နော်။

 

ကလေးတွေအတွက် အမှားကိုသိပြီး နောက်ပိုင်းမှာ မှန်မှန်ကန်ကန်နေထိုင်နိုင်ဖို့ တစ်ခြားနည်းလမ်းတွေကို အသုံးပြုနိုင်ပါတယ်။

 

ကလေးတွေ အမှားလုပ်တယ်ဆိုတာ တကယ်အမှားလုပ်ချင်လို့ ဟုတ်ချင်မှလည်း ဟုတ်မှာပါ။ ကြီးထွားမှုအ လိုက် အပြုအမူအပြောင်းအလဲတွေ၊ ခံစားချက်တွေ၊ ဖျားနာနေမကောင်းတာတွေ စတာတွေကိုပါ ထည့်သွင်း စဉ်းစားပေးဖို့လိုပါတယ်။

 

အလွယ်ကလေးပါ။ ကလေးအမှားတစ်ခုခုလုပ်ပြီဆိုရင် ကိုယ်ကိုယ်တိုင် ကလေးနေရာက ဝင်ခံစားကြည့်ပါ။ ကိုယ်ဆိုရင်ရော တစ်ယောက်ယောက်က အရှက်ရအောင်ပြောဆိုမယ်၊ အော်မယ်ဟောက်မယ်ဆိုရင် ကြိုက်ပါ့ မလား။ ဘယ်ကြိုက်ပါ့မလဲ။ ဒါပေမယ့် ဒေါသထွက်နေချိန်မှာ ဘာများလုပ်လို့ရပါ့မလဲ။ အချိန်တစ်ခုပေးပြီး တစ် နေရာရာမှာ စိတ်ကိုအေးအောင်ထားပါ။ ကလေးတွေမှာလည်း ဒီလိုပဲပေါ့။

 

အပြစ်ပေးမယ့်အစား လုပ်လို့ရတဲ့နည်းလမ်းတွေကတော့

 

၁။ ကလေးနဲ့အတူအပြင်ခဏထွက်ပါ။

 

ကလေးကို အပြင်ထုတ်တယ်ဆိုတာ ကလေးရဲ့စိတ်ခံစားမှုတွေကို ပြန်လည်သုံးသပ်နိုင်အောင် သုံးခဲ့တဲ့နည်း ဖြစ်ပါတယ်။ ဒါပေမယ့် အပြင်ထုတ်ခံထားရတဲ့ ကလေးဟာ သူ့အပြစ်ကိုသူတကယ်ပြန်မဆင်ခြင်ဘဲ ဘယ်လိုလက်စား ပြန်ခြေရမလဲ၊ လူကြီးစိတ်ကျေနပ်အောင် ဘာလုပ်ရမလဲဆိုတာကိုသာ တွေးနေပါလိမ့်မယ်။

 

ဒါပေမယ့် လူကြီးပါလိုက်ပြီး အပြင်ထွက်ကာ နေရာအသစ်တစ်ခုမှာ စိတ်ကိုငြိမ်အောင်ထားပြီး နှစ်ဦးနှစ်ဖက် နားလည်အောင်ဆက်သွယ်နိုင်ပါတယ်။

 

၂။ ကလေးပြောတာကို နားလည်ကြောင်းပြပါ။

 

ကလေးတွေဟာ သူတို့ရဲ့ခံစားချက်ကို ထုတ်မပြနိုင်ဘူးလို့ထင်တဲ့အခါ အော်ဟစ်သောင်းကျန်းတတ်ကြပါတယ်။ တစ်ခါတလေ လူကြီးတွေမှာလည်း ငါဒီလိုလုပ်လိုက်ရမှာ၊ ငါဒီလိုပြန်ပြောလိုက်ရမှာ စသဖြင့် တစ်စိမ့်စိမ့်ပြန် တွေးတောတတ်ကြတယ်မလား။ ကလေးတွေမှာလည်း ဒီလိုပါပဲ။ ကလေးကြုံတွေ့‌‌နေရတဲ့ ပြဿနာကို ဖြေရှင်း ပေးလိုက်ရုံနဲ့ ပြီးသွားမယ်လို့ထင်ပေမယ့် တကယ်တော့ ဒါကြောင့်သောင်းကျန်းနေတာ ဟုတ်ချင်မှဟုတ်မှာပါ။ သူတို့ပြောချင်တာကို ဖော်ထုတ်ပြနေတာ ဖြစ်နေတတ်ပါတယ်။

 

ကလေးက သူခံစားနေရတာကိုပြောပြရင် အပိုစာသားတွေ အများကြီးမပြောဘဲ သူတို့ခံစားရတာကို သိကြောင်း သာပြပါ။ ဥပမာ ကျောင်းမှာသူငယ်ချင်းက အရုပ်ကိုမသိဘဲ ယူဆော့လို့ စိတ်ဆိုးတယ်လို့ပြောရင် ဪအရုပ် ကိုမသိဘဲ ယူဆော့လို့ စိတ်ဆိုးတယ်ဆိုတာ သိကြောင်းသာပြန်ပြောပါ။ မေမေဖေဖေတို့အတွက်တော့ ကလေး ပြောတာကို ပြန်ပြောရမှာဖြစ်ပေမယ့် ကလေးအတွက်တော့ သူပြောတာနားထောင်တယ်ဆိုတဲ့ အတွေးကို ရစေ ပါတယ်။

EC Kidz IA 1

၃။ ကလေးနဲ့ အပြန်အလှန် ပြောဆိုဆက်သွယ်ပါ။

 

ဆူပူသောင်းကျန်းတယ်ဆိုတာ မိဘရဲ့အာရုံစူးစိုက်မှုကို လိုချင်တာပါ။ ဒါကြောင့် တစ်ခါတလေ ပွေ့ဖက်တာ၊ က လေးနဲ့ဆက်သွယ်ဖို့ ကြိုးစားတာမျိုးက အောင်မြင်နိုင်ပါတယ်။ ကလေးကို နားလည်ကြောင်းပြသတာက အင်မ တန်အလုပ်ဖြစ်ပါတယ်။ ကိုယ်ငယ်ငယ်တုန်းကအကြောင်း၊ အခုလက်ရှိအကြောင်း စသဖြင့် သက်ဆိုင်တဲ့အ ကြောင်းအရာလေးကို ပြောပြလိုက်ရင် ကလေးဟာဒီလိုခံစားနေရတာ ငါတစ်ယောက်တည်း မဟုတ်ပါလားလို့ သိသွားပါလိမ့်မယ်။

 

၄။ ကလေးကို ရွေးချယ်ဖို့ အခွင့်အရေးပေးပါ။

 

လူကြီးတွေလိုပဲ ကလေးတွေဟာလည်း ရွေးချယ်စရာမရှိဘူးလို့ ထင်တဲ့အခါ ကြုံရာကို လုပ်တတ်ကြပါတယ်။ တစ်ခါတလေ သူတို့ကိုယ်သူတို့ ကာကွယ်ပြောဆိုခွင့် ပေးသင့်ပါတယ်။ မကောင်းတဲ့အပြုအမူတွေကို အားပေး ခိုင်းနေတာမဟုတ်ပေမယ့် ဖြေရှင်းဖို့အခွင့်အလမ်းပေးစေတာပါ။

 

၅။ ကလေးကို မတုန့်ပြန်ခင် ကိုယ့်ကိုယ်ကို အချိန်အရင်ပေးပါ။

 

တစ်ခါတလေ ကလေးနဲ့မဆိုင်ဘဲကို ကလေးလုပ်လိုက်တဲ့တစ်ခုခုက ကိုယ့်ဒေါသကိုလာဆွသလို ဖြစ်တတ်ပါ တယ်။ ဒီလိုအချိန်မှာ တစ်မိနစ်လောက် ကိုယ့်ဟာကိုယ် ပြန်လည်သုံးသပ်၊ အသက်ကိုဝဝရှူရှိုက်တာ၊ အိမ်သာ ထဲ ခဏသွားနေတာ စသဖြင့်ရတဲ့နည်းနဲ့ ကိုယ့်ကိုယ်ကို အရင်စိတ်ငြိမ်သွားအောင်လုပ်ပါ။ မဟုတ်ရင်တော့ နောက်မှ ကိုယ့်ဟာကိုယ်ပြန်နောင်တရနေပါလိမ့်မယ်။

 

၆။ ကလေးကို ကိုယ်မှားကြောင်း ပါးစပ်ဖျားတင်မဟုတ် တကယ်သိအောင် ပြောပြပါ။

 

အပေါ်ကနည်းတွေနဲ့ အခြေအနေတွေကို တည်ငြိမ်အောင်လုပ်ပြီးရင် ကလေးကိုသူလုပ်ခဲ့တဲ့အမှားအတွက် ပြန် လည်ပြင်ဆင်ခွင့်ပြုပါ။ ဖွထားတဲ့အရုပ်တွေကို ပြန်ရှင်းတာ၊ သူငယ်ချင်းကိုဖက်ပြီး တောင်းပန်တာ စသဖြင့် မှားနေတဲ့အခြေအနေတစ်ခုကို အမှန်ပြန်ဖြစ်အောင် ပြုပြင်နိုင်ကြောင်း ပြပေးရပါမယ်။

 

၇။ ကလေးကို အချိန်ပေးပါ။

 

မေမေဖေဖေတို့လည်း အခြေအနေကို ထိန်းသိမ်းဖို့ အချိန်လိုသလို ကလေးတွေလည်း လိုတာပေါ့။ ကလေးက လုပ်ဆိုတာကို မလုပ်ချင်ဘူးဆိုရင် အချိန်ခဏပေးလိုက်ပါ။ ဥပမာ အရုပ်ကို သူငယ်ချင်းနဲ့တူတူကစားလို့ ရပြီဆိုရင် မေမေ့ကိုပြောနော်။ စသဖြင့်ပေါ့။ ဒီလိုအချိန်ပေးခြင်းဖြင့် ကလေးက ခိုင်းတာလုပ်တာမဟုတ်ဘဲ သူ့ သဘောဆန္ဒအလျောက် လုပ်လိုက်တာဆိုတဲ့ ခံစားချက်ကိုရစေပါတယ်။

 

ဘယ်နည်းကိုပဲသုံးသုံးပါ။ ဒီလိုဖြေရှင်းလိုက်တာကို ကိုယ့်ကိုယ်ကိုကျေနပ်ရဲ့လား ပြန်မေးကြည့်ပါ။ ဒေါသမ ထွက်ဘဲ ကလေးဘက်က နားလည်ပေးတာဟာ တကယ်အထောက်အကူပြုပါတယ်နော်။

 

Dr. Mya Phoo Ngon (www.drmyanmar.com)

EC Kidz IA 2

ကေလးကို စည္းကမ္းသင္ေပးတဲ့အခါ ဆုေပးဒဏ္ေပးစနစ္က အၿမဲတမ္းအေကာင္းဆုံး မဟုတ္ပါဘူးေနာ္။ အျပစ္ေပးတာထက္ ပိုေကာင္းတဲ့နည္းလမ္းေတြ ရွိေနပါတယ္ေနာ္။

 

ကေလးေတြအတြက္ အမွားကိုသိၿပီး ေနာက္ပိုင္းမွာ မွန္မွန္ကန္ကန္ေနထိုင္နိုင္ဖို႔ တစ္ျခားနည္းလမ္းေတြကို အသုံးျပဳနိုင္ပါတယ္။

 

ကေလးေတြ အမွားလုပ္တယ္ဆိုတာ တကယ္အမွားလုပ္ခ်င္လို႔ ဟုတ္ခ်င္မွလည္း ဟုတ္မွာပါ။ ႀကီးထြားမႈအ လိုက္ အျပဳအမူအေျပာင္းအလဲေတြ၊ ခံစားခ်က္ေတြ၊ ဖ်ားနာေနမေကာင္းတာေတြ စတာေတြကိုပါ ထည့္သြင္း စဥ္းစားေပးဖို႔လိုပါတယ္။

 

အလြယ္ကေလးပါ။ ကေလးအမွားတစ္ခုခုလုပ္ၿပီဆိုရင္ ကိုယ္ကိုယ္တိုင္ ကေလးေနရာက ဝင္ခံစားၾကည့္ပါ။ ကိုယ္ဆိုရင္ေရာ တစ္ေယာက္ေယာက္က အရွက္ရေအာင္ေျပာဆိုမယ္၊ ေအာ္မယ္ေဟာက္မယ္ဆိုရင္ ႀကိဳက္ပါ့ မလား။ ဘယ္ႀကိဳက္ပါ့မလဲ။ ဒါေပမယ့္ ေဒါသထြက္ေနခ်ိန္မွာ ဘာမ်ားလုပ္လို႔ရပါ့မလဲ။ အခ်ိန္တစ္ခုေပးၿပီး တစ္ ေနရာရာမွာ စိတ္ကိုေအးေအာင္ထားပါ။ ကေလးေတြမွာလည္း ဒီလိုပဲေပါ့။

 

အျပစ္ေပးမယ့္အစား လုပ္လို႔ရတဲ့နည္းလမ္းေတြကေတာ့

 

၁။ ကေလးနဲ႔အတူအျပင္ခဏထြက္ပါ။

 

ကေလးကို အျပင္ထုတ္တယ္ဆိုတာ ကေလးရဲ႕စိတ္ခံစားမႈေတြကို ျပန္လည္သုံးသပ္နိုင္ေအာင္ သုံးခဲ့တဲ့နည္း ျဖစ္ပါတယ္။ ဒါေပမယ့္ အျပင္ထုတ္ခံထားရတဲ့ ကေလးဟာ သူ႔အျပစ္ကိုသူတကယ္ျပန္မဆင္ျခင္ဘဲ ဘယ္လိုလက္စား ျပန္ေျခရမလဲ၊ လူႀကီးစိတ္ေက်နပ္ေအာင္ ဘာလုပ္ရမလဲဆိုတာကိုသာ ေတြးေနပါလိမ့္မယ္။

 

ဒါေပမယ့္ လူႀကီးပါလိုက္ၿပီး အျပင္ထြက္ကာ ေနရာအသစ္တစ္ခုမွာ စိတ္ကိုၿငိမ္ေအာင္ထားၿပီး ႏွစ္ဦးႏွစ္ဖက္ နားလည္ေအာင္ဆက္သြယ္ႏိုင္ပါတယ္။

 

၂။ ကေလးေျပာတာကို နားလည္ေၾကာင္းျပပါ။

 

ကေလးေတြဟာ သူတို႔ရဲ့ခံစားခ်က္ကို ထုတ္မျပနိုင္ဘူးလို႔ထင္တဲ့အခါ ေအာ္ဟစ္ေသာင္းက်န္းတတ္ၾကပါတယ္။ တစ္ခါတေလ လူႀကီးေတြမွာလည္း ငါဒီလိုလုပ္လိုက္ရမွာ၊ ငါဒီလိုျပန္ေျပာလိုက္ရမွာ စသျဖင့္ တစ္စိမ့္စိမ့္ျပန္ ေတြးေတာတတ္ၾကတယ္မလား။ ကေလးေတြမွာလည္း ဒီလိုပါပဲ။ ကေလးႀကဳံေတြ႕‌‌ေနရတဲ့ ျပႆနာကို ေျဖရွင္း ေပးလိုက္႐ုံနဲ႔ ၿပီးသြားမယ္လို႔ထင္ေပမယ့္ တကယ္ေတာ့ ဒါေၾကာင့္ေသာင္းက်န္းေနတာ ဟုတ္ခ်င္မွဟုတ္မွာပါ။ သူတို႔ေျပာခ်င္တာကို ေဖာ္ထုတ္ျပေနတာ ျဖစ္ေနတတ္ပါတယ္။

 

ကေလးက သူခံစားေနရတာကိုေျပာျပရင္ အပိုစာသားေတြ အမ်ားႀကီးမေျပာဘဲ သူတို႔ခံစားရတာကို သိေၾကာင္း သာျပပါ။ ဥပမာ ေက်ာင္းမွာသူငယ္ခ်င္းက အ႐ုပ္ကိုမသိဘဲ ယူေဆာ့လို႔ စိတ္ဆိုးတယ္လို႔ေျပာရင္ ဪအ႐ုပ္ ကိုမသိဘဲ ယူေဆာ့လို႔ စိတ္ဆိုးတယ္ဆိုတာ သိေၾကာင္းသာျပန္ေျပာပါ။ ေမေမေဖေဖတို႔အတြက္ေတာ့ ကေလး ေျပာတာကို ျပန္ေျပာရမွာျဖစ္ေပမယ့္ ကေလးအတြက္ေတာ့ သူေျပာတာနားေထာင္တယ္ဆိုတဲ့ အေတြးကို ရေစ ပါတယ္။

 

၃။ ကေလးနဲ႔ အျပန္အလွန္ ေျပာဆိုဆက္သြယ္ပါ။

 

ဆူပူေသာင္းက်န္းတယ္ဆိုတာ မိဘရဲ႕အာ႐ုံစူးစိုက္မႈကို လိုခ်င္တာပါ။ ဒါေၾကာင့္ တစ္ခါတေလ ေပြ႕ဖက္တာ၊ က ေလးနဲ႔ဆက္သြယ္ဖို႔ ႀကိဳးစားတာမ်ိဳးက ေအာင္ျမင္ႏိုင္ပါတယ္။ ကေလးကို နားလည္ေၾကာင္းျပသတာက အင္မ တန္အလုပ္ျဖစ္ပါတယ္။ ကိုယ္ငယ္ငယ္တုန္းကအေၾကာင္း၊ အခုလက္ရွိအေၾကာင္း စသျဖင့္ သက္ဆိုင္တဲ့အ ေၾကာင္းအရာေလးကို ေျပာျပလိုက္ရင္ ကေလးဟာဒီလိုခံစားေနရတာ ငါတစ္ေယာက္တည္း မဟုတ္ပါလားလို႔ သိသြားပါလိမ့္မယ္။

 

၄။ ကေလးကို ေရြးခ်ယ္ဖို႔ အခြင့္အေရးေပးပါ။

 

လူႀကီးေတြလိုပဲ ကေလးေတြဟာလည္း ေရြးခ်ယ္စရာမရွိဘူးလို႔ ထင္တဲ့အခါ ႀကဳံရာကို လုပ္တတ္ၾကပါတယ္။ တစ္ခါတေလ သူတို႔ကိုယ္သူတို႔ ကာကြယ္ေျပာဆိုခြင့္ ေပးသင့္ပါတယ္။ မေကာင္းတဲ့အျပဳအမူေတြကို အားေပး ခိုင္းေနတာမဟုတ္ေပမယ့္ ေျဖရွင္းဖို႔အခြင့္အလမ္းေပးေစတာပါ။

 

၅။ ကေလးကို မတုန႔္ျပန္ခင္ ကိုယ့္ကိုယ္ကို အခ်ိန္အရင္ေပးပါ။

 

တစ္ခါတေလ ကေလးနဲ႔မဆိုင္ဘဲကို ကေလးလုပ္လိုက္တဲ့တစ္ခုခုက ကိုယ့္ေဒါသကိုလာဆြသလို ျဖစ္တတ္ပါ တယ္။ ဒီလိုအခ်ိန္မွာ တစ္မိနစ္ေလာက္ ကိုယ့္ဟာကိုယ္ ျပန္လည္သုံးသပ္၊ အသက္ကိုဝဝ႐ွဴ႐ိႈက္တာ၊ အိမ္သာ ထဲ ခဏသြားေနတာ စသျဖင့္ရတဲ့နည္းနဲ႔ ကိုယ့္ကိုယ္ကို အရင္စိတ္ၿငိမ္သြားေအာင္လုပ္ပါ။ မဟုတ္ရင္ေတာ့ ေနာက္မွ ကိုယ့္ဟာကိုယ္ျပန္ေနာင္တရေနပါလိမ့္မယ္။

 

၆။ ကေလးကို ကိုယ္မွားေၾကာင္း ပါးစပ္ဖ်ားတင္မဟုတ္ တကယ္သိေအာင္ ေျပာျပပါ။

 

အေပၚကနည္းေတြနဲ႔ အေျခအေနေတြကို တည္ၿငိမ္ေအာင္လုပ္ၿပီးရင္ ကေလးကိုသူလုပ္ခဲ့တဲ့အမွားအတြက္ ျပန္ လည္ျပင္ဆင္ခြင့္ျပဳပါ။ ဖြထားတဲ့အ႐ုပ္ေတြကို ျပန္ရွင္းတာ၊ သူငယ္ခ်င္းကိုဖက္ၿပီး ေတာင္းပန္တာ စသျဖင့္ မွားေနတဲ့အေျခအေနတစ္ခုကို အမွန္ျပန္ျဖစ္ေအာင္ ျပဳျပင္နိုင္ေၾကာင္း ျပေပးရပါမယ္။

 

၇။ ကေလးကို အခ်ိန္ေပးပါ။

 

ေမေမေဖေဖတို႔လည္း အေျခအေနကို ထိန္းသိမ္းဖို႔ အခ်ိန္လိုသလို ကေလးေတြလည္း လိုတာေပါ့။ ကေလးက လုပ္ဆိုတာကို မလုပ္ခ်င္ဘူးဆိုရင္ အခ်ိန္ခဏေပးလိုက္ပါ။ ဥပမာ အ႐ုပ္ကို သူငယ္ခ်င္းနဲ႔တူတူကစားလို႔ ရၿပီဆိုရင္ ေမေမ့ကိုေျပာေနာ္။ စသျဖင့္ေပါ့။ ဒီလိုအခ်ိန္ေပးျခင္းျဖင့္ ကေလးက ခိုင္းတာလုပ္တာမဟုတ္ဘဲ သူ႔ သေဘာဆႏၵအေလ်ာက္ လုပ္လိုက္တာဆိုတဲ့ ခံစားခ်က္ကိုရေစပါတယ္။

 

ဘယ္နည္းကိုပဲသုံးသုံးပါ။ ဒီလိုေျဖရွင္းလိုက္တာကို ကိုယ့္ကိုယ္ကိုေက်နပ္ရဲ႕လား ျပန္ေမးၾကည့္ပါ။ ေဒါသမ ထြက္ဘဲ ကေလးဘက္က နားလည္ေပးတာဟာ တကယ္အေထာက္အကူျပဳပါတယ္ေနာ္။

 

Dr. Mya Phoo Ngon (www.drmyanmar.com)