/
news/ကလေးများနှင့်ကျန်းမာရေး/ကလေးကို-ဆေးတိုက်သည့်ပမာဏ-တိကျမှန်ကန်စေသော-အလွယ်ဆုံးနည်းလမ်း

ကလေးကို ဆေးတိုက်သည့်ပမာဏ တိကျမှန်ကန်စေသော အလွယ်ဆုံးနည်းလမ်း

Category
ကလေးများနှင့်ကျန်းမာရေး

ကလေးငယ်တွေကို ဆေးတိုက်ရတဲ့အခါ ဆေးပမာဏမှန်ကန်အောင် တိုက်နိုင်ဖို့ အရမ်းအရေးကြီးပါတယ်။ ဆေးပမာဏမမှန်ကန်တာ၊ ဆေးတိုက်ပုံ မှားယွင်းတာတွေကြောင့် မိမိတို့ရဲ့ရင်သွေးလေးတွေ မထိခိုက်ရစေအောင် အောက်ပါအချက် (၂) ချက်ကို လိုက်နာပေးဖို့ လိုအပ်ပါတယ်။

(၁)   ဆေးထိုးပိုက်ကို သုံးပါ။
ကလေးတွေကို ဆေးတွေတိုက်ရင် ဆရာဝန်ညွှန်ကြားတဲ့ ပမာဏအတိုင်း (သို့) ဆေးဗူးမှာပါတဲ့ အသက်အရွယ်အလိုက်တိုက်ရမယ့် ပမာဏအတိုင်း အတိအကျဖြစ်ဖို့ အရမ်းအရေးကြီးပါတယ်။ တကယ်လို့ တိုက်ရမယ့် ဆေးပမာဏထက်ပိုတိုက်မိသွားရင် ကလေးအတွက် ဆိုးကျိုးတွေဖြစ်သွားနိုင်ပါတယ်။ ဒါကြောင့် ဆေးပမာဏ အတိမ်းအစောင်းမရှိအောင် ဆေးထိုးပိုက်တွေကို သုံးသင့်ပါတယ်။

Biogesic for kids IA 1

(၂)   ဆေးအညွှန်းကို သေချာစွာဖတ်ပါ။
အတိုင်းအတာ ယူနစ်သတ်မှတ် ဖော်ပြချက်က ဆေးဘူးတိုင်း မတူညီနိုင်ပါဘူး။`ml’ , `cc’ , `tsp’ စသဖြင့် အမျိုးမျိုး ကွဲပြားတတ်ကြပါတယ်။
`milliliters’ , `ml’ , `cc’ တို့ဟာ အတိုင်းအတာယူနစ် အတူတူပါပဲ။ (ဥပမာ - 3 milliliters = 3ml = 3cc)
`tsp’ ဆိုတာ `teaspoon’ (လက်ဖက်ရည်ဇွန်း) ရဲ့ အတိုကောက်ဖြစ်ပြီး `tbsp’ ကတော့ `tablespoon’ (စားပွဲတင်ဇွန်း/ထမင်းစားဇွန်း) ရဲ့ အတိုကောက်ပဲ ဖြစ်ပါတယ်။
ဆေးထိုးပိုက်မှာတော့ `ml’ အတိုင်းအတာယူနစ်ကို အသုံးပြုထားပါတယ်။
`tsp’ နဲ့ `tbsp’ တို့ဟာ ဇွန်းအရွယ်အစားအလိုက် ပမာဏအနည်းအများ ကွာခြားနိုင်တာမို့ ဆေးဝယ်ကထဲက ဆေးဝါးကျွမ်းကျင်ပညာရှင်တွေကို သေချာမေးမြန်းခဲ့သင့်ပါတယ်။ ဆရာဝန်ကို မေးမြန်းပြီးမှ တိကျမှန်ကန်စွာ တိုက်သင့်ပါတယ်။

ဒေါက်တာ နေလွင်ထူး (www.drmyanmar.com)

Biogesic for kids IA 2

(Zawgyi)

ကေလးငယ္ေတြကို ေဆးတိုက္ရတဲ့အခါ ေဆးပမာဏမွန္ကန္ေအာင္ တိုက္ႏိုင္ဖို႔ အရမ္းအေရးႀကီးပါတယ္။ ေဆးပမာဏမမွန္ကန္တာ၊ ေဆးတိုက္ပုံ မွားယြင္းတာေတြေၾကာင့္ မိမိတို႔ရဲ႕ရင္ေသြးေလးေတြ မထိခိုက္ရေစေအာင္ ေအာက္ပါအခ်က္ (၂) ခ်က္ကို လိုက္နာေပးဖို႔ လိုအပ္ပါတယ္။

(၁)  ေဆးထိုးပိုက္ကို သုံးပါ။
ကေလးေတြကို ေဆးေတြတိုက္ရင္ ဆရာဝန္ၫႊန္ၾကားတဲ့ ပမာဏအတိုင္း (သို႔) ေဆးဗူးမွာပါတဲ့ အသက္အ႐ြယ္အလိုက္တိုက္ရမယ့္ ပမာဏအတိုင္း အတိအက်ျဖစ္ဖို႔ အရမ္းအေရးႀကီးပါတယ္။ တကယ္လို႔ တိုက္ရမယ့္ ေဆးပမာဏထက္ပိုတိုက္မိသြားရင္ ကေလးအတြက္ ဆိုးက်ိဳးေတြျဖစ္သြားႏိုင္ပါတယ္။ ဒါေၾကာင့္ ေဆးပမာဏ အတိမ္းအေစာင္းမရွိေအာင္ ေဆးထိုးပိုက္ေတြကို သုံးသင့္ပါတယ္။

(၂)  ေဆးအၫႊန္းကို ေသခ်ာစြာဖတ္ပါ။
အတိုင္းအတာ ယူနစ္သတ္မွတ္ ေဖာ္ျပခ်က္က ေဆးဘူးတိုင္း မတူညီႏိုင္ပါဘူး။`ml’ , `cc’ , `tsp’ စသျဖင့္ အမ်ိဳးမ်ိဳး ကြဲျပားတတ္ၾကပါတယ္။
`milliliters’ , `ml’ , `cc’ တို႔ဟာ အတိုင္းအတာယူနစ္ အတူတူပါပဲ။ (ဥပမာ - 3 milliliters = 3ml = 3cc)
`tsp’ ဆိုတာ `teaspoon’ (လက္ဖက္ရည္ဇြန္း) ရဲ႕ အတိုေကာက္ျဖစ္ၿပီး `tbsp’ ကေတာ့ `tablespoon’ (စားပြဲတင္ဇြန္း/ထမင္းစားဇြန္း) ရဲ႕ အတိုေကာက္ပဲ ျဖစ္ပါတယ္။
ေဆးထိုးပိုက္မွာေတာ့ `ml’ အတိုင္းအတာယူနစ္ကို အသုံးျပဳထားပါတယ္။
`tsp’ နဲ႔ `tbsp’ တို႔ဟာ ဇြန္းအ႐ြယ္အစားအလိုက္ ပမာဏအနည္းအမ်ား ကြာျခားႏိုင္တာမို႔ ေဆးဝယ္ကထဲက ေဆးဝါးကြၽမ္းက်င္ပညာရွင္ေတြကို ေသခ်ာေမးျမန္းခဲ့သင့္ပါတယ္။ ဆရာဝန္ကို ေမးျမန္းၿပီးမွ တိက်မွန္ကန္စြာ တိုက္သင့္ပါတယ္။

ေဒါက္တာ ေနလြင္ထူး (www.drmyanmar.com)